အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ် ခြံ မြေ တစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီးတွေက သဘောတူကြောင်း အသိ သက်သေအဖြစ် လက်မှတ်ထိုးနေကြတာ ထုံးစံလို ဖြစ်နေပါတယ်

အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ် ခြံ မြေ တစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီးတွေက သဘောတူကြောင်း အသိသက်သေ အဖြစ် လက်မှတ်ထိုးနေကြတာ ထုံးစံလို ဖြစ်နေပါတယ် ။ ဝယ်သူတွေကလည်း ဒီလိုမျိုး ဖြစ်မှ ဝယ်ရဲသလို ဖြစ်နေတယ် ။ သားသမီးတွေ လက်မှတ်မထိုးရင် တရားမဝင် ဖြစ်မှာ မို့လို့လား ။ ရှင်းပြ စေချင်ပါတယ် ။
မိမိသဘောဆန္ဒ အရ ရောင်းပိုင်ခွင့် ရှိတယ် ၊ ကန့်ကွက်လို့ မရဘူး ။ ၁၉၈၅ ခုနှစ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံး ဒေါ်နီနဲ့ ဦးတင်လှပါ ၅ ဦး ၊ ၁၉၈၅ ၊ မတစ ၆၈ မှာ ဆုံးဖြတ်ပါတယ် ။ စီရင်ထုံးမှာ “ မိခင်တစ်ဦးသည် သူပိုင်ပစ္စည်း တစ်ရပ်ရပ်ကို အတူနေ သားသမီး တစ်ဦးဦးသို့ ရောင်းချခွင့် ရှိပေသည် ။ ရောင်းချသည့်အခါ ကျန်အခြား သားသမီးများကို အသိပေးရမည် ဟူ၍ ဥပဒေ မရှိချေ။
မိဘများက သူတို့ပိုင်ပစ္စည်းကို ရောင်းဝယ်စာချုပ် ပြုလုပ် ရောင်းချခြင်းသည် ကတ္တိမ မွေးစားခြင်း ကိစ္စမျိုးကဲ့သို့ ကျော်ဇောမှု ရှိရန် မလိုပေ ၊ တိတ်တဆိတ် ရောင်းဝယ်ပြု ထားရုံမျှဖြင့် မလျော် သြဇာသုံး ရောင်းခြင်း ဝယ်ခြင်း ဖြစ်သည်ဟု တစ်ထစ်ချမဆိုနိုင်ပေ ” ဆိုပြီးတော့ တိတိကျကျ လမ်းညွှန် ထားပါတယ် ။
နောက်တစ်ချက်က အရောင်းအဝယ် လုပ်သူက ဥပမာ သားသမီးဆိုရင် သူက အရွယ် ရောက်ရမယ် ၊ ပုဒ်မ ၁၁ အရ ပဋိညာဉ် ပြုရမယ် ၊ စိတ်မှန်ရမယ် ၊ မရူးရဘူး ။ ဒီအချက်တွေနဲ့ညီမှ ဝယ်ပိုင်ခွင့် ရှိပါတယ် ။ ဒါကြောင့် တည့်ဖြေ ရရင်တော့ ရောင်း ၊ ဝယ် လုပ်လို့ ရပါတယ်။
Credit : DVB Lawlab
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...