တရားရုံး သွားလျှင် ဘယ်လို တိုင်ကြား ရမှန်း မသိသူ များအတွက် ( ဆရာမ ဒေါ်တင်မိုးခိုင် ) ရေးသား ထားတဲ့ အဆိုလွှာ ရေးနည်း မှတ်စုကို ဖော်ပြ ပေးလိုက် ပါတယ် ။

တရားရုံး သွားလျှင် ဘယ်လို တိုင်ကြား ရမှန်း မသိသူများ အတွက် ( ဆရာမ ဒေါ်တင်မိုးခိုင် ) ရေးသား ထားတဲ့ အဆိုလွှာ ရေးနည်း မှတ်စုကို ဖော်ပြပေး လိုက်ပါတယ် ။
အဆိုလွှာ ရေးနည်း
°°°°°°°°°°°°°°°°°°°°
အဆိုလွှာသည် တရားမ မှု၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး အုတ်မြစ် မခိုင်လျှင် ပြိုလဲ တတ်သဖြင့် ခိုင်မာ တောင့်တင်းရန် လိုသည် ။အဆိုလွှာတွင် ဥပဒေအရ မဖြစ်မနေ ပါရှိရမည့် အချက်များကို ဥပဒေ နှင့် အညီ ရေးသားရန် လိုအပ်သည် ။ အဆိုလွှာတွင် ဥပဒေအရ ပါရှိရမည့် အချက်များ နှင့် ရေးသားပုံ တို့ကို အမိန့် ၆ ၊ အမိန့် ၇ နှင့် နောက်ဆက်တွဲ ( က ) တွင် အကျယ်တဝင့် ပြဌာန်း ထားပါသည် ။
အဆိုလွှာ လျှောက်လွှာ၏ ပထမ စာမျက်နှာ အထက်ပိုင်းတွင် ရုံးခွန် တံဆိပ်ခေါင်း ကပ်ရန် အလို့ငှာ ၄လက်မခန့် ကွက်လပ် ချန်လှပ်ထားပြီး ထိုနေရာ၏ အလယ် သို့မဟုတ် ညာဘက် ထိပ်တွင် ရုံးခွန်တော် တံဆိပ်ခေါင်း ကပ်ရမည် ။ ရုံခွန်များနှင့် စပ်လျဉ်း၍ မြို့နယ် တရားရုံးသို့ တင်သွင်းလျှင် ရုံးခွန် ၅၀ကျပ် ၊ ခရိုင်သို့ ဆိုလျှင် ရုံးခွန်၁၀၀ ကျပ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် တရားလွှတ်တော်ဆိုပါက ရုံးခွန် ၂၀၀ကျပ် နင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် သို့တင် သွင်းလျှင် ရုံးခွန် ၅၀၀ကျပ် တံဆိပ် ခေါင်းများ ကပ်ရသည် ။
ပုံသေ ရုံးခွန် ထမ်းဆောင် ရသည့် အမှုများ၌ ရုံးခွန်တော် တံဆိပ်ခေါင်း ၁၀၀၀ကျပ် ထမ်းဆောင် ရပြီး အမှုတန်ဘိုး အတိအကျ သတ်မှတ်၍ မရသည့် အမှုများတွင် ရုံးခွန် ဥပဒေအရ တန်ဘိုး အလျောက် ရုံးခွန်တော်များ ထမ်းဆောင်ရာတွင် ရုံးခွန် တံဆိပ်ခေါင်း ကပ်သည့် နေရာ၌ ရုံးခွန်တော် တတ်နိုင်သမျှ ထမ်းဆောင်ပြီး ရုံးခွန် နှိပ်တံဆိပ်ခေါင်း များဖြင့်လည်း သီးခြား ထမ်းဆောင် နိုင်သည် ။ ယင်းကဲ့သို့ သီးခြား ရုံးခွန် ထမ်းဆောင် သည့် ရုံးခွန် တံဆိပ်ခေါင်း အသီးသီးတွင် အဆိုလွှာ ခေါင်းစီး၌ ဖော်ပြ သကဲ့သို့ ရုံးအမည် ၊ တရားမကြီးမှုအမှတ် အမှုသည် အမည် ၊ အမှုအမည် များကို ရေးသား ဖော်ပြရပြီး ရုံးခွန် မည်မျှ ထမ်းဆောင် ထားကြောင်း အမှုသည် သို့မဟုတ် ရှေ့နေက လက်မှတ်ရေး ထိုးရန် လိုသည် ။
တရားစွဲ ဆိုရာတွင် စီရင် ပိုင်ခွင့် ရှိသော တရားရုံးသို့ စွဲတင် ရပြီး ၊ တရားစွဲ တင်သည့် တရားရုံး၏ အမည်ကို အဆိုလွှာ စာမျက်နှာထိပ် အခွန်တော် တံဆိပ်ခေါင်း ကပ်သည့် အောက်ဘက် စာမျက်နှာ အလည်လောက်တွင် ရေးသား ရမည် ။ တရားရုံး၏ အမည် အောက်တွင် စွဲဆို သည့်ခုနှစ် ၊ တရားမကြီးမှု အမှတ် ( - ) ဟူ၍ အမှတ်ကို ကွက်လပ်ထား ရေးသား ရမည် ။ ထိုသို့ တရားရုံးအမည် ၊ အမှုအမှတ် ဖော်ပြပြီး ပါက ၎င်းတို့၏ အောက်တွင် တရားလို ၊ တရားပြိုင် တို့၏ အမည် ၊ သိသာရန် ဖော်ပြချက်နှင့် နေရပ်လိပ်စာများ ရေးရမည် ။ သိသာရန် ဖော်ပြချက် ဟုဆိုရာတွင် အဖအမည် ၊ အလုပ်အကိုင် ၊အသက် စသည်တို့ ဖြစ်ပါသည် ။
ထူးခြားသော အမှုသည် များနှင့် ပါတ်သက်၍ ကိုယ်စား စွဲဆိုမှု များတွင် တရားလို ၊ တရားပြိုင် များ၏ အလုပ်အကိုင် ၊ နေရပ်လိပ်စာများ အောက်ဘက်တွင် လက်သည်း ကွင်းများဖြင့် မိမိအတွက် နှင့် ကိုယ်စား လွှဲအပ်သူ မည်သူ၏ ကိုယ်စား သို့မဟုတ် အခွင့်ရ ကိုယ်စားလှယ် ဟူ၍ လည်းကောင်း ၊ အကယ်၍ တရားလို ၊ တရားပြိုင်သည် အရွယ် မရောက်သေးသူ ၊ စိတ်မနှံ့သူ များဖြစ်ပါက ၎င်းတို့အတွက် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေ ဟူ၍ လည်းကောင်း ရေးသား ဖော်ပြရမည် ။ ထို့နောက်တွင် မိမိ တရားစွဲဆို လိုသော အကြောင်း အရာအား ထင်ရှားစွာ ရေးသား ဖော်ပြရမည် ။
ဥပမာ " လင်မယား ကွာရှင်း ပေးစေလိုမှု " ၊ " အမွေပုံ ပစ္စည်းစီမံ ခန့်ခွဲပေး စေလိုမှု ".... စသည်ဖြင့် တရားလို ၊ တရားပြိုင်များ၏ အောက်တွင် ထင်ရှားစွာ ရေးသား ဖော်ပြရမည် ။ မိမိ စွဲဆိုသော ခေါင်းစဉ်၏ ညာဘက် တစ်ဝက်မှ စ၍ " အထက် အမည်ပါ အမှုမှ မည်သူက အဆိုလွှာ တင်သွင်း လျှောက်ထားကြောင်း " စာမျက်နှာ၏ လက်ဝဲဘက် ကပ်လျှက် ရေးသား ရသည် ။ ၎င် နောက်တွင် မိမိစွဲဆို လိုသော အမှုဖြစ်ပျက် နှင့် အကြောင်း ခြင်းရာ ၊ သက်သာခွင့် ၊ ရပိုင် ခွင့်တို့ကို စာပိုဒ်များ ခွဲ၍ ရေးသား ရမည်ဖြစ်ပြီး စာပိုဒ် အသီးသီးကို အမှတ်စဉ် တပ်ရမည် ။
ရက်စွဲ ၊ ငွေကြေး ပမာဏနှင့် ကိန်းဂဏန်း တို့ကို စာသားဖြင့် မရေးဘဲ ဂဏန်း ဖြင့်ရေး သားရမည် ။ အဆိုလွှာတွင် တရားစွဲဆိုရန် အကြောင်းဖော် ပြချက် နှင့် မည်သည့် အချိန်က စတင် ပေါ်ပေါက် ကြောင်းဖော်ပြချက် ပါရှိရမည် ။ တရားစွဲဆိုရန် အကြောင်း မဖော်ပြပါက အဆိုလွှာ ပလပ်ခြင်း ခံရမည် ဖြစ်သည့်အတွက် အလေးထား ဂရုပြုရမည် ။
အမှုမစွဲဆိုမီ အချင်းဖြစ်ကိစ္စ နှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ဆောင်ချက် ၊ အခြေအနေ ၊ အဖြစ်အပျက် တို့ကို ထင်ရှားစွာ ဖော်ပြရ မည့်အပြင် ထိုကိစ္စအတွက် အခိုင်အမာ ဆောင်ရွက် ခဲ့ကြောင်း ဆိုလိုသည်မှာ တရားမစွဲဆိုမီ နို့တစ်ပေးရန် လိုသောအမှုများတွင် မည်သည် ကိစ္စအတွက် မည်သည့်နေ့က မည်ကဲ့သို့ ပေးခဲ့ကြောင်း အတိုချုပ် ဖော်ပြရန် လိုသည် ။ အဆိုလွှာတွင် တရားလို တောင်းဆိုသော သက်သာခွင့်ကို အတိအလင်း ဖော်ပြရမည် ။
တောင်းဆိုသော သက်သာခွင့် တန်ဖိုးကို မှန်ကန်စွာ ဖော်ပြရမည် ။ အကယ်၍ တန်ဘိုးလျော့ ထားမိပါက ယင်း တန်ဘိုးကို ပြင်ဆင်စေရန် တရားရုံးက ဆင့်ဆိုသတ်မှတ် သည့်အချိန် အတွင်း တရားလိုက ပြင်ဆင်ရန် ပျက်ကွက် ခဲ့လျှင် အဆိုလွှာ ပလပ်ခံ ရနိုင်သဖြင့် မူလကတည်းက တန်ဘိုး အမှန် ဖော်ပြသင့်သည် ။
တရားလိုသည် မိမိ တောင်းဆိုသော သက်သာခွင့် ကိုဖြစ်စေ ၊ ယင်း သက်သာခွင့် မရနိုင်ပါက အခြားရ လိုသည့် သက်သာခွင့်ကို ဖြစ်စေ အဆိုလွှာတွင် အတိအလင်း ဖော်ပြရန် လိုအပ်ပြီး ထိုတောင်း ဆိုချက်များ အနက်မှ စွန့်ပယ်သော သို့မဟုတ် ခုနှိမ်သော အစိတ် အပိုင်း ရှိလျှင် ထိုစွန့်ပယ်သော အစိတ်အပိုင်းကို ဖော်ပြရမည် အဆိုလွှာ ရေးရာတွင် အရေးပါသော အကြောင်းအချက် များကို တိုတိုနှင့် လိုရင်း ပြည့်စုံစွာ ဖော်ပြရမည် ။
သက်သေခံ ချက်များ နှင့် ဥပဒေ အချက်လက်များ ကို ဖော်ပြရန် မလိုပါ ။ စာချုပ် စာတမ်း များနှင့် ပတ်သက်သော အမှုဖြစ်ပါက စာချုပ်တွင် အရေးပါသော အချက်ကိုသာ အကျဉ်းချုပ် ဖော်ပြရန် လိုသည် ။ မရွှေ့ မပြောင်း နိုင်သော ပစ္စည်း ဖြစ်ပါက ထိုပစ္စည်းကို ခွဲခြား သိနိုင်ရန် လုံလောက်သော အချက်များ ( ကြေးတိုင် မြေတိုင်း အမှတ် ၊ မြေကွက် အမှတ် ၊ နယ်နိမိတ် အမှတ်အသားများ ) ကို ဖော်ပြ ရမည်။
ကာလ စည်းကမ်းသတ် အက်ဥပဒေအရ သတ်မှတ် ထားသည့် ကာလ ကျော်လွန်ပြီးမှ စွဲဆိုသော အမှုများတွင် ယင်းဥပဒေအရကင်းလွတ်ခွင့် ပြုထားသည့် အကြောင်း ပြချက်ကို အဆိုလွှာတွင် ဖော်ပြရမည် ။
အဆို လွှာတွင် စွဲဆိုသည့် တရားရုံးသည် စီရင်ပိုင်ခွင့် အာဏာရှိကြောင်း ဖော်ပြရမည် ဖြစ်ပြီး တရားရုံး၏ စီရင် ပိုင်ခွင့်နှင့် ရုံးခွန် အလို့ငှါ အမှုတန်ဘိုးကို မှန်ကန်စွာ ဖော်ပြရမည် ။ ထို့သို့ ဖော်ပြပြီး နောက်တွင် စာမျက်နှာ၏ လက်ဝဲဘက် ကပ်၍ အထက်တွင် အဆိုလွှာလျှောက်ထား ကြောင်း ရေးသကဲ့သို့ သို့ပါ၍ တောင်းဆိုသည့် သက်သာခွင့်ကို မည်သို့ ပေးစေလို ကြောင်း နိဂုံးချုပ် ရေးသားရမည် ။အဆိုလွှာတွင် တရားလိုက ဖြစ်စေ ၊ နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရ ကိုယ်စား လှယ်ကဖြစ်စေ လက်မှတ်ရေးထိုးရပြီး ရှေ့နေ ငှားရမ်း ထားပါက ရှေ့နေကလည်း လက်မှတ် ရေးထိုးရသည် ။
အဆိုလွှာ၏ အောက်ခြေတွင် " ဝန်ခံချက် " ဟူ၍ ရေးသားပြီး အဆိုလွှာပါ မည်သည့် အပိုဒ်သည် ကိုယ်တိုင်သိရှိ မှန်ကန်သည်ဟု ယုံကြည် ကြောင်း ၊ မည်သည့် အပိုဒ်သည် တစ်ဆင့်ကြားသိ မှန်ကန်သည်ဟု ယုံကြည်ကြောင်း မည်သည့် နေ့ရက် ၊ မည်သည့် နေရာတွင် ကိုယ်တိုင် ဝန်ခံ လက်မှတ် ရေးထိုးကြောင်း ဖော်ပြရမည် ။ ၎င်း ဝန်ခံချက်၏ အောက်ဘက်တွင် " အဆိုလွှာ နှင့်အတူ ပူးတွဲတင်သွင်းသော စာရွက် စာတမ်းများ " ဟု ရေးသားပြီး တရားလို၏ လက်ဝယ် သို့မဟုတ် မည်သူ၏ ထိန်းသိမ်းမှု အောက်တွင် ရှိကြောင်း မူရင်းကို ဖြစ်စေ ၊ မိတ္တူကို ဖြစ်စေ တစ်ပါတည်း တင်သွင်း ရမည် ။
ထို့ပြင် တရားလိုသည် မိမိ တောင်းဆိုချက်ကို ထောက်ခံသော သက်သေခံ ချက်အဖြစ် အားကိုး အားထား ပြုသော စာရွက် စာတမ်းများ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ “ အားကိုး အားထား ပြုသော စာရွက် စာတမ်းများ ” ဟူ၍ ပူးတွဲ၍ ဖြစ်စေ ထပ်မံ တွေ့ရှိပါက ဖော်ပြမည် ဖြစ်ကြောင်း ရေးသား ဖော်ပြရမည် ။ အမှုတွဲ ချုပ်ရာတွင် စာသားများ ပါမသွားစေရန် အဆိုလွှာ လျှောက်လွှာစာမျက်နှာ အသီးသီး၏ လက်ဝဲဘက် နံဘေး၌ ၂လက်မခန့် ကွက်လပ် ချန်လှပ် ထားရမည် ။
အဆိုလွှာတွင် တရားလို လိပ်စာအား သီးခြား တင်သွင်းရပြီး ကိုယ်စားလှယ်ဖြင့် တရားစွဲဆိုရာတွင် တရားလိုအား ဆင့်ဆိုရန်လိပ်စာကို ကိုယ်စား လှယ်စာ၏ လိပ်စာ ဖော်ပြနိုင်သည် ။ အဆိုလွှာ မိတ္တူများအား တရားပြိုင်ဦးရေ ရှိသည့်အတိုင်း မိတ္တူ ပူးတွဲတင်သွင်းရမည် ဖြစ်ပါသည် ။
( အဆိုလွှာရေး နည်းမှတ်စု )
Credit ဒေါ်တင်မိုးခိုင်
( စာက တရားမမှုစွဲ ဆိုနည်း ဖြစ်ပြီး
ပုံက ရာဇဝတ်မှု စွဲဆိုနည်း ဖြစ်ပါတယ် )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...