ကျူးကျော် သစ်ကိုင်း ခုတ်လို့ ရ ၊ မရ ပြဿနာ

ကျူးကျော် သစ်ကိုင်း ခုတ်လို့ ရ ၊ မရ ပြဿနာ
မေး - တစ်ဖက် ခြံက ကုက္ကိုပင် ရဲ့ အကိုင်း တစ်ကိုင်းဟာ ကျွန်တော့် ခြံဖက် ကျူးကျော် နေပါတယ် ။ အကိုင်း ဖြတ်ပေးဖို့ တစ်ဖက်ခြံက ပိုင်ရှင်ထံ သွားပြောတော့ တိုင်ချင်ရာ တိုင်လို့ ပြောပါတယ် ။ အဲဒါ ဘယ်လိုလုပ် ရမလဲဆိုတာ သိပါရစေ ။
ဖြေ - ဒီလို ရှိပါတယ် ။ တစ်ဖက်ခြံက သစ်ပင်ရဲ့ အကိုင်းဟာ မိမိ ခြံအတွင်း ကျူးကျော် ခြင်းကြောင့် မိမိရဲ့ အဆောက်အဦး တွေပျက်စီးမယ် ၊ သစ်ပင် ပန်းပင်များ ပျက်စီး နစ်နာမယ်ဆိုရင် ရှေ့ဦးစွာ ရပ်ကွက် ကောင်စီရုံး ( ယခု အုပ်ချုပ် ရေးမှူး ရုံး )မှာ ညှိနှိုင်း ကြည့်ပါ ။ မပြေလည်ရင် သက်ဆိုင်ရာ မြို့နယ် စည်ပင် သာယာ အုပ်ချုပ် ရေးမှူးထံ တိုင်ပါ ။ အဲဒါမှ မလိုက်လျောဘူး ဆိုရင်တော့ သက်ဆိုင်ရာ တရားရုံးမှာ “ ကျူးကျော် နေတဲ့ သစ်ကိုင်းကို ဖြတ်ပေး ရန်နှင့် နောက်ထပ် သစ်ကိုင်းများ ထပ်မံ မကျူးကျော် စေရန်အတွက် အမြဲတားဝရမ်း ထုတ်ပေးဖို့” တရားမကြောင်းနဲ့ တရားစွဲ ဆိုရမည် ဖြစ်ကြောင်း ပြန်ကြား အပ်ပါတယ် ။
Credit - ဥပဒေရေးရာ
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...