ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်း - ခရစ်ယာန်ဘာသာဝင်များသည် နှစ်ဦး သဘောတူ ကွာရှင်းခြင်း ပြုလုပ်ခွင့်မရှိပေ။

ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်း -
ခရစ်ယာန်ဘာသာဝင် များသည် နှစ်ဦး သဘောတူ ကွာရှင်းခြင်း ပြုလုပ်ခွင့်မရှိပေ ။
ခရစ်ယာန်ဘာသာဝင်များ အတွက် ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယား ကွာရှင်းရေး ဥပဒေအရ သာကွာရှင်းခွင့်ရခြင်း ဖြစ်ပါသည်။
၁ ။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း ။
၂ ။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း ။
၃ ။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း ။ စသည် အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီး တရားလွှတ်တော်တို့ တွင်သာ တရားစွဲဆိုရမည် ဖြစ်ပါသည်။
ထိမ်းမြားမှု ပယ်ဖျက်ခြင်း ကိစ္စ -
အောက်ပါ အကြောင်းပြချက်များဖြင့် ထိမ်းမြားမှု ပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
( ၁ ) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ် ပြီးနောက် တစ်ပါးယောကျာ်းနှင့် ဖောက်ပြား ကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၂ ) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ် ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်း ကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ် ပြုလုပ်ခဲ့ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၃ ) သွေးနီးလွန်းသူနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၄ ) နောက်မယားယူခြင်းနှင့် ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၅ ) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ ၊
( ၆ ) မုဒိမ်းမှု ၊ ယောက်ျားချင်း မေထုန်မှီဝဲမှု ၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှု ကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၇ ) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့် ပြုနိုင်လောက်သော ရက်စက်မှု ကျူးလွန်ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
( ၈ ) မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်း အပြင် ၄င်းအား ( ၂ ) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
စသည့် အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ပါသည်။
ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -
အောက်ပါ အကြောင်းများဖြင့် ထိမ်းမြားမှု ပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး ( သို့မဟုတ် ) တရားလွှတ်တော်သို့
တင်သွင်းနိုင်သည်။
( ၁ ) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါ ရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါ ရှိနေကြောင်း ၊
( ၂ ) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း ၊
( ၃ ) ထိမ်းမြားသူ တစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံသူ ဖြစ်ကြောင်း ၊
( ၄ ) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျက် ရှိကြောင်းနှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲ နေလျက်ရှိ ကြောင်း ၊ စသည့် အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှု ပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက် ရရန် လိုအပ်ပါသည်။
တရားရုံး ဒီကရီဖြင့် ခင်ပွန်းနှင့် ခွဲနေစေခြင်း -
အောက်ပါ အကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမရုံး ( သို့မဟုတ် ) တရားလွှတ်တော်သို့ တင်သွင်းနိုင်သည်။
( ၁ ) လင်ယောကျာ်း ( သို့ ) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း ၊
( ၂ ) ရက်စက်မှု ကျူးလွန်ခြင်း
( ၃ ) လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ( ၂ ) နှစ် သို့မဟုတ် ( ၂ ) နှစ် အထက် စွန့်ပစ်ထားခဲ့ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။
ကူးယူဖော်ပြပါသည်။
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...