မြေစာရင်းပုံစံ(၁၀၅)(၁၀၆) ရေးကူးခွင့် လျှောက်ထားခြင်း

မြေစာရင်းပုံစံ ( ၁၀၅ ) ( ၁၀၆ ) ရေးကူးခွင့် လျှောက်ထားခြင်း
( မန္တလေး ( ၅ ) မြို့နယ် နှင့် အမရပူရ မြို့မြေများ မပါဝင်ပါ )
မြေစာရင်းပုံစံ ( ၁၀၅ ) ( ၁၀၆ ) ရေးကူးခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ပါသည်-
၁ ။ လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ - ၁၀၃ ဖြင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာနမှူးထံ လျှောက်ထား ရမည် ။
၂ ။ မြေစာရင်းပုံစံ - ၁၀၃၏ အပိုင်း( ၁ ) မြေစာရင်း ၊ မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူ ကိုယ်တိုင် ရေးသွင်းဖော်ပြ၍ လက်မှတ်ရေးထိုး ရပါမည်။
၃ ။ ရေးကူးလိုသည့် မြေကွက် အကြောင်းအရာ အချက်အလက်များကို သက်ဆိုင်ရာ စာရင်း ၊ မြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာ ရေး သွင်း ဖော်ပြ ရပါမည် ။
၄ ။ လျှောက်ထားသူမှ ရေးကူးလိုသည့် အကြောင်းအရာ ( ဥပမာ - စာချုပ်စာတမ်း မှတ်ပုံတင် ပြုလုပ်ရန် / တရားရုံး သက်သေခံ တင်ပြရန် စသည်ဖြင့် ) ဖော်ပြ ရပါမည် ။
၅ ။ လျှောက်လွှာတွင် ပိုင်ဆိုင်သူ ( သို့မဟုတ် ) သက်ဆိုင်သူ ကိုယ်တိုင်လျှောက်ထားလျှင် ပိုင်ဆိုင်ကြောင်း ( သို့မဟုတ် ) တနည်းနည်း ဖြင့် သက်ဆိုင်ကြောင်း အထောက်အထား ကိုလည်းကောင်း ၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင် ကိုယ်စားလှယ်လွှဲ စာ ကိုလည်းကောင်း ပူးတွဲ တင်ပြ ရပါမည်။
၆ ။ မြေစာရင်းပုံစံ ( ၁၀၅ ) ( ၁၀၆ ) ရေးကူးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လယ်ယာမြေ စီမံခန့် ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ ( ၆ . ၃ . ၂၀၁၇ ) ရက်စွဲပါ စာအမှတ် ၊ ၁၈၆၃ / မပ ( စီမံ ) - ၁၆ ( ၁၇ ) ညွှန်ကြားချက်အရ “ လျှောက်ထားသူမှ မြေစာရင်းပုံစံ (၁၀၃) ဖြင့် စတင် လျှောက်ထားသည့် နေ့မှစ၍ အငြင်းပွားမှု မရှိသည့် သာမန်ကိစ္စရပ်များတွင် ကွင်းဆင်းစိစစ်ခြင်း ၊ မြေပုံမြေရာဇဝင်များ နှင့် တိုက်ဆိုင်စိစစ်ပြီး မြေပုံရေးကူးခြင်း ကိစ္စရပ် အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်လွှာ စတင် လက်ခံရရှိ သည့် နေ့စမှ၍ မြေပုံမြေရာဇဝင် များ ပြန်လည်ထုတ်ပေးသည့် နေ့အထိအပါအဝင် အနည်းဆုံး ( ၁၅ ) ရက်အတွင်း ပြီးစီးအောင်” ဆောင်ရွက်ပေးလျက် ရှိပါသည်။
#Crd to owner
Credit ( ဥပဒေ ရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...