Passport အကြောင်းဗဟုသုတရရှိစေရန် လက်ဆင့်ကမ်း ဝေမျှပေးပါ။ နိုင်ငံကူးလက်မှတ် ( Passport )

Passport အကြောင်း ဗဟုသုတ ရရှိ စေရန် လက်ဆင့်ကမ်း ဝေမျှပေးပါ ။ နိုင်ငံကူး လက်မှတ် ( Passport ) အသစ် ၊ သက်တမ်းတိုး ၊ ပျောက်ဆုံး လျှောက်ထား လိုသူများသို့.…အရင်ဆုံး online booking နံပတ် ယူရ ပါမည် ။ ရရှိလျှင် ချိန်းဆိုသည့် နေ့သွားရောက်၍ passportရှိပြီး သက်တမ်း ကျန်သေးတဲ့ သူများလဲ ကိုယ်ခရီး သွားမယ့် ရက်နဲ့ ပတ်စပို့ သက်တမ်း ကုန်ဖို့က အနဲဆုံး ခြောက်လ ကျော်မကျန်ရင် ခရီးထွက်ဖို့ ဗီဇာမရနိုင်တဲ့ အတွက် သက်တမ်း တိုးဖို့ လိုပါတယ် ။ ပြည်ပနိုင်ငံ တစ်ခုခုကို သွားရောက်ဖို့ နိုင်ငံကူး လက်မှတ်ကို ဘယ်လို လုပ်ရမလဲ ?? မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်ထုတ် ပေးရးဌာန သို့မှတ်ပုံတင် မူရင်း နှင့် မိတ္တူ ၂ စောင်သန်းခေါင်စာရင်း မူရင်း နှင့် မိတ္တူ ၂ စောင်တို့ကို ယူဆောင် သွားပါ ။
စစ်မှုထမ်း သားသမီးများ ( သန်းခေါင် စာရင်းတွင် ဖခင် / မိခင် အလုပ် အကိုင်က စစ်မှုထမ်းဟု ပါရှိပါက ) ကကကြည်း ထောက်ခံချက် ရယူသွားပါ ။ စစ်မှုထမ်း ဟောင်း သားသမီးများ ( သန်းခေါင် စာရင်းတွင် ဖခင် / မိခင် အလုပ်အကိုင်က စစ်မှုထမ်းဟု ပါရှိပါက ) တပ်ထွက်စာ မိတ္ထူ တင်ပြရန် လိုအပ်ပါသည် ..PJ ( Passport for Jobs ) လျှောက်ထား လိုသူများ နီးစပ်ရာ လေဘာရုံး များမှ ပြည်ပ အလုပ်အကိုင် လေဘာကပ် လျှောက်ထားပြီး အသင့်ယူ ဆောင်သွားပါ ။ မိမိ သွားရောက် လိုသည့် နိုင်ငံအား ပြောပြ၍ အခမဲ့လျှောက်ထား ရယူနိုင်သည် ။ သက်တမ်း တိုးလျှောက် ထားလိုသူ များသည် မိမိ၏ နိုင်ငံကူး လက်မှတ် မူရင်းနှင့် နိုင်ငံကူး လက်မှတ်မှ မိမိဓာတ်ပုံ ပါရှိသည့် စာမျက်နှာ မိတ္တူ ၂ စောင် ယူဆောင်သွားပါ ။
၁ ။ နိုင်ငံကူး လက်မှတ် လျှောက်ထား ရေးရုံးသို့ မှတ်ပုံတင် ပြ၍ ၀င်ရောက်ပါ ၊ ( မှတ်ပုံတင်ကို Scan ဖတ်ပြီး လျှောက်ထား သူကို ဓာတ်ပုံရိုက် ပါလိမ့် မည်)
၂ ။ အနီးရှိ စားပွဲတွင် ပုံစံစာရွက် အခမဲ့ရယူ၍ လိုအပ်သော အချက် အလက်များကို ဖြည့်သွင်း ရေးသားပါ ။
၃ ။ ပုံစံ စာရွက်ကို သန်းခေါင် စာရင်းမိတ္တူ ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့်တွဲပါ ၊ သက်တမ်းတိုး လျှောက်ထား သူများက နိုင်ငံကူး လက်မှတ်မှမိတ္တူ ကူးထားသည့် မိမိ ဓာတ်ပုံပါသည့် စာရွက်ကိုပါ တွဲပါပျောက်ဆုံး လျှောက်ထား သူများသည် သတင်းစာတွင် ထည့်ထားသည့် ကြော်ငြာ မိတ္တူကိုပါ တွဲပါ ၊
၄ ။ ကောင်တာ ၁၆ ခုဖွင့် ထားရာ ကောင်တာ ၁ တွင် သက်တန်းတိုး နှင့် ပျောက်ဆုံးသူများ တန်းစီ၍ ကောင်တာ ၇ , ၈ , ၉ , ၁၀ တွင် နိုင်ငံရပ်ခြားရှိ သံရုံးများတွင် ပတ်စပို့ သက်တမ်း တိုးဖူး သူများတန်းစီပါ .. .အသစ်ပြုလုပ် သူများက ကောင်တာ ၂ မှ ၁၂ အတွင်း နှစ်သက်ရာကောင် တာတွင် တန်းစီပါ ။
၅ ။ တန်းစီ နေစဉ် ရဲတပ်ဖွဲ့ ၀င်များက တစ်ဦးချင်း ကိုင်ထားသည့် စာရွက်များကို ချုပ်စက်ဖြင့် လိုက်ချုပ် ပေးပြီး လိုအပ်ချက် ရှိပါက ပြောပြ ပါလိမ့်မည် ။
၆ ။ ကောင်တာတွင် လက်ဗွေနှိပ်ပြီး ငွေကျပ် ၂၀၀၀ သွင်းပြီးလျှင် မိမိ အမည်ပါသည့် စာရွက်ကို မိမိတင်ပြသည့် စာရွက်များနှင့် အတူ ပြန်ပေး ပါလိမ့်မည် ။
၇ ။ ထို့နောက် ကောင်တာ ၁၃ ၊ ၁၄ ၊ ၁၅ တစ်ခုခုတွင် လူ၀င်မှု ကြီးကြပ်ရေး စစ်ဆေးမှု လုပ်ပါ ၊ PJ လျှောက်ထားသူများ လေဘာကပ် နဲ့တွဲ၍ ငွေစာရင်းဌာနတွင် ငွေး ၃၀၀၀ ကျပ် ပေးသွင်း၍ PJ တံဆိပ်တုံး ရယူပါ ။
၈ ။ ငွေသွင်း ကောင်တာတွင် ၂၅၀၀ဝိ/ - သွင်းပါ ပျောက်ဆုံး လျှောက်ထား သူများက ငွေ ၆၅၀၀ဝိ/- သွင်းပါ ။ ငွေလက်ခံ ရရှိသည့် စာရွက်တစ်ခု ပြန်ပေး ပါလိမ့်မည် ၊
၉ ။ ဓာတ်ပုံ ရိုက်ရန် ကောင်တာ ၂၆ ခုရှိရာ နှစ်သက်ရာ ကောင်တာတွင် ဓာတ်ပုံရိုက်ပြီး Scanner တွင် လက်ဗွေနှိပ်ပါ ၊ တာ၀န်ကျ ရဲ အရာရှိက မိမိစာရွက် များကို သိမ်းဆည်းပြီး မိမိဓာတ်ပုံ ပါရှိသည့် နိုင်ငံကူး လက်မှတ် ထုတ်ယူရမည့် စာရွက်ကို ပေးပါလိမ့်မည် ၊ ငွေ ၅၀၀ဝိ/- သွင်းရပါမည် ။
၁၀ ။ လျှောက်လွှာ တင်ပြီး ၁၀ ရက်မြောက်နေ့တွင် ယင်းစာရွက်နှင့် မှတ်ပုံတင်ကို ပြကာ နိုင်ငံကူး လက်မှတ်ကို ထုတ်ယူ နိုင်ပြီဖြစ်ပါသည်။ ဒါ့အပြင် လက်ရှိမှာ ရန်ကုန် သာမက မြန်မာ ပြည်အနှံ့မှာ ပတ်စပို့ရုံး တွေရှိနေပါပြီ
လိပ်စာ တွေကတော့
ရန်ကုန် -
ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။
နေပြည်တော် -
ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊
ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။
မန္တလေး -
အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။
မကွေးတိုင်း -
ရွာသစ်ပွဲကြိုရပ်ကွက်၊
ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။
ပဲခူးတိုင်း -
အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။
ဧရာဝတီတိုင်း -
သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။
စစ်ကိုင်းတိုင်း -
ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။
တနသာင်္ရီတိုင်း -
သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
မွန်ပြည်နယ် -
အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။
ရခိုင်ပြည်နယ် -
လေဆိပ်လမ်း၊ စစ်တွေမြို့။
ကချင်ပြည်နယ် -
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။
ချင်းပြည်နယ် -
ပြည်နယ်မီးသတ်ရုံးလမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။
ကယားပြည်နယ် -
ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။
ကရင်ပြည်နယ် -
သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။
မြဝတီမြို့ -
ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။
ကော့သောင်းမြို့ -
အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊
အောင်သုခရပ်ကွက်၊ ကော့သောင်း။
တာချီလိတ်မြို့ -
အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။
ရှမ်း/တောင် (တောင်ကြီး) -
အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊
မြို့မရပ်ကွက်၊ တောင်ကြီးမြို့။
ရှမ်း/မြောက် (လာရှိုး) -
ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။
ရှမ်း/အရှေ့ (ကျိုင်းတုံ) -
တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။
crd-original uploader
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...