ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင် သတိပြုဖို့လို ============================

ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင် သတိပြုဖို့လို
==============================
ပါမစ်မိတ္တူ ခြမ်းဝယ်ယူလျှင်
ရောင်းသူက ပါမစ်မူရင်း ကိုင်ပြီး ဝယ်သူကို ပါမစ်မိတ္တူ ပေးလေ့ရှိပါသည်။ အရပ်အခေါ် မိတ္တူခြမ်းဖက်ကို ဝယ်ယူသည်ဟု ခေါ်ကြပါသည်။ မဖြစ်မနေ ပါမစ် မိတ္တူခြမ်းဖက်ကို ဝယ်ယူမည် ဆိုပါက အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။
၁ ။ ရောင်းသူက ပေးသော ပါမစ်မိတ္တူနှင့် ရောင်းသူထံတွင် ရှိသော ပါမစ်မူရင်း ကိုက်ညီမှု ရှိ မရှိကို စစ်ဆေးရန် လိုပါသည် ။ ပါမစ် မူရင်းကို စစ်ဆေး ကြည့်ရှု့ရာတွင် မူရင်း စာရွက်စာတမ်း စစ်မှန်သလား ( သို့ ) Scan ဖတ်ထားသည့် စာရွက်စာတမ်း ဖြစ်နေသလား ဆိုသည်ကို ကြည့်ရှု့ စစ်ဆေးရပါမည် ။
၂ ။ ဒုတိယအချက် အနေဖြင့် ရောင်းသူထံတွင် ရှိသော ပါမစ်သည် အမည်ပေါက် မှန် မမှန် ၊ ဂရန်လျှောက်ထားခြင်း ရှိ မရှိကို မြို့တော် စည်ပင်တွင် စုံစမ်း စစ်ဆေးရပါမည် ။ ( အိုးအိမ်ရုံးတွင် စုံစမ်းစစ်ဆေးနိုင်သော်လည်း အိုးအိမ်ရုံးတွင် အမည်ပေါက် မှန် မမှန် ကိုသာ သိရှိနိုင်မည် ဖြစ်ပြီး စည်ပင်တွင် စစ်ဆေးပါက ပါမစ်မှ ဂရန်လျှောက်ထားခြင်း ရှိ မရှိကိုပါ သိနိုင်သည် ဖြစ်၍ ပါမစ် စုံစမ်းစစ်ဆေး ရန် နေရာကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရန် ရည်ညွန်းခြင်း ဖြစ်ပါသည်။ )
၃ ။ ပါမစ် မှန်ကန်ပါက သတင်းစာတွင် “ ကန့်ကွက်နိုင်ကြောင်း ” ကြော်ငြာ ထည့်သွင်းသင့်ပါသည် ။ ( သတင်းစာတွင် ကြော်ညာ ထည့်သွင်းသင့်ကြောင်း အကြံပြုရခြင်းမှာ မြေကွက်နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ သိရှိနိုင်ရန် နှင့် မိတ္တူခြမ်းဖက်ကို ဝယ်ယူ ခြင်း ဖြစ်၍ ရနိုင်သမျှသော အထောက်အထားများ ရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ )
၄ ။ မိမိက ပြန်လည် ရောင်းချသည့်အခါတွင် မိမိ ရောင်းချသော ဝယ်ယူသူသို့ ပါမစ်မူရင်းကို ပြသပေးရန် ရောင်းသူ နှင့် သဘောတူညီ ချက် ယူထားရပါမည် ။ ( ဤအချက်ကို စာချုပ်ဖြင့် ရေးသား ချုပ်ဆိုထား၍ ရပါက ချုပ်ဆို ထားသင့်ပါသည် ။ ရောင်းသူနှင့် ကြိုတင်၍ သဘောတူညီချက် ရယူသင့်ခြင်းမှာ သဘောတူညီချက် ယူထားခြင်း မရှိပါက မိမိက ပြန်လည် ရောင်းချသည့် အခါတွင် ရောင်းသူဘက်မှ ပါမစ်မူရင်း ပြသပေးခြင်း မရှိပါက ပြန်ရောင်းရာတွင် အခက်အခဲ ရှိနိုင်၍ ဖြစ်ပါသည်။ )
၅ ။ ပါမစ်မှ ဂရန်လျှောက်မည် ဆိုပါက ပါမစ်မူရင်းအား အသုံးပြုခွင့်ပေးရန် ရောင်းသူနှင့် ကြိုတင် သဘောတူညီချက် ရယူ ထားရပါ မည် ။ သို့မှသာ တချိန်ချိန်တွင် မိမိအမည်ပေါက် ဂရန်လျှောက်မည် ဆိုပါက အခက်အခဲ မရှိ အဆင်ပြေမည် ဖြစ်ပါသည် ။
အပိုဒ် ( ၄ ) နှင့် ( ၅ ) မှာ စရန် မချမီ အရောင်းအဝယ် အတွက် စကားပြောသည့် အချိန်တွင်ပင် ဆောင်ရွက်ရမည့် အချက်ဖြစ် ပါသည် ။ အပိုဒ် ( ၄ ) နှင့် ( ၅ ) ပါ အချက်များ သဘောတူညီမှု ရရှိပြီးပါမှ ကျန်သည့်အချက်များကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကူးယူ ဖော်ပြပါသည်
#Crd to owner
Credit ( ဥပဒေ ရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...