ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်းဆိုင် အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ် ထိုးထားတဲ့ စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေး လိုက်တဲ့အတွက် အဲဒီစာချုပ် တရား၀င် ပါသလား ။ နောင်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်လာ နိုင်သလဲဆိုတာ သိပါရစေ ။

ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်းဆိုင် အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ် ထိုးထားတဲ့ စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေး လိုက်တဲ့အတွက် အဲဒီစာချုပ် တရား၀င် ပါသလား ။ နောင်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်လာ နိုင်သလဲဆိုတာ သိပါရစေ ။

         ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်းဆိုင် အသိသက်သေ တွေနဲ့မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုးထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေး လိုက်တဲ့အတွက် အဲဒီ စာချုပ် တရား၀င် ပါသ လား ။ နောင်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်လာနိုင် သလဲဆိုတာ သိပါရစေ ။
========================
         မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေက အင်မတန်း ရိုးရှင်း ပြီတော့ ၊ လက်တွေ့ ဆန်ပါတယ် ။ လင်မယား ကွာတဲ့ အ‌ကြောင်းကို ပြောရရင် နှစ်ဦး သဘော တူကွာတယ် ။ ဟိုခေတ် ကရှိတယ်  ဂြိုလ်‌ပြေ ၊ နာမ်ပြေ ဆိုပြီး ခနကွာ နေတယ် ။ အမှန်တော့ ေကႊးပူတွေတောင်းပြီး လင်မယားကွဲရင်လည်း ဂြိုလ်ပြေ ၊ နာမ်ပြေလို့  ပြကြ တာပေါ့ဗျာ ။ နောင် အိမ်ထောင်ရေး တစ်ခုခုၾကဴးလွန်တယ်။ ရက်စက်မႈတွေၾကဴးလွန် တယ်။  ဒီသုံးနည်းနဲ့ ကွာကြ တယ် ။ အဲ့တော့ လင်မယား ကွာတဲ့ အခါမှာ စာချုပ် စာတမ်း လုပ်ရမယ်လို့ဓလေ့ ထုံးတမ်း ဥပေဒ က ဆိုမထား ပါဘူး ။ နှစ်ဦးသဘောတူရင်  အချိန်မရွေး ကွာရှင်း လို့ရပါတယ်။ ၁၉၆၄ မှာဒေါ်မေ ဆိုတဲ့ အမျိုးသမီးရှိပါတယ်။ ၁၉၆၆ မှာ ဦးစံနဲ့  မချစ်ဆိုတဲ့ အမရှိတယ် ။ စာချုပ် စာတမ်း မလိုဘူးလို့ ပြောထား ပြီးသားပါ ။


         အဲလိုဆိုရင် တရားရုံး ဒီကရီလည်း မလိုပါဘူး ။ ဒါပေမဲ့ စာချုပ်ချုပ် မယ်ဆိုရင် တံဆိပ်ခေါင်း ဥပဒေ ဇယားအပိုဒ် ၂၉ အရ တံဆိပ် ခေါင်းနဲ့ ကွာရှင်း စာချုပ်ချုပ် ရပါမယ် ။ ဘယ်လောက် တန်နဲ့ ချုပ်ရမလဲ ဆိုရင် ခေတ်အလိုက် ပြောင်းတယ် ၊ ဟိုးအရင်က ၅ကျပ် ၊ နောက်၁၅ကျပ် ၊  ခု ၂၅ နောက် ၂၀၀ စသဖြင့် သတ်မှတ် ထားတဲ့ အချိန်ကာလ အပြောင်း အလဲအလိုက် တံဆိပ်ခေါင်း ပေါ်မှာ ထိုးရမယ် ။  ခုပြောတဲ့ နည်းက တကယ်တမ်း သဘာဝ မကျပါဘူး ။ အဲလို ဆိုရင် နောက် ဆက်တွဲ ဘာဖြစ် နိုင်လဲဆိုတော့ စိတ်ထား ပေါ်မှုတည်မယ် ၊ ပြဿနာပေါ်   နိုင်ပါတယ် ။ သို့သော် တကယ်သာ ကွာရှင်း ပြတ်စဲ တယ်ဆိုရင် ဒီစာချုပ်ကို ဖယ်လိုက်ပါ ၊ တစ်ခြမ်းပဲ ထိုးထိုး သက်သေ ဘယ်လိုပဲ ပါပါ ၊ မပါပါ ။ သူတို့ နှစ်ယောက်က “ ဘယ်သူ ရှေ့မှာ ဘယ်လို ပြောပြီး ပြတ်ပါတယ် ” ဆိုရင် ဓလေ့ ထုံးတမ်းဥပဒေက စာက အဓိက မကျပါဘူးလို့  ဖြေကြား ပေးချင် ပါတယ် ။ 


         ဒီလိုကွာ ပြီးမှ “ တစ်လင် တစ်မယား ဥပဒေနဲ့  စွဲခွင့် မရှိဘူးဟေ့ ” ဆိုပြီး တစ်ချက် လွတ်ပြော လို့မရပါဘူး ။ ဥပဒေ နဲ့အညီဖြစ်စေချင် ရင်တော့ အဲလို့ ကွာရှင်း ပြတ်စဲပြီး ကြောင်း စာချုပ် စာတမ်း လုပ်ထား တာသည် စိတ်ချ ရဆုံးဖြစ် ပါတယ် ။ ကွာရှင်း စာချုပ်မဟုတ်ဘူးနော် “သူတို့ နှစ်ယောက်သည် ဓလေ့ ထုံးတမ်း အတိုင်း ကွာရှင်း ပြတ်စဲလိုက်သည် ထိုသို့ ကွာရှင်းပြတ်စဲ ကြောင်း ဘယ်သူ ဘယ်ဝါ ၊ အရပ် လူကြီး ဘယ်သူ ရှေ့တွင် ရေးသည်ဆိုပြီး လက်မှတ်ထိုး လိုက်ရင်တော့ ”  စွဲလို့ မရတော့ပါဘူး ။
 
#Crd to owner

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!