စာချုပ်ချုပ်ရာတွင် စာချုပ်တွင် ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များ ထည့်သွင်းချုပ်ဆိုခြင်းသည် အရေးကြီးတာမှန်ပေမယ့် တခြားဆောင်ရွက်ရမည့်အချက်များမှာ
စာချုပ်ချုပ်ရာတွင် စာချုပ်တွင် ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များ ထည့်သွင်းချုပ်ဆိုခြင်းသည် အရေးကြီးတာမှန်ပေမယ့် တခြား ဆောင်ရွက်ရမည့် အချက်များမှာ
မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူး လိုအပ်ပေသည် ။
ဝယ်ထားပြီး မြေကွက်ကို ပစ်ထား၍ မဖြစ်ပါ။
မြေကွက်ကို ရှင်းလင်း ခြင်း ၊
သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များထံ မိမိဝယ်ယူ လက်ရှိ ဖြစ်ကြောင်း အကြောင်း ကြားထားခြင်း ၊
မကြာခဏ သွားရောက် ကြည့်ရှုခြင်း ၊
ဘေးခြံနီးချင်းအား မိမိပိုင် ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည် ။
သို့မှသာ ထပ်မံ ရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင်မည် ဖြစ်သည် ။
ပါမစ်မြေ ဆိုလျှင်လည်း စာရွက်စာတမ်း စုံလင်ခြင်း ရှိ မရှိ ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ် မဟုတ် ကို သက်ဆိုင်ရာ မြေစာရင်းဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ် ပြုလုပ်သင့်သည်။
စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာ ပဋိညာဉ်ပြု ဝယ်သူအား ဦးစားပေး ဆုံးဖြတ်ရမည် " ဟု စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန် မဟုတ်ဘဲ မှတ်ပုံတင်ရန် လိုအပ်သည့် စာချုပ်စာတမ်း ဖြစ်စေ ၊ မှတ်ပုံတင်ရန် မလိုအပ်သည့် စာချုပ်စာတမ်း ဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည် ဟုပြဋ္ဌာန်းထားသည် ။
ထို့ကြောင့် မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူထားသည် ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေး ရပိုင်ခွင့် ရှိပါသည်။
သို့ဖြစ်၍ အိမ် ခြံ မြေ တိုက်ခန်း ဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့် ရှိကြောင်း ဗဟုသုတ အဖြစ် ရေးသားလိုက်ပါသည် ။
#Crd to owner
Credit ( ဥပဒေရးရာ )
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...