ယစ်မျိုးလိုင်စင်လျှောက်ထားခြင်း ------------------------------ ယစ်မျိုးလိုင်စင်ရယူနိုင်သူများ

ယစ်မျိုးလိုင်စင်လျှောက်ထားခြင်း
------------------------------
ယစ်မျိုးလိုင်စင်ရယူနိုင်သူများ
------------------------------
၁ ။ မြန်မာနိုင်ငံ ယစ်မျိုးနည်း ဥပဒေ ၇ ( က ) ( ၁ ) ( ၂ ) ( ၃ ) အရ အောက်ပါ ပုဂ္ဂိုလ်များကို လိုင်စင် ခွင့်ပြု ချထား ပေးနိုင်ပါသည်-
( က ) နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ၊
( ခ ) မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ ( သို့မဟုတ် ) အဖွဲ့အစည်း ၊
( ဂ ) အစုစပ် လုပ်ငန်း တစ်ခု ။
၂ ။ ယစ်မျိုးနည်း ဥပဒေ ၃၃ က ( ၂ ) အရ ယစ်မျိုး နာမည်ပျက်စာရင်း ကြေငြာထားသော အောက်ပါ ပုဂ္ဂိုလ်များအား ချထားပေးခြင်း မပြုရပါ-
( က ) အာမခံ မပေးနိုင်သော ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရသူ ၊
( ခ ) လူမွဲ စာရင်း ဝင်သူ ၊
( ဂ ) ယစ်မျိုး အက်ဥပဒေအရ အပြစ်ပေးခြင်း ခံရသူ ၊
( ဃ ) ယစ်မျိုးခွန် ပေးဆောင်ရန် ပျက်ကွက်၍ လိုင်စင် ပယ်ဖျက်ခံရသူ ၊
( င ) ယစ်မျိုး ဥပဒေနှင့် လိုင်စင် စည်းကမ်း ဖောက်ဖျက်၍ လိုင်စင် ပယ်ဖျက်ခံရသူ ၊
( စ ) လေလံဆွဲ၍ အခြားလေလံဆွဲ ဝယ်နေသူများထံမှ ငွေကြေး ( ပန်းကြေး ) တောင်းခံလေ့ ရှိသူ ။
၃ ။ ယစ်မျိုး လိုင်စင်များကို ယခင်က ပြက္ခဒိန်နှစ် အလိုက် နှစ်စဉ် ခွင့်ပြုချထားခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ( ၄ - ၁၀ - ၂၀၁၁ ) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၅၄၂ / ၂၀၁၁ ဖြင့် ထုတ်ပြန်သည့် ယစ်မျိုးနည်း ဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအရ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စ၍ ဘဏ္ဍာရေး နှစ်အလိုက် ခွင့်ပြုချထားခဲ့ပြီး ယစ်မျိုးလိုင်စင် သက်တမ်းမှာ ဧပြီလ ( ၁ ) ရက်နေ့မှ နောက်နှစ် မတ်လ ( ၃၁ ) ရက်နေ့အထိ တစ်နှစ်သက်တမ်းသာ ဖြစ်ပါသည် ။
ယစ်မျိုး လိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များ
၄ ။ ယစ်မျိုးလိုင်စင်များကို ဘဏ္ဍာရေး နှစ်အလိုက် နှစ်စဉ် ခွင့်ပြုချထားပေးလျက်ရှိရာ ယစ်မျိုး လိုင်စင် ရယူလိုသူသည် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရပါသည် -
( က ) ယစ်မျိုး လိုင်စင် လျှောက်လွှာ ၊
( ခ ) လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ၊
( ဂ ) သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ၊
( ဃ ) သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် ၊
( င ) ပတ်ဝန်းကျင် နေထိုင်သူများ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ။
အခြား လိုအပ်သော အထောက်အထား
၅ ။ နိုင်ငံသားနှင့် ဖက်စပ် ဆောင်ရွက်သည့် ကုမ္ပဏီ အသင်းအဖွဲ့များ အနေဖြင့် လျှောက်ထားမည် ဆိုပါက အောက်ပါ အထောက်အထားများ ထပ်မံ လိုအပ်မည် ဖြစ်ပါသည် -
( က ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ၊
( ခ ) ကုမ္ပဏီ ( သို့မဟုတ် ) အသင်းအဖွဲ့ ကိုယ်စားတာဝန်ခံ ဆောင်ရွက်မည့်သူအား တာဝန်ပေးအပ်သည့် အထောက်အထား ၊
( ဂ ) ကုမ္ပဏီ ( သို့မဟုတ် ) အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မိတ္တူ ။
ယစ်မျိုးလိုင်စင် ခွင့်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
၆ ။ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ယစ်မျိုးလိုင်စင် လျှောက်ထားလာမှုများ အပေါ် အမှုတွဲ ဖွင့်လှစ်၍ လျှောက်ထားသည့် နေရာသည် ယစ်မျိုး အက်ဥပဒေ ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ / မရှိ ကွင်းဆင်း စစ်ဆေး
ကြည့်ရှု့ခြင်း ၊ ကန့်ကွက်လွှာ ခေါ်ယူခြင်း ၊ မြို့နယ် ယစ်မျိုး အကြံပေးအဖွဲ့ နှင့် အစည်းအဝေး ပြုလုပ်၍ သဘောထားရယူခြင်း များ ဆောင်ရွက်ပြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးပို့ရပါသည်။
၇ ။ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ရုံးများမှ ပေးပို့လာသော ယစ်မျိုးလိုင်စင် အမှုတွဲများ အပေါ် ပြည့်စုံ မှန်ကန်မှု ရှိ / မရှိ စိစစ်မှုများ ပြုလုပ်ကာ သက်ဆိုင်ရာ ၊ နေပြည်တော် ၊ တိုင်းဒေသကြီး / ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြရ ပါသည်။
၈ ။ နေပြည်တော် ၊ တိုင်းဒေသကြီး / ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပြီး ခွင့်ပြုသင့် သည့် ယစ်မျိုးလိုင်စင် အရေအတွက်အား သက်ဆိုင်ရာ နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ သဘောထား ရယူကာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ( ရုံးချုပ် ) သို့ တင်ပြရပါသည် ။
၉ ။ နေပြည်တော် ၊ တိုင်းဒေသကြီး / ပြည်နယ်အလိုက် နှစ်စဉ် ယစ်မျိုး အစီအစဉ်များ ရေးဆွဲတင်ပြလာမှုအပေါ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန ( ရုံးချုပ် )မှ စိစစ်ကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးသို့ တင်ပြ သဘောထား ရယူပြီး ခွင့်ပြုချထားသင့်သည့် ယစ်မျိုး လိုင်စင်အရေအတွက်ကို ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးထံ တင်ပြ ရပါသည် ။
၁၀ ။ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ခွင့်ပြုချက် ရရှိပါက သက်ဆိုင်ရာ နေပြည်တော် ၊ တိုင်းဒေသကြီး / ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ အကြောင်းကြားကာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက ယစ်မျိုးလိုင်စင် ခွင့်ပြု ထုတ်ပေး ပါသည် ။
၁၁ ။ ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားရာတွင် ယစ်မျိုး မူဝါဒနှင့် ယစ်မျိုး အခြေခံမူတို့ အရ ယစ်မျိုး လိုင်စင်အရေအတွက်ကို ကန့်သတ်ထားပြီး ယစ်မျိုးလိုင်စင်များ တစ်နှစ်ထက် တစ်နှစ် လျှော့ချခွင့် ပြုနေပါသဖြင့် ယခင် ဘဏ္ဍာရေးနှစ် ခွင့်ပြုခဲ့သည့် လိုင်စင် အရေအတွက်ထက် ကျော်လွန် ခွင့်ပြုနိုင်ခြင်း မရှိပါ ။
ယစ်မျိုး လိုင်စင် ရယူထားသူများ လိုက်နာရမည့် စည်းကမ်းချက်များ
၁၂ ။ ယစ်မျိုးလိုင်စင် ရယူထားသူများ အနေဖြင့် အောက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရပါမည် -
( က ) ယစ်မျိုးလိုင်စင် ရရှိသူသည် လိုင်စင် အမျိုးအစားအရ ရောင်းချရန် ခွင့်ပြုသည့် အရက်ကို ခွင့်ပြုသည့် နေရာ၌သာ ရောင်းချရန် ၊
( ခ ) လိုင်စင်ချထားပေးသည့် ဥပစာတွင် လိုင်စင်ခွင့်ပြု အရက်မှတစ်ပါး အခြားအရက်များ ရောင်းချခြင်း မပြုရန် ၊
( ဂ ) သတ်မှတ်ဆိုင် ဖွင့်ချိန် / ပိတ်ချိန် အတွင်း၌သာ ရောင်းချရန် ၊
( ဃ ) ခွင့်ပြုလိုင်စင်ကို ဆိုင်အတွင်း အများမြင်သာအောင် ဘောင်သွင်း ချိတ်ဆွဲထားရန် ၊
( င ) အသက် ( ၁၆ )နှစ်အောက်ရှိသူ ကူးစက်ရောဂါရှိသူတို့အား အရက်ရောင်းချသူ အဖြစ် လည်းကောင်း ၊ အကူ အဖြစ် လည်းကောင်း ခိုင်းစေခြင်း မပြုရန် ၊
( စ ) ယူနီဖောင်း ဝတ်ထားသော တပ်မတော်သား ၊ ရဲအရာရှိ ၊ အကောက်ခွန် အရာရှိ ၊ တာဝန်ကျ မီးရထား ဝန်ထမ်း ၊ စိတ်မနှံ့သူများ ၊ အရက် အလွန်အကျွံ မူးနေသူများ ၊ အသက် ( ၁၈ ) နှစ်အောက် ငယ်ရွယ်သူများကို အရက်ရောင်းချခြင်း မပြုရန် ၊
( ဆ ) အရက်ကို အဝတ်အစား ၊ ပစ္စည်းများနှင့် လဲလှယ် ရောင်းချခြင်း မပြုရန် ၊
( ဇ ) ရယူထားသော လိုင်စင်ကို ခွင့်ပြုမိန့် မရရှိဘဲ အခြားသူ တစ်ဦးသို့ လွှဲပြောင်းခြင်း မပြုရန် ၊
( ဈ ) သက်ဆိုင်ရာ တာဝန်ရှိသူက လုပ်ငန်းတာဝန်အရ စစ်ဆေးလျှင် ယစ်မျိုးလိုင်စင်ကို ပြသရန် ၊
ယစ်မျိုး အက်ဥပဒေပါ ပြဌာန်းချက်များ
၁၃ ။ အောက်ပါ အရက်များအနက် ( ၂ ) မျိုးကို ဖြစ်စေ ၊ ( ၂ )မျိုးထက် ပို၍ဖြစ်စေ အမိုးတစ်မိုးတည်း အောက်တွင် ရောင်းချခြင်း
မပြုရ -
( က ) နိုင်ငံခြား အရက်
( ခ ) ပြည်တွင်းဖြစ် ဖိုထွက် အရက် ( အရက်ဖြူ )
( ဂ ) တည်အရက် ( ထန်းရည်မှ တစ်ပါး အခြား လှော်ဇာရည် ၊ ခေါင်ရည် )
( ဃ ) ထန်းရည် / ဓနိရည်
ခြွင်းချက် ။ အထက်မြန်မာနိုင်ငံရှိ ခရိုင်များတွင် ကော်လိတ္တော် အရာရှိသည် တိုင်းဒေသကြီး / ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ဖြင့် ထန်းရည်ဆိုင်နှင့် ပြည်တွင်းဖြစ် ဖိုထွက် ချက်အရက်ကို ဆိုင်ဥပစာတစ်ခု အတွင်း ရောင်းချခွင့် ပြုနိုင်ပါသည် ။
၁၄ ။ အရက်ဆိုင်သည် အရက်သောက်သုံးသူများ ဝင် / ထွက်သွားလာခြင်း မပြုနိုင်သောနေရာ မဖြစ်စေရန် လိုအပ်သကဲ့သို့ အများ ပြည်သူ ရှုမြင်ရန် မသင့်လျော်သော နေရာတွင် လည်းကောင်း ၊ သောက်သုံးသူ တို့က အနီး ဖြတ်သန်းသွားလာ သူတို့အား
အနှောက်အယှက် ဖြစ်စေမည့် နေရာတွင် လည်းကောင်း ၊ ဈေး ၊ စက်ရုံ ၊ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း ၊ ဘုရား ၊ ဝတ်ပြု ပူဇော်ရာ နေရာ အနီးအနားတွင် လည်းကောင်း မဖြစ်စေရ ။
၁၅ ။ ထန်းရည်မှအပ တည်အရက်ဆိုင် နှင့် နိုင်ငံခြား အရက်ဆိုင်ကို တစ်ဆိုင်နှင့် တစ်ဆိုင် ကိုက်( ၁၀၀ ) အတွင်း ခွင့်မပြုရ ။
၁၆ ။ လိုင်စင်ရရှိထားသူသည် လိုင်စင် အမျိုးအစား အလိုက် အောက်ဖော်ပြပါ အချိန်အတိုင်း ဆိုင်ဖွင့် လှစ်ရမည် -
စဉ် လိုင်စင်အမျိုးအစား ဖွင့်ချိန် ပိတ်ချိန်
၁ ။ CFL-1 နေထွက်ချိန် ည(၉)နာရီ
၂ ။ CFL-2 နေထွက်ချိန် ည(၉)နာရီ
၃ ။ CS-1 နေထွက်ချိန် ည(၉)နာရီ
၄ ။ CS-2 နေထွက်ချိန် ည(၈)နာရီ
၅ ။ CS-3 နေထွက်ချိန် ည(၈)နာရီ
၆ ။ FL-7 နေထွက်ချိန် ည(၉)နာရီ
၇ ။ FL-9 နေထွက်ချိန် ည(၉)နာရီ
၈ ။ FL-10 နေထွက်ချိန် ည(၉)နာရီ
၉ ။ FL-12 နေထွက်ချိန် ညနေ(၆)နာရီ
၁၀ ။ FL-13 နေထွက်ချိန် ည(၉)နာရီ
၁၁ ။ FL-17 နံနက်(၆)နာရီ ည(၁၁)နာရီ
၁၂ ။ FL-24 နေထွက်ချိန် ညနေ(၆)နာရီ
၁၃ ။ CS-2A နံနက်(၆)နာရီ ည(၁၁)နာရီ
၁၄ ။ CFL-2A နံနက်(၆)နာရီ ည(၁၁)နာရီ
ခြွင်းချက် ။ ကော်လိတ္တော် အရာရှိသည် သင့်တော်သည်ဟု ထင်မြင်လျှင်-
( ၁ ) ဆိပ်ကမ်းမြို့နယ်များ၌ CFL - 1 , CFL - 2 , CS - 1 , FL - 7 , FL - 9 , FL - 10 နှင့် FL - 13 လိုင်စင်ကို ဆိုင်ပိတ်ချိန် ည ( ၁၀ ) နာရီထိ တိုးမြှင့် ပေးနိုင်သည် ။
( ၂ ) FL - 17 , CS - 2A နှင့် CFL - 2A လိုင်စင်ကို ဆိုင်ပိတ်ချိန် ညနေ ( ၆ ) နာရီ နှင့် ည ( ၁၁ ) နာရီကြား သတ်မှတ်ပေးနိုင်သည် ။
( ၃ ) CFL - 1 , CFL - 2 , CS - 1 , CS - 2 , CS - 3 , FL - 7 , FL - 9 , FL - 10 နှင့် FL-13 လိုင်စင်များ၏ ဆိုင်ပိတ်ချိန်ကို တိုင်းဒေသ ကြီး / ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါ အချိန်ထက် စော၍ ပိတ်စေနိုင်သည် ။
( ၄ ) FL - 12 လိုင်စင် ဆိုင်ပိတ်ချိန်ကို တိုင်းဒေသကြီး / ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ည ( ၈ ) နာရီထိ တိုးမြှင့်ပေး နိုင်သည်။
၁၇ ။ ခရိုင်ရာဇဝတ် တရားသူကြီးက ဖြစ်စေ ၊ တိုင်းဒေသကြီး / ပြည်နယ် ရဲတပ်ဖွဲ့မှူးက ဖြစ်စေ ၊ ပြည်သူလူထု အေးချမ်းသာယာရေး အတွက် လိုအပ်ချိန်အတွင်း အရက်ဆိုင်ကို ပိတ်ထားရန် ညွှန်ကြားလျှင် လိုက်နာရမည် ။
၁၈ ။ အကယ်၍ ရုန်းရင်းဆန်ခတ်မှု ( riot ) သည် လည်းကောင်း ၊ တရားမဝင် လူစုလူဝေး ( unlawful assembly ) တစ်ခုသည် လည်းကောင်း ဖြစ်ပွား ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် အကြောင်းရှိလျှင် ရာဇဝတ် တရားသူကြီးက ဖြစ်စေ ၊ ယစ်မျိုး အရာရှိ သို့မဟုတ် ရဲအရာရှိက ဖြစ်စေ လိုအပ်သည်ဟု ထင်မြင်သော အချိန်အထိ အရက်ဆိုင်ကို ပိတ်ထားနိုင်သည်။
၁၉ ။ အကယ်၍ ရုန်းရင်းဆန်ခတ်မှု ဖြစ်စေ ၊ တရားမဝင် လူစုလူဝေး ဖြစ်စေ ပေါ်ပေါက်လျှင် ရာဇဝတ် တရားသူကြီးထံမှ သော် လည်းကောင်း ၊ ယစ်မျိုးအရာရှိ သို့မဟုတ် ရဲအရာရှိထံမှ သော်လည်းကောင်း အမိန့် တစ်စုံတစ်ရာ မရရှိသော်လည်း အရက် ဆိုင်ကို ပိတ်ထားရမည်။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...