အမျိုးသမီး တွေအပေါ် ရုပ်ပိုင်း ဆိုရာ အကြမ်း ဖက်မူတွေ နာကျင် စေမူတွေ ဖြစ်တဲ့ အခါမှာ တရားစွဲဆို လေ့ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်

အမျိုးသမီး တွေအပေါ် ရုပ်ပိုင်းဆိုရာ အကြမ်းဖက် မူတွေ နာကျင် စေမူတွေ ဖြစ်တဲ့ အခါမှာ တရားစွဲ ဆိုလေ့ ရှိတဲ့ ဥပဒေ ပုဒ်မများ အကြောင်းကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်
( ၁ ) ရာဇသတ် ကြီး ပုဒ်မ - ၃၂၃
( အလို အလျောက် နာကျင် စေမူ )
မိမိ အလိုအလျောက် နာကျင် စေမူ အတွက် တရားစွဲဆို လေ့ရှိတဲ့ ပုဒ်မ ဖြစ်ပါတယ် ။ အရပ် အခေါ်ကတော့ သာမန် နာကျင်စေမူလို့ ခေါ်ကြ ပါတယ် ။ ဒီပုဒ်မရဲ့ ဆိုလိုရင်း ကတော့ လူတစ်ယောက်နေ အခြား တစ်ယောက်ကို ကိုယ်အင်္ဂါ နာကျင် စေအောင် ၊ အနာ ရောဂါစွဲ ကပ်အောင် ၊ ချည်နဲ့ အောင် ပြုလုပ်ရင်း ဒီပုဒ်မနဲ့ အကြုံး၀င် ပါတယ် ။ လက်သီးဖြင့် ထိုးခြင်း ၊ ခြေထောက်ဖြင့် ကန်ခြင်း ၊ ဝါးလုံးဖြင့် ထိုးခြင်း များကို ဤပုဒ်မနဲ့ အရေးယူ ကြပါတယ် ။ အန္တရာယ် များတဲ့ ဒဏ်ရာမျိုး မဟုတ်ပဲ သာမန်နာကျင် စေမူတွေကို ဤပုဒ်မ အရ အရေး ယူလေ့ ရှိပါတယ် ။ ဤပုဒ်မဟာ
- ရဲ အရေးမ ပိုင်၍ တရားရုံးမှာ တိုင်တန်း ရမည့် ပုဒ်မဖြစ်ပါတယ်
- တရားရုံးကို တိုင်ဖို့ မသိဖူး နားမလည် ဖူးဆိုလျှင် နီးစပ်ရာ ရဲစခန်းရဲ့ အကူအညီကို ရယူနိုင် ပါတယ် ရဲတွေမှာ ကူညီရမယ့် တာ၀န်ရှိပါတယ် ။
- ပြစ်ဒဏ်မှာ ၁နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ် ။
( ၂ ) ရာဇ သတ်ကြီး ပုဒ်မ - ၃၂၄
( လက်နက်ဖြင့် သာမန် နာကျင်စေမူ )
ဒီ ပုဒ်မကို အထက်က ပုဒ်မကဲ့လို့ သာမန် နာကျင် စေမူလို့ ခေါ်လို ရပါတယ် ။ ဒါပေမဲ့ ကျူးလွန်သူ ( တရားခံ ) ၏ လုပ်ဆောင် ပုံတွေ ဖြစ်ပျက် ပုံတွေ ၊ နာကျင်မူ ဖြစ်စေ တာတွေ ကတော့ ကွဲပြား ပါတယ် ။ ဒီပုဒ်မဟာ သူတစ်ပါးကို ဘေးဖြစ် စေသော လက်နက်တို့ ၊ မီးတို ၊ အဆိပ်တို့ ၊ စားလောင် စေသော အရာဝတ္ထု ( ဥပမာ - အက်ဆစ် )ကဲ့သို့သော် အန္တရာယ် ဖြစ်စေတဲ့ အရာ ဝတ္ထုတွေ ၊ တိရိစ္ဆာန် တွေနဲ့ ဘေးဖြစ်အောင် ပြုလုပ်မူတွေ ( ဥပမာ - ခွေးကိုက် အောင် ပြုလုပ်ခြင်း )တွေကို ဒီပုဒ်မနဲ့ အရေးယူပါတယ် ။ ဤပုဒ်မဟာ
- ရဲ အရေးပိုင် ၍ နီးစပ်ရာ ရဲစခန်းမှာ တိုင်ကြား နိုင်ပါတယ် ။
- ပြစ်မူ ထင်ရှားရင်း ထောင်ဒဏ် ၃နှစ် ထိထောင် ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ် ။
( ၃ ) ရာဇ သတ်ကြီး ပုဒ်မ - ၃၂၅
( တုံးသော လက်နက်ဖြင့် အပြင်းအထန်း နာကျင်စေမူ )
လူတစ်ယောက် အနေနဲ့ အခြား လူတစ်ယောက် ကို အပြင်းအထန်း နာကျင် စေအောင် ပြုလုပ်ရင်း အပြစ်ပေးတဲ့ ပုဒ်မဖြစ်ပါတယ် ။ မျက်စိ မမြင် တောအောင် ၊ နားမကြား တောအောင် ကိုယ် လက်အင်္ဂါ ချို့တဲအောင် ပြုလုပ်ရင်း ဒီပုဒ်မနဲ့ အရေးယူ နိုင်ပါတယ် ။
- ရဲ အရေး ပိုင်၍ နီးစပ်ရာ ရဲစခန်းမှာ တိုင်ကြား နိုင်ပါတယ်
- ပြစ်ဒဏ် ကတော့ ၇နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်နိုင်တဲ့ အပြင် ငွေဒဏ်ပါ ချမှတ် ပါတယ် ။
ဤပုဒ်မနှင့် စပ်လျဉ်းပြီး စီရင်ထုံတစ်ခုမှာတော့ အခုလိုဖော်ပြပါတယ်။"ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၃၂၅ အရ ပြစ်မူထင်ရှားပါက ထောင်ဒဏ်(၇)နှစ် အထိနှင့် ငွေဒဏ်ပါချမှတ်နိုင်သည်။ ထောင်ဒဏ်မပါပဲ ငွေဒဏ်သက်သက်ချမှတ်ခြင်း မပြုနိုင်ချေ။မိန်းမသားတစ်ဦးအပေါ် အနိုင်အထက်ပြု၍ ပြင်းထန်းသော ဒဏ်ရာရရှိသောအမူတွင် ဒဏ်ငွေအနည်းငယ်သာ ထပ်ရိုက်ခြင်းမှာလည်း မျှတမူရှိသည်ဟု ဆိုနိုင်မည် မဟုတ်ချေ။ နောင်တွင် ထိုသို့ကျူးလွန်းမူများကိုလည်း ဟန်းတာနိုင်မည် မဟုတ်ချေ။" ဟုမအုံးတင်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(၁၉၇၆ မတစ စာ-၁၄၃)မှာတွေရပါတယ်။
( ၄ ) ရာဇ သတ်ကြီး ပုဒ်မ - ၃၃၄
( ဒေါသ ထွက်အောင် ပြုလုပ် မူကြောင့် အပြင်းအထန် နာကျင်စေမူ )
ဒေါသ ထွက်အောင် ပြုသူမှ တစ်ပါး အခြားသူအား နာကျင်စေရန် မကြံရွယ်ဘဲ့နှင့် ရုတ်တရက် ဒေါသ ထွက်အောင် ပြုလုက်မူကြောင့် မိမိ အလျောက် နာကျင်စေ တဲ့အခါ ဤပုဒ်မနဲ့ အရေးယူ ပါတယ် ။ ရန်ဖြစ် စကားများရင်း ဒေါသ ထွက်တဲ့ အခါ နာကျင်စေအောင် ပြုလုပ်တဲ့ အခါမှာ ဤပုဒ်မဖြင့် အရေး ယူတာလို့ ဆိုလို ပါတယ် ။
- ရဲ အရေး မပိုင်၍ တရားရုံးမှာ တိုင်တန်း ရပါမယ် ။
- ကျေးအေး ခွင့်ရှိတဲ့ ပုဒ်မ ဖြစ်ပါတယ်
- ပြစ်ဒဏ် အနေနဲ့ ကတော့ ၁လထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ကျပ်ငါးသောင်း အထိ ဖြစ်စေ ၊ ဒဏ်နှစ် ရပ်လုံး ချမှတ်နိုင်ပါတယ်။ အထက်ပါ ပုဒ်မများ အားလုံးဟာ အမျိုး သမီးတွေ ကျူးလွန်းခံ ရတဲ့အခါ တရားစွဲ ဆိုလေ့ ရှိတဲ့ ပုဒ်မတွေ ဖြစ်ပြီး ယောက်ျား ၊ မိန်းမ မရွေး ဤ ဥပဒေများ၏ အကာ အကွယ်ကို ခံစားနိုင် ပါတယ် ။
ကိုးကား
-ရာဇသတ် ကြီးဥပဒေ
-ရာဇသတ် ကြီးစီ ရင်းထုံးများ
- ပြည်သူ အတွက် ရာဇသတ်ကြီး အနှစ်ချုပ်နှင့်
-ဆရာကောင်း မြတ်သူ၏ ရေးသား ဖော်ပြချက် များကို ကိုးကား ပါသည် ။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...