နောက် အိမ်ထောင် ပြုလိုက် ရင် ပထမ အိမ်ထောင်က အမွေရပိုင် ခွင့်ရှိ ပါသေး သလား ''ဟု မိတ်ဆွေ တစ်ဦးက စာရေး သူထံ လာရောက် ဆွေးနွေး ပါသည် ။

နောက် အိမ်ထောင် ပြုလိုက် ရင် ပထမ အိမ်ထောင်က အမွေရပိုင် ခွင့်ရှိ ပါသေး သလား ''ဟု မိတ်ဆွေ တစ်ဦးက စာရေး သူထံ လာရောက် ဆွေးနွေး ပါသည် ။

            နောက် အိမ်ထောင် ပြုလိုက် ရင် ပထမ အိမ်ထောင်က အမွေရပိုင် ခွင့်ရှိ ပါသေး သလား ''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေး ပါသည် ။
''ဘယ်လို အခြေ အနေ မျိုးဖြစ် လို့လဲ ၊ ပထမ အိမ်ထောင် နဲ့ လက်ထက် ပွားပစ္စည်း ဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီ အမွေဝေစု ရခွင့် ရှိပါတယ် ''
'' လက်ထက် ပွားပစ္စည်းတော့ မဟုတ်ဘူး ၊  မိဘရဲ့  အမွေကို တောင်း နေတာ ''
'' မိဘရဲ့ အမွေ ဆိုရင်တော့ သား သမီးအားလုံး ရပိုင်ခွင့် ရတယ်လေ ''
'' ကျွန်တော် အပြော မှားသွား တယ် ဆရာရယ် ။  အဖြစ် အပျက် ကို ရှင်းပြဖို့ လိုသွားတယ် ''
'' ကဲ - ပြောပါဦး ၊ ဘယ်သူက ဘယ်လို အမွေတောင်း လို့လဲ ၊ ဦးမြင့်နဲ့ က ဘယ်လို ပတ်သက်မှု ရှိသလဲ ''
'' ဒီလို ဆရာသမား ရယ် ၊ ကျွန် တော့် သားက အိမ်နဲ့ မြေတစ်ကွက် ဝယ်ဖို့ သွားကြည့်တယ် ၊ ဂရန်မြေ ဖြစ် ပြီး အမည်ပေါက် ကလည်း သက်ရှိ ထင်ရှား ရှိတယ် ''
'' ဒါဆိုရင် ဘာ အခက်အခဲ ရှိနေ လို့လဲ ။ အမည်ပေါက် ကိုယ်တိုင် အရောင်း စာချုပ် ချုပ်ဆို ရတာပဲ ''
'' ဟုတ် ပါတယ် ။ ရှင်းတယ် ဆိုပြီး ဝယ် ဖို့ဆုံးဖြတ် စရန်ငွေပေး လိုက်တာပေါ့ ''
'' ကန့်ကွက်သူ ပေါ်လာ လို့လား ''


         ''ဟုတ်တယ် ။ ချွေးမ လုပ်သူက ကန့်ကွက် လာတာဗျ ''
'' ချွေးမ လုပ်သူက ယောက္ခမမှ မကွယ်လွန် သေးတာ ဘယ်လိုကန့် ကွက်မလဲ ''
'' နောက် အိမ်ထောင် လည်းပြု ထားတယ် ။ အဲဒါ သူလည်း ရပိုင်ခွင့် ရှိပါတယ် ဆိုပြီး ကန့်ကွက် တာပဲ ''
''နောက်အိမ်ထောင်မပြုမီက ဘယ်မှာနေသလဲ''
'' အခု ရောင်းမယ် ဆိုတဲ့ ယောက္ခမ အိမ်မှာ နေတယ် ''
'' သားသမီး မကျန်ခဲ့ ဘူးလား ။ သားသမီး ကျန်ရင်လည်း အမွေမမီ မြေးအဖြစ် အဘွား ကွယ်လွန် မှရပိုင် ခွင့်ရှိမှာ ဖြစ်တယ် ။ ဒါနဲ့ လင်ယောက်ျား ဘက်က မောင်နှမ ဘယ်နှယောက် ရှိလဲ ''
'' သားသမီး လည်း မကျန်ခဲ့ဘူး ။ နောက် အိမ်ထောင် လည်းပြု သွားတယ် ဆိုတော့ ယောက္ခမ ဘက်ကတော့ သူနဲ့ ဘာမှ မပတ်သက်ဘူးလို့ပြော တာပဲ ။ ကျွန်တော်ကြား ဖူးတာက အမွေရှင် မိဘထက် စောပြီး သားသမီးက ကွယ်လွန်ခဲ့ရင် ကျန်ခဲ့တဲ့ ချွေးမ သားမက်က အမွေ ရခွင့် မရှိဘူးဆိုတာ ဟုတ်ပါ သလား ''


           '' မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ မြန်မာ ဗုဒ္ဓဘာသာ ဝင်တွေ ဖြစ်ခဲ့ ရင်တော့ ဦးမြင့် ပြောသလို အမွေ ဆက်ခံတဲ့ သားသမီး လည်းမရှိ ။ မိဘတွေ ထက်လည်း စောပြီး ကွယ်လွန်ခဲ့ ရင်တော့ ကျန်တဲ့ ဇနီး ၊ ခင်ပွန်းဟာ ယောက္ခမ တွေထံက အမွေရ ခွင့်မရှိဘူး ။ အခုကိစ္စက သားဖြစ်သူက သား သမီး မထွန်းကား ခဲ့တော့ မိခင်ကွယ် လွန်မှ ဒီကိစ္စ စဉ်းစားရမှာ ဖြစ်တယ် ။ လင်ယောက်ျား ဘက်က မောင်နှမ တွေက ဘာပြော ကြသေးလဲ ''
'' လင် ယောကျာ်း ဘက်က မောင်နှ မသုံးယောက် ရှိတယ် ။ ကွယ်လွန် သွားတာက သားအကြီးဆုံး ဖြစ်တယ် ''
'' သြော် - ဒါကြောင့် ချွေးမ ဖြစ်သူက သြရသသား ရဲ့ အမွေကို ရပိုင်ခွင့် ရှိတယ်လို့ ကန့်ကွက် တာဖြစ်မယ် ။ သတင်းစာ မပါလာဘူးလား''


            ''ရုတ်တရက် ထွက်လာတော့ ကန့်ကွက် သတင်းစာ မပါလာ ခဲ့ဘူးဗျာ ။ ဒါပေမယ့် ဆရာပြောမှ သတိရ တယ် ။ သြရသနဲ့ ဇနီးဖြစ် လို့ ရပိုင်ခွင့် ရှိတယ်ဆိုပြီး ကန့်ကွက်တာ ဆရာ ''
'' သြရသ သားရဲ့ အခွင့်အရေး ကတော့ မဆုံးရှုံး ဘူးပေါ့ဗျာ ''
'' သြရသရဲ့ အခွင့်အရေး ဆိုတာ ဘာကို ပြောတာလဲ ဆရာ''
'' သြရသ အခွင့်အရေး ဆိုတာ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ သီးခြား အခွင့်အရေး ပေးထား တာဖြစ် တယ်။  အကြီးဆုံး သားက ဖခင်ကွယ် လွန်သွားပြီး မိခင် ကျန်ခဲ့ရင် ဖြစ်စေ အကြီးဆုံး သမီးက မိခင် ကွယ်လွန်ပြီး ဖခင် ကျန်ခဲ့ရင် ဖြစ်စေ ၊ ကျန်ရစ်သူ မိဘထံမှ အမွေ ပစ္စည်းရဲ့ လေးပုံတစ် ပုံကို တောင်း ပိုင်ခွင့် ရှိတယ်လို့ ဥပဒေ မှာ ပြဋ္ဌာန်း ထားတယ်''
'' အခု ကိစ္စက သြရသ သားဖြစ် သူရဲ့ ဇနီးဖြစ် ပေမယ့် နောက်အိမ် ထောင်ပြု ထားတော့ ရပိုင် ခွင့်ရှိပါ သေးလား ''
'' နောက် အိမ်ထောင် ပြုတယ်ဆို တာက လင်မယား ကွာရှင်းပြီး နောက် အိမ်ထောင်ပြု ထားတာလား ။ လင် ယောကျာ်း ကွယ်လွန် ပြီးမှ နောက်အိမ် ထောင်ပြုသလား ဆိုတာ စဉ်းစားရ ပါတယ် ''
'' လင်ယောကျာ်း မကွယ်လွန်မီ မှာ လင်မယား ကွာရှင်း ပြီးမှ နောက် အိမ်ထောင်ပြု ခဲ့တယ် ဆိုရင်တော့ ယောက္ခမပိုင် အမွေ ပစ္စည်းပေါ်မှာ ရ ပိုင်ခွင့် မရှိဘူးပေါ့ ''


               '' မှန်ပါတယ် ။ လင် ယောက်ျားနဲ့ ကွာရှင်းပြီး ပစ္စည်းခန်း မခွဲဝေရသေး ဘူးဆို ရင်လည်း လင်ယောက်ျားနဲ့ အတူလက်ထက် ပွား ပစ္စည်းသာ ဥပေဒအရ ခွဲဝေ ရခွင့် ရှိပါတယ် ။ ယောက္ခမ ပိုင်ပစ္စည်း ကိုတော့ ရပိုင်ခွင့် မရှိတော့ပါဘူး ''
'' ပြောစကား အရတော့ လင် ယောက်ျား ကွယ်လွန် ပြီး နောက်ပိုင်း မှာလည်း ယောက္ခမနဲ့ အတူနေသေး တယ်ပြောတယ် ။ တစ်နှစ်လောက် ကြာမှ နောက် အိမ်ထောင် ပြုတယ်လို့ ပြောပါတယ် ''
'' ဒါဆိုရင်တော့ လင်ယောက်ျား ရဲ့ သြရသ အခွင့်အရေးကို သူက ရပိုင်ခွင့်ရှိ သွားပြီ ဖြစ်တယ် ''
'' ဘယ်လိုပဲ ဖြစ်ဖြစ် ခွဲပေးရမယ့် သဘော ဖြစ်နေတာပေါ့ ''
'' ဥပဒေ အရတော့ ခံစားခွင့်ရှိ သွားပြီ ဖြစ်တယ် ''
'' ဒါပေမယ့် ဗျာ၊ နောက်အိမ် ထောင်နဲ့ ခံစားရမယ် ဆိုတော့လည်း အဘွားကြီးက မပေးချင် ဘူးပေါ့ ။ ဒါ ကြောင့် မရောင်းတော့ ဘူးလို့လည်း ပြောပြန်တယ် ''


                '' ဦးမြင့်ကို ရှင်းအောင် ပြောပြ ရရင် တရားရုံးချုပ်က ဆုံးဖြတ်ထား တဲ့ ဒေါ်စန်းလွင် နှင့် ဒေါ်သန်းသန်း ၂ဝ၁၇ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၂၉ အမှုမှာ သားဖြစ် သူသည် အိမ်ထောင်ကျ ပြီးနောက် မိဘများ နှင့်အတူ ဇနီးဖြစ်သူနှင့် နေထိုင်ခဲ့ကြသည်။ ဖခင်ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း မိခင်နှင့်အတူ နေထိုင်ခဲ့သည်။ လင်ယောက်ျားကွယ် လွန်ပြီးနောက်တွင်လည်း ချွေးမဖြစ် သူသည် ယောက္ခမ နှင့် အတူနေပြီး သုံးလ အကြာမှ နောက် အိမ်ထောင်ပြု ခြင်းဖြစ်သည် ။ တစ်နည်း ဆိုရသော် ချွေးမ ဖြစ်သူသည် ကွယ်လွန်သူ ခင် ပွန်းဖြစ်သူရရှိခံစားရမည့် အခွင့်အ ရေးကို ဆက်ခံရရှိပြီးမှ နောက်အိမ် ထောင်ပြုခြင်းဖြစ်သည်။ တရားစွဲဆို ချိန်တွင် နောက် အိမ်ထောင်ပြုပြီး ဖြစ်သည့် ချွေးမသည် ကွယ်လွန်သူ လင်၏ သြရသ အခွင့်အရေးကို ဆက် ခံပြီး ယောက္ခမထံမှ အမွေတောင်းခွင့် ရှိသည်လို့ ဆုံးဖြတ် ထားပါတယ်''
'' ဒါဆိုရင် ဒီကိစ္စမှာလည်း ချွေးမ က ဝေစုရ နိုင်တယ်ပေါ့ ''
'' မှန်ပါတယ် ။ သြရသ အခွင့်အရေးအရ အမွေဝေစု လေးပုံ တစ်ပုံရ ခွင့်ရှိပါတယ် ''
'' အဘွားကြီးက မရောင်းတော့ ဘူးဆိုရင် ဘာဖြစ် နိုင်သလဲ''
'' အမှု အခင်းဖြစ်ပြီး အမွေရလိုမှု တရားစွဲဆို တာတွေ ဖြစ်နိုင်တယ် ။ နှစ်ဦး နှစ်ဖက် ညှိနှိုင်းလို့ အဆင်ပြေရင် ဆက်ပြီး ငွေချေပါ ။ ညှိနှိုင်း မှုအဆင် မပြေရင်တော့ စရန်ငွေ ပြန်ယူလိုက် တာကကောင်းမယ် ''ဟု အကြံပြု လိုက်ပါသည် ။


Credit: ထီယု ( ဥပဒေ အတိုင်ပင်ခံ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate