စုမဲ မထုတ်ရသေးတဲ့ သူတွေအနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ လိမ်လည်မှု မြောက်ပါသလား။

မေး ။ ယုံကြည်စိတ်ချရတဲ့ သူတွေ စုပြီး စုမဲထည့်တဲ့ လုပ်ငန်းတခု လုပ်ခဲ့ပါတယ် ။ တပတ်ကို ၅ သောင်း ထည့်ရပါတယ် ။ စုတဲ့သူ ၂၃ ယောက် ရှိပေမယ့် စုမဲဒိုင်ကိုင်တဲ့သူက ၁၂ ယောက်မြောက်အထိ စုငွေထုတ်ပေးပြီး နောက်ပိုင်း ငွေမပေးတော့ပါ ။ စုမဲ မထုတ်ရ သေးတဲ့ သူတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ် ။ ဒါဟာ လိမ်လည်မှု မြောက်ပါသလား ။ ဒိုင်ကိုင်တဲ့သူကို တရားစွဲရ မှာလား ။ ဘယ်သူ့ကို တရားစွဲရမလဲ ဆိုတာ သိလိုပါတယ် ။
ဖြေ ။ ဒိုင်ကိုင်တဲ့ လူက ထုတ်ပေးရမယ့် အလှည့်မှာ ရသင့်တဲ့သူကို မထုတ်ပေးနိုင်ရင် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ၄၀၆ နဲ့ စွဲလို့ရ ပါတယ် ။ ငွေထည့်ဖို့ ပျက်ကွက်သူကလည်း လိမ်လည်မှု ဖြစ်ပါတယ် ။ ဒီလုပ်ငန်းက ငွေချေး သက်သေခံလက်မှတ် လဲလှယ်ရေး နှင့် ရောင်းဝယ်ရေး ဥပဒေနဲ့လည်း ညှိနေပါတယ် ။ ပုဒ်မ ၅၅ ( က ) မှာ ဒါမျိုးလုပ်ငန်းက တရားဝင်လိုင်စင်မရှိရင် လုပ်ကိုင်ခွင့် မရှိ ပါဘူး ။ သူတို့က လိုင်စင်မရှိဘဲ နားလည်မှုနဲ့ လုပ်တာကိုး ။ အဲလိုဆိုရင် ပုဒ်မ ၆၁ အရ ထောင်ဒဏ် ၅ နှစ်ထက် မပိုတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း ခံရနိုင်ပါတယ် ။ အဲဒီ ဥပဒေပုဒ်မတွေကို သတိထားဖို့တော့ လိုပါတယ် ။
#Crd to owner
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...