ကာမကို ရယူပြီး ငွေညှစ်တဲ့ နည်းသစ်.. ( ဗဟုသုတ ရရန်နှင့် သတိထား ဆင်ခြင်နိုင် ကြရန် ဖော်ပြခြင်း ဖြစ်ပါတယ် )

ကာမကို ရယူပြီး ငွေညှစ်တဲ့ နည်းသစ်..( ဗဟုသုတရရန် နှင့်သတိထား ဆင်ခြင်နိုင် ကြရန် ဖော်ပြခြင်း ဖြစ်ပါတယ် ) တစ်နေ့မောင့်ဓာတ်ပုံ တင်ထားတဲ့ ဖုန်းနံပါတ်လေး နဲ့ Viber ဝင်လာတယ် " ညီမလေး အစ်မစကား နည်းနည်း ပြောချင်လို့ ရလား " ဒီ စာသားက …ကျမကို နည်းနည်း တုန်လှုပ် စေခဲ့တယ် ။ ပထမဆုံး …မောင်နဲ့ကျမ အတူတူတွဲ ရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့တယ် ။ "ညီမတို့ ချစ်သူ တွေလား "ဆိုတဲ့ မေးခွန်းလေးနဲ့ …ကျမ ထင်လိုက် တာကဒါ မောင်ရဲ့ ညီမ မောင်ရဲ့ အစ်မ တွေရဲ့ ပယောဂပါပြီ ဆိုတာ ကျမ သိလိုက်တယ် ။ နောက်တပုံ ထပ်ပို့တယ် မောင့်ပါးလေးကို ကျမနမ်း နေတဲ့ပုံ နောက်ထပ်တပုံ..မောင်က ကျမ နှုတ်ခမ်းလေးကို ..နမ်းနေတဲ့ပုံ ထပ်ပို့ အပြီးမှာ .…" သူ့မှာ အိမ်ထောင် ရှိရက်နဲ့ ညီမလေး ဘာလို့ မြူဆွယ် နေတာလည်း " ဆိုတဲ့ စကားနဲ့ မောင်က ခလေးတစ်ယောက်ကို ချီပြီး ဘေးကောင်မလေးက မောင့်လက် မောင်လေးကို မှီခိုထား တဲ့ပုံ "ဒါ ကျွန်မတို့ မိသားစု ဓာတ်ပုံ " တဲ့ ကျွန်မ လက်ထဲက ဖုန်းလေး ပြုတ်ကျ သွားတယ် ။ ပြန်ကောက်ဖို့ အင်အားချိနဲ့ ကုန်တယ် ။
ကျမထင် ခဲ့တာ ဒီလို မဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး ။ ကျမ ဖုန်းလေး ပြုတ်ကျ သွားပေမယ့် အဆက်မပြတ် ဝင်လာတဲ့ စာတွေ ပုံတွေ ကမောင်တို့ လက်ထပ်တုန်းက ပုံတွေ မောင် သားလေးနဲ့ ဆော့နေတဲ့ ပုံတွေ ကျမ မှားသွားပြီ မောင် …အထင်ကြီးခဲ့သမျှ အားလုံး အလကားပဲ ဆိုတဲ့ အတွေးတွေ နှမချင်းမစာနာ လုပ်ရက် လိုက်တာဆိုတဲ့ ဒေါသတွေ ထက်အစ်မ ကို ကျမ တောင်းပန်ပါတယ် ဆိုတဲ့ စာလေး တစ်ကြောင်းကို ကျမ ဘယ်လို အင်အားနဲ့ ရိုက်ရမလည်း သူ့မှာ အိမ်ထောင်ရှိမှန်း မသိခဲ့ရိုးအမှန်ပါ ။ ကျမ လိပ်ပြာ သန့်တယ် ။ မိဘ မျိုးရိုး မျက်နှာပျက်အောင် လုပ်မယ့် မိန်းမမျိုး မဟုတ်ပါဘူးလို့ စာပြန်ဖို့ ရိုက်နေတုန်း …ညီမလေးတို့ ပုံတွေ Fb ပေါ် တင်မှာပါ အစ်မတို့ အိမ်ထောင်ရေး ပျက်စီးအောင် ဖျက်စီးသလို ညီမတို့ မိအသိုင်းအဝိုင်း ကောင်းကောင်း ပေးဆပ် ရမယ် ဆိုတဲ့ စာကြောင်းက ကျမဘဝ ကို ထပ် သတ်လိုက်သလို ခံစားရတယ် ။ ကျမ ဝမ်းနည်း စိတ်ကြောင့် ငိုမိတယ် …ညီမ မိဘတွေရဲ့ မျက်နှာ ညီမ ဆွေမျိုးတွေရဲ့ မျက်နှာ ညီမ လုပ်ငန်းခွင်မှာ ညီမ ပတ်ဝန်းကျင်မှာ ညီမ ဘယ်လို မျက်နှာပြရမလည်း ညီမ တောင်းပန်ချင်တယ် ။ မိန်းကလေးချင်း ...ကိုယ်ချင်းစာပေး စေချင်တာပါ ပြောတော့ ညီမသာ အရင်ကတည်းက ကိုယ့်ချင်းစာစိတ်ရှိရင် အစ်မတို့ မိသားစုဘဝလေး အခုလိုလုပ်မှာ မဟုဘူး တဲ့ …ခုတော့ အစ်မ ခလေး တစ်ဖက်နဲ့ အစ်မ ဘဝ ပျက်ပြီလေတဲ့ ... ကိုယ့်ချင်းစာမိတယ် ။ ကိုယ့်ကြောင့် သူများ မိသားစုဘဝ ပျက်ခဲ့တာ ကိုယ့် ယုံစားခဲ့တာ ။
FB က ပရိုဖိုင်လေးမှာ ကော်လံကတုံး အဖြူလေးနဲ့ ဆံပင်အတို ယောပုဆိုးလေးနဲ့ မောင်ကို ကျမ လူကြီး လူကောင်း ဆန်တယ် ဆိုပြီး ယုံစားမိခဲ့တာ အစ်မ ညီမ ဘာလုပ်ပေး ရမလည်း ညီမ ဘာတွေ ပြန်ပေးရမလည်း သူနဲ့လည်း အဆက်အသွယ် မလုပ်တော့ဘူး ဒီနေ့ ဒီချိန်က စပြီး အစ်မ ကျေနပ်တဲ့ အထိ …ညီမ တောင်းပန်ပါမယ် ။ ညီမ မိဘတွေ မျက်နှာ ထောက်ပြီး ညီမကို အခွင့်အရေးတစ်ခု ပေးပါ ။ ပုံတွေ Fb ပေါ် မတင်ပါနဲ့ တောင်းပန်တာပါ ဆိုတဲ့ စကားအဆုံးမှာခလေး ရှေ့ရေးအတွက် အစ်မမှာ တာဝန်ရှိတယ် ။ သူအဖေက ခု အိမ်က ထွက်သွားပြီ ။ ညီမကြောင့် အစ်မတို့ မိသားစု ပြိုကွဲသွားပီ တဲ့ ခလေး ဘဝအတွက် နစ်နာကြေး ၁၅ သိန်း တဲ့ ကျမ ဘဝ နောက်တခါ အသတ်ခံရပြီ ။ လောကဓံရယ် သာမန် ကုမ္ပဏီက ဝန်ထမ်း ငယ်တစ်ယောက်အတွက် ၁၅ သိန်းဆိုတာ တခါမှ မကိုင်ဖူးတဲ့ အခြေအနေပါ ။ အဖေ အမေ မျက်နှာရယ် တသက်လုံး စောင့်ထိန်းခဲ့တဲ့ ကိုယ့်ကျင့်တရားရယ် . . . . . . ကိုယ့်ပေးဆပ် ရတော့မယ် ငွေ ၁၅ သိန်းရယ် တစ်ဘဝစာအရှက်သိက္ခာ အကြီးကြီးရယ် ။ နောက်ထပ် သတိရတာက စတိုခန်းထဲက နိုင်လွန်ကြိုးခွေရယ် အခု ကျမ ဘာလုပ်သင့်လည်း ...?အမတို့ / ညီမတို့ကော အဲလို ကြုံကြိုက်ခဲ့ရင် ဘယ်လို ဖြေရှင်းမလည်း ဒါသိပ် အရေးကြီးတယ် ။ ဒီလို လိမ်နည်းအသစ်တွေနဲ့ ချဉ်းကပ် တတ်တယ် ။
1 . အမျိုးကောင်းသား ပုံစံနဲ့ ချဉ်းကပ် ပါလိမ့်မယ် ။
2 . ရိုးသား ယောင်ဆောင် ချိုချိုသာသာ မိန်းမကြိုက် စကားတွေပြောပြီး ဆွဲဆောင် ပါလိမ့်မယ် ။
3 . သမီးရည်းစား အဆင့်ထိ ဆွဲယူပြီး အပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ တွဲရိုက် ပါလိမ့်မယ်။
4 . အဲ့ဒီ အချိန်ရောက် ပြီဆိုရင် မိန်းမတစ်ယောက်က သင့်ဆီ သူ့အမျိုးသမီးပါ ဆိုပြီး ဆက်သွယ်လာ ပါလိမ့်မယ် ။ ကလေးပါတဲ့ မိသားစု ပုံတွေပြပြီး သူများလင် ကြောင်တောင်နှိုက်သူ ဘဝရောက်အောင် စွပ်စွဲပါလိမ့်မယ် ။
5 . တောင်းတဲ့ငွေ ပေးရင်ပေး မပေးရင် သင်တို့ စုံတွဲ ဓါတ်ပုံတွေ ပို့ထားတဲ့ ချစ်ပလူးစာတွေ ကို သူတို့ မိသားစုပုံနဲ့ Facebook မှာတွဲတင်ပြီး အရှက်ခွဲမယ်လို့ ခြိမ်းခြောက် ပါလိမ့်မယ် ။
6 . မိသားစု အလုပ်အကိုင် ပတ်ဝန်းကျင်ကို ထိခိုက်မှာ အရှက်ကွဲမှာ စိုးတော့နောက်ဆုံး ရှာဖွေပေး ရပါတော့တယ်
7 . တောင်းတဲ့ငွေက ကိုယ့်အခြေအနေ ကိုကြည့်ပြီး ၁၅ သိန်းကနေ သိန်းရာချီထိ တောင်းတတ်တယ်လို့ ကြားသိရပါတယ် သတိထားကြပါအွန်လိုင်းထဲက အချစ်တွေ စိတ်သာယာမှု့တွေ နောက် မလိုက်ကြပါနဲ့ မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့ အသိထဲက ညီမ ၂ ယောက် ခံလိုက်ရပါပြီ အုပ်စုဖွဲ့ပြီးကို ခြိမ်းခြောက်တာပါ ၃ / ၄ ယောက်ပါပါတယ် ။ စိုးရိမ်စကားနဲ့ အမှာပါးလိုက် ရပါတယ် သတိရှိကြပါ..
KKZ
ကူးယူ ဖော်ပြပါသည် ။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...