ဖုန်း ထဲကအသံ သက်သေခံဝင် လူတိုင်း သိချင် ၊ မေးချင်သော……… ဖုန်းထဲမှာ ပြောကြားတဲ့ အသံဖိုင်ဟာ ၂၀၁၅ခုနှစ် သက်သေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေအရ " စာတမ်း အမှတ်အသား အဖြစ် သက်သေခံ တင်သွင်းလို့ ရပါတယ် ။

ဖုန်း ထဲကအသံ သက်သေခံဝင် လူတိုင်း သိချင် ၊ မေးချင်သော………ဖုန်းထဲမှာ ပြောကြားတဲ့ အသံဖိုင်ဟာ ၂၀၁၅ခုနှစ် သက်သေခံ ဥပဒေ ပြင်ဆင်သည့် ဥပဒေအရ " စာတမ်း အမှတ်အသား " အဖြစ် သက်သေခံ တင်သွင်းလို့ ရပါတယ် ။ ပြင်ဆင် ချက်ပုဒ်မ ၂ ( ခ ) အရ စာတမ်း အမှတ်အသား ဆိုတဲ့စကားရပ် ဥပမာများ……( ၄ ) မှာ-အသံကို ထည့်သွင်း ထားချက် များကို ယင်းမှ ပြန်လည်ထုတ်ဖော်ယူနိုင်သော ဓာတ်ပြား တိတ်ခွေ အသံလမ်းကြောင်း သို့မဟုတ် အခြားကိရိယာတစ်ခုခုလို့ အစားထိုးထားတယ်။ဒီတော့ တယ်လီ ဖုန်းထဲကနေ ပြန်ကူး ယူထားတဲ့ CDခွေ တိတ်ခွေ မန်မိုရီကဒ် တွေဟာ စာတမ်း အမှတ်အသားလို့ သတ်မှတ်ခဲ့ ပါတယ် ။ ကျွန်တော်တို့အနေနဲ့ ဖုန်းထဲက အသံကို တိတ်ခွေ မန်မိုရီကဒ် CDနဲ့ ကူးလိုက်ရင် ဒါဟာစာတမ်း အမှတ်အသား အဖြစ် ရရှိပါပြီ။
စာတမ်း အမှတ်အသား မိတ္တူပြင်ဆင် ချက်ပုဒ်မ ၂ ( ဂ ) ( ၁ ) အဆိုပါ စာတမ်း အမှတ်အသားနှင့် စပ်လျဉ်းပြီး အသံပါအချက်အလက် များတို့မှ ပုံဖော်ကူး ယူချက်သည် စာတမ်း အမှတ်အသား မိတ္တူ ဖြစ်တယ်လို့ ပြင်ဆင် ဖော်ပြခဲ့ပါတယ် ။ ကျွန်တော်တို့တွေဟာ အပေါ်က CD ကဖြစ်စေ မန်မိုရီကဒ် ကဖြစ်စေ အသံပြော ကြားချက်များကို စာဖြင့် ရေးကူး လိုက်တာနှင့် ထိုစာဟာ စာတမ်းအမှတ်အသား မိတ္တူ ရရှိပါပြီ ။ စာတမ်း အမှတ်အသား နှင့် မိတ္တူ ဆက်စပ်ပုံ ပြင်ဆင်ချက် ပုဒ်မ ( ၅ )အရ စာတမ်း အမှတ်အသား မိတ္တူတစ်ခုဟာ စာတမ်း အမှတ်အသား ဖြစ်ကြောင်း တိကျခိုင်မာစွာ သေချာပြနိုင်လျင် အဆိုပါမိတ္တူသည် မူရင်း သက်သေခံချက် ဖြစ်သည်ဟု ဖြည့်စွက် ပြင်ဆင် ထားပါတယ် ။ ဒါကြောင့် ကျွန်တော်တို့သည် စာတမ်း အမှတ်အသား ဖြစ်စေ CDတိတ်ခွေ မင်မိုရီကဒ်က အသံကို ဖွင့်ပြပြီး မိတ္တူကူးထားတဲ့ စာရွက်ပေါ်က စကားလုံးတွေနဲ့ တရားရုံးရှေ့ တိုက်ဆိုင် ပြလိုက်လျှင် ပုဒ်မ ( ၅ )ပါ တိကျခိုင်မာမူကို ပြသနိုင်တာဖြစ်လို့ အဆိုပါ မိတ္တူသည် " မူရင်း "သက်သေခံ ချက်ဖြစ် သွားပါပြီ ။
သက်သေခံ ဥပဒေပုဒ်မ ၆၄ စာတမ်း အမှတ်အသား များကို မူရင်း သက်သေခံချက်ဖြင့် တင်ပြရမည် ။ ဒါကြောင့် ကျွန်တော်တို့ ဖုန်းထဲကအသံ ကူးထားတဲ့ CD တိတ်ခွေ မင်မိုရီကဒ် တွေက ပြင်ဆင်ချက်၂ ( ခ ) အရ စာတမ်း အမှတ်အသားများ ဖြစ်လာကာ ၎င်းမှ စာရွက်ပေါ် ကူးယူချက် တွေသည် စာတမ်း အမှတ်အသား မိတ္တူများ အဖြစ် ပုဒ်မ၂( ဂ ) အရ သတ်မှတ် နိုင်သည် ။ တရားရုံးရှေ့ စာတမ်း အမှတ်အသား ဖြစ်တဲ့အသံကို မိတ္တူနှင့် တိုက် တိကျခိုင်မှာ ကြောင်းသက်သေ ပြလိုက်တာ နှင့် ပြင်ဆင်ချက် ( ၅ )အရ မိတ္တူသည် မူရင်း သက်သေခံအဖြစ် မှတ်ယူရမှာ ဖြစ်ပါသည် ။ ထိုအခါ သက်သေခံ ၆၄ အရ အဆိုပါစာတမ်း မိတ္တူများသည် မူရင်းသက်သေခံဖြစ်လို့ တရားရုံးမှာ သက်သေခံ တင်သွင်းနိုင်ပြီ ဖြစ်ပါသည် ။ အခြား ရုပ်သံများသည် လည်းအလားတူ တင်သွင်း နိုင်ပေမည်။
ဆရာဦးသိန်းထိုက်အောင်
#Crd to owner
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...