အဆောက်အဦ ပြီးစီးကြောင်း လက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက် အဆောက်အဦ ပြီးစီးကြောင်း လက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင် လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။

အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင် လူနေထိုင်ခွင့် ရရှိမှာ ဖြစ်ပါသည်။
ကန်ထရိုက်တာများသည် အဆောက်အဦး ဆောက်လုပ်ခြင်း အတွက် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦး ပြီးစီးကြောင်းလက်မှတ် ( BCC ) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါတယ်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) မရသေးသည့် အဆောက်အဦးသည် ကိုယ်ပိုင်မီတာ လျှောက်ထားလို့ မရ
သေးပါဘူး ။ တစ်တိုက်လုံး အတွက် စုပေါင်းအသုံးပြုသည့် မီတာတစ်လုံးထဲကို နေထိုင်သည့် အခန်းများ အချိုးကျ ထည့်ဝင်
ကျခံ ရပါတယ်။
ထိုသို့ အချိုးကျ ထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ် များပြားခြင်း ၊ မီးအား လုံလောက်စွာ အသုံးမပြုနိုင်ခြင်း စသည့် ဒုက္ခတွေ
ရှိပါသည်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲ ဆိုလျှင် ကန်ထရိုက်တာ နှင့် မြေရှင် ချုပ်ဆိုသော စာချုပ်ပေါ် မူတည်ပြီး နှစ်ဦးအချိုးကျ ထည့်ဝင်ကျခံရန် ( သို့မဟုတ် ) ကန်ထရိုက်တာ တစ်ဦးတည်း ကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။
တိုက်ခန်း ဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ ။
တိုက်ခန်း ဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန် အတွက် အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC )
ရရှိအောင် ဆောင်ရွက်ပေးရမည့် တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည် ။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) ခွင့်ပြုချက် မကျမီ လူနေထိုင်သည့် ကိစ္စအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေ ကောက်ခံခြင်းများ ရှိလာပါကလည်း ဒဏ်ငွေ ကျခံရန် တာဝန်သည် လည်း ကန်ထရိုက်တာ ( သို့မဟုတ် ) မြေရှင်ကသာ တာဝန်ယူ ကျခံရမှာ ဖြစ်ပါသည် ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ - ၃၁၂ ( င ) အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်း အတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ် ချမှတ်နိုင်သည် အထိ အရေးယူ ခံရနိုင်ပါတယ် ။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) မကျသေးသည့် တိုက် ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာ တပ်ဆင်ရန်
ကိစ္စကိုလည်း ထည့်သွင်း စဉ်စားရပေမည် ။
ကိုယ်ပိုင် လျှပ်စစ်မီတာ တပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စ အဖြစ် ပါဝင်လာပြန်သည် ။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော် ကုန်ကျနေသည့် ခေတ်ကာလတွင် အရောင်းအဝယ်စာချုပ်တွင် ကြိုတင်ညှိနှိုင်း
ချုပ်ဆိုထားခြင်း မရှိပါက ရောင်းသူများ ဖြစ်သော ကန်ထရိုက်တာ နှင့် မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ် ထပ်မံ ကောက်ခံခြင်းများ ရှိနေပါသည် ။
ထို့ကြောင့် အထက်ပါ ကိစ္စများကို စတင် ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများ အနေဖြင့် ပိုမိုစိတ်ချရမှာ ဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း ၊ ကုန်ကျစရိတ် ကောက်ခံခြင်းများ ရှိနိုင်ပါတယ် ။
ထို့အတွက် တိုက်ခန်းဝယ်ယူမည် ဆိုလျှင် အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် ( BCC ) ခွင့်ပြုချက် မရရှိသေးသည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း အဆောက်အဦး ပြီးစီးကြောင်းလက်မှတ် ( BCC ) ရရှိပြီး လူနေထိုင်ခွင့် ရပြီးသား တိုက်ခန်းကို ရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်က ဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည် ။
( အောက်တွင် bcc နမူနာ ပုံစံကို ပူးတွဲ ဖော်ပြပေးလိုက်ပါတယ် ။ )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...