ကိတ္တိမ သားသမီး နှင့် အပတိဌ သားသမီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာဝင် တို့သည် သားသမီး မွေးစား နိုင်ပေသည် ။ သို့ရာတွင် အောက်ပါ ပုဂ္ဂိုလ်တို့သည် သားသမီး မွေးစားခြင်း မပြုနိုင်ပါ ။

ကိတ္တိမ သားသမီး နှင့် အပတိဌ သားသမီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာဝင် တို့သည် သားသမီး မွေးစား နိုင်ပေသည် ။ သို့ရာတွင် အောက်ပါ ပုဂ္ဂိုလ်တို့သည် သားသမီး မွေးစားခြင်း မပြုနိုင်ပါ ။
၁ ။ အသက် ၁၈ နှစ်မပြည့် သေးသူများ နှင့် ရူးသွပ် သူများသည် သားသမီး မမွေးစားနိုင်ပေ ။
၂ ။ ရဟန်းတော် များသည် သားသမီး မမွေးစား နိုင်ပေ ။
၃ ။ ဆွေမျိုး မတော်စပ်သူ နှစ်ဦး သို့မဟုတ် လင်မယား မဟုတ် သူနှစ်ဦး ပေါင်းစပ်၍ သားသမီး မမွေးစားနိုင်ပေ ။
၄ ။ လင် နှင့် မယားသည် သားသမီး ရင်းများရှိ စေကာမူ သားသမီး မွေးစား ခွင့်ရှိသည် ။ လင်သည် လည်းကောင်း ၊ မယားသည်လည်းကောင်း နှစ်ဦးသဘော တူညီချက် မရရှိဘဲ မိမိဆန္ဒ တစ်ခုတည်းဖြင့် သားသမီး မမွေးစားနိုင်ပေ ။
၅ ။ မွေးစား မိဘများသည် သားသမီး မွေးစားခြင်း ကို၄င်း တို့ဆန္ဒအလျောက် မပယ်ဖျက် နိုင်ပေ ၊ မိရင်း ဖရင်းက အရွယ် မရောက်သော ကလေးကို ပြန်ခေါ်ခွင့် ရှိသည် ။
၆ ။ မွေးစား သားသမီဲး သဘော တူညီမှု မရဘဲ မွေးစားခြင်းကို ပယ်ဖျတ်နိုင် ၊ မွေးစား သားရဟန်း ဘောင်သို့ ဝင်သွားလျှင် မွေးစားခြင်း ပျက်ပြယ်သည် ။ ( ရဟန် ဘဝ လူထွက်ပြီး ထပ်မံ မွေးစာႏနိုင်သည် )
၇ ။ မွေးစား မိဘသည် မွေးစားထားသော ကလေးကို သူတပါးအား မွေးစားရန် တဆင့်ပြန် ပေးနိုင် သည် မွေးစားမိဘသည် ဗုဒ္ဓဘာသာကိုစွန့်လွတ်လျှင် မွေး စားခြင်း အလိုအလျောက် ပျက်ပြယ်သည် ။
၈ ။ ၁.၄.၁၉၄၁ မှစ၍ မှတ်ပုံတင်ခြင်း မရှိပါက အမွေဆက်ခံ ခွင့်မရှိသော မွေးစား သားသမီး မနုကျယ် ဓမ္မသတ်အရ အပတိဌ သားသမီးများ ဖြစ်ကြောင်း ဖော်ပြထား ပေသည် ။ ကိတ္တိမ သားသမီး မွေးစားရာတွင် ကိတ္တိမ သားသမီး မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ ကိတ္တိမ မွေးစား စာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် ပြုလုပ် ချုပ်ဆိုရ ပါသည် ။ သို့မှသာ မွေးစားခြင်း တရားဝင်ပြီး မွေးစား မိဘ၏ သားရင်း သမီးရင်းတို့နှင့် တန်းတူ အခွင့်အရေး ရရှိမည် ဖြစ်သည် ။ ကိတ္တိမ မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ မွေးစားစာချုပ် ချုပ်ဆို မထားပါက အပတိဌ သားသမီးသာ ဖြစ်ပြီးမည် ။
အပတိဌ သားသမီး ဆိုသည်မှာ ဓမ္မသတ် ကျမ်းများအရ ကောက်ယူ၍ မွေးသော သားသမီးဟု ဖော်ပြထား ပေသည် ။ အပတိဌ သားသမီးများမှာ ကိတ္တိမ သားသမီး များကဲ့သို့ မိဘအမွေကို ဆက်ခံရန် ရည်စူး၍ မွေးစားသော သားသမီးမဟုတ်ဘဲ အမှတ်မထင်ကောက်ယူ မွေးစားခြင်း ဖြစ်သည် ။ သို့သော် အပတိဌ သားသမီး များ၌လည်း အမွေခံစားခွင့် ရှိပေသည် ။ မွေးစား မိဘများ နှင့်အတူနေထိုင်မှသာ အမွေခံစား ခွင့်ရှိပြီး ခွဲခြား နေထိုင်လျှင်မူ အမွေ ဆက်ခံခွင့် ဆုံးရှုံးမည် ဖြစ်သည် ။ အပတိဌ သားသမီးများ အနေဖြင့် မွေးစားမိဘ၌ သားသမီး ၊ မြေး ၊ မြစ်နှင့် ကိတ္တိမမွေးစား သားသမီးများ မရှိသောအခါမှသာ အမွေခံစား ခွင့်ရှိပေသည် ။ မွေးစားမိဘနှစ်ပါးစလုံး ကွယ်လွန်မှသာ ရပိုင်ခွင့်ရှိပြီး ရရှိမည့် အမွေ ဝေစုမှာလည်း တစ်ဝက်သာ ဖြစ်သည် ။ ကျန် တစ်ဝက်ကို မွေးစား မိဘ၏ ဆွေမျိုးများက ရခွင့်ရှိပေသည် ။
ထို့ကြောင့် ကိတ္တိမ မွေးစား သားသမီး များသည် မွေးစား မိဘ များထံမှ ခံစားခွင့် အပြည့်ရှိ ပါသည် ။
ကူးယူ ဖော်ပြ ပါသည်။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...