များသောအားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်မဆောင်ဘဲ နေကြတာ များပါတယ်။

များသောအားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန် မဆောင်ဘဲ နေကြတာ များပါတယ်။
မြေကွက်ကိစ္စတွေကတော့ အမည်ပေါက် ပြောင်းမယ်ဆိုရင် ဝယ်ခွန် ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာ ဖြစ်လို့ မဖြစ်မနေ ဝယ်ခွန် ဆောင်ကြတာ ဖြစ်တယ် ။
တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်း လုပ်ထုံးလုပ်နည်း ထုတ်ပြန်ထားတာ မတွေ့ရဘူး။
ဒီအချက်ကြောင့်လည်း ဝယ်ခွန် မဆောင်ဘဲ ရောင်းဝယ်နေကြတာ ဖြစ်တယ်''
'' သက်ဆိုင်ရာ ဝန်ကြီးဌာနက မြေကွက်တန်ဖိုး စံနှုန်းသတ်မှတ်ပေးတာ ရှိပါတယ် ''
အဲဒီ စံနှုန်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်တာ ဖြစ်တယ် ''
တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာမျိုးပေါ့
ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်
ပေးထားပါတယ်
ဝယ်ခွန်ဆောင်မယ် ဆိုရင် အခု သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပါ
ဝယ်ခွန်ဆောင်မယ် ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ် အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ( ၃ဝ ) အတွင်း လျှောက်ထားရပါတယ်။
အဲဒီရက် ကျော်ရင်တော့ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်တယ်
'' အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့ ''
အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင် သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာ ဖြည့်စွက်တင်သွင်းရမှာ ဖြစ်တယ်။
အခက်အခဲ မရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီ ပေးသွားမှာ ဖြစ်တယ် ''
'' ဝယ်ခွန်ဆောင်ရင် ဘယ်လို အကျိုးကျေးဇူး ရနိုင်မလဲ ''
'' ဒါကတော့ ရှင်းပါတယ် ။ ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာ ဖြစ်ပါတယ်''
'' ပြန်ရောင်းရင် ဘယ်လိုဖြစ်နိုင်သလဲ ''
'' ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့ အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ် တယ် ။ ရောင်းရငွေပေါ်မှာ ဆောင်ရမှာ မဟုတ်ဘူး ''
'' ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာက ကောင်းတာပေါ့နော် ''
'' မှန်ပါတယ် ။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ် ။
အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန် ဆောင်သင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ် ။
ကူးယူဖော်ပြပါသည်။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...