ပုံစံ (၇) မိဘအမည်ပေါက်လယ်ယာမြေကို သားသမီးတွေ ခွဲတဲ့အခါ ပုံစံ ၇ ရအောင်ဘယ်လို လုပ်ရမလဲ သိပါရစေ။

ပုံစံ (၇) မိဘအမည်ပေါက်လယ်ယာမြေကို သားသမီးတွေ ခွဲတဲ့အခါ ပုံစံ ၇ ရအောင်ဘယ်လို လုပ်ရမလဲ သိပါရစေ။
ပုံစံ ၇ က မိဘအမည်ပေါက်ဖြစ်ပါတယ် ။ လက်ရှိမှာ မိဘမရှိတော့တဲ့အတွက် အဲဒီလယ်ယာမြေကို ကျန်တဲ့ သားသမီးက အမွေခွဲလိုပါတယ် ။ လယ် ၁၀ ဧကကို သားသမီး ၃ ယောက်ခွဲတဲ့အခါ ပုံစံ ၇ ရအောင်ဘယ်လို လုပ်ရမလဲဆိုတာကို သိလိုပါတယ် ။
နည်းလမ်း ၂ မျိုးရှိနေပါတယ်။
ပထမက လယ်ယာမြေနည်း ဥပဒေ အခန်း ၄ နည်း ၂၉ အရ လယ်ယာမြေ လုပ် ပိုင်ခွင့်ကို အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူ ပုံစံ ၉ (က)ဖြင့် မြို့နယ် ဦးစီးဌာနရုံးသို့ လျှောက်ထားရန် ဖြစ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိပြီးသော ဦးပိုင်များအား အမွေဆက်ခံခြင်းအရ ခွဲစိတ်ပြောင်းလဲပြင်ဆင်ပေးရန် အတွက် ဗဟိုလယ်စီအဖွဲ့မှ (၂၄-၅-၂၀၁၇) ရက်စွဲပါ ညွန်ကြားချက် အမှတ် (၁/၂၀၁၇) အပိုဒ် ၄ ပိုဒ်ခွဲ (က) ပါအချက်များနှင့် အညီလျှောက်ထားရပါမယ်။
အဆိုပါ အပိုဒ် ၄ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၄ တွင်ဖော်ပြထားချက်အရ အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားအဖြစ် စီရင်ပိုင်ခွင့်ရှိသာ တရားရုံးမှ ထုတ်ပေးသော အမွေဆက်ခံခွင့် လက်မှတ် မိတ္တူပါရှိရန်ဖြစ်ပါတယ်။
အမွေဆိုင်အချင်းချင်း ခွဲဝေမှု မကျေနပ်ရင် ဆောင်ရွက်ရမည့် ဒုတိယနည်းလမ်းကတော့ လယ်ယာမြေဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (ဂ) ပါ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာ ပါက တည်ဆဲဥပဒေနှင့် အညီသက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းချက်အရ တရားရုံးသို့ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံခွင့် လျှောက်ထားရယူရန်ဖြစ်ပါတယ်။
DVBlawlab နှင့် ဆရာဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) အမေး / အဖြေမှ
#Crd to owner
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...