( အများ ပြည်သူတို့ သိမှတ်ဖွယ်ရာ ဥပဒေ ပုဒ်မ ၂၉၄ / ၅၀၆ )

(အများ ပြည်သူတို့ သိမှတ်ဖွယ်ရာ ဥပဒေ ပုဒ်မ ၂၉၄ / ၅၀၆ )
…………………………………………………
အရပ်ထဲတွင် ဆဲဆိုရန် ဖြစ်ကြ သူတို့အတွက် ဥပဒေမှ ဒီတိုင်း မထားပါ ။ ပြဿနာ ဖြစ်ခဲ့လျှင် ရပ်ကွက် ရုံးသို့ တိုင်ကြားခံရ၍ ဖြေရှင်းကြ သူတို့အတွက် ကိစ္စမရှိ သော်လည်း ရိုးရိုးရုံးတွင် ကျေအေး မပေးနိုင် သူတို့မှာ တရားရုံးသို့ ရောက်တတ် ကြသည် ။ ထိုအခါ တရားရုံးတွင် စွဲဆိုခံရသော ပုဒ်မတို့မှာ ရာဇသတ်ကြီး ပုဒ်မ -၂၉၄ / ရာဇသတ်ကြီး ပုဒ်မ - ၅၀၆ တို့နှင့် စွဲဆို ဖြေရှင်း ထုချေကြရသည် ။ ထို့ပြင် ပြဿနာ ဖြစ်ပွားရာတွင် လက်ပါ သူတို့အတွက် ပုဒ်မ - ၃၂၃ / ပုဒ်မ-၃၂၄ စသဖြင့် တုတ်ဓား ပါလျှင် ပုဒ်မ - ၃၂၅ /ပုဒ်မ - ၃၂၆ စသည်တို့ဖြင့် ကြီးလေးစွာ ပြစ်ဒဏ် ချမှတ်ခြင်း ခံရ တတ်သည် ။
ယခု တင်ပြလို သည်မှာ ပုဒ်မ-၂၉၄ ( ညစ်ညမ်းစွာ ဆဲဆိုမှု ) နှင့် ပုဒ်မ - ၅၀၆ ( ခြိမ်းခြောက်မှု ) တို့ဖြစ်သည် ။ ပုဒ်မ -၂၉၄ မှာ ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် ( ၃ လ ) နှင့် ငွေဒဏ်တို့ ချမှတ် နိုင်ပြီး ပုဒ်မ - ၅၀၆ မှာ ပြစ်မှု ထင်ရှားလျှင် ( ၂ နှစ် ) ထိ ထောင်ဒဏ် နှင့် ငွေဒဏ် တစ်မျိုးမျိုးလဲ ချမှတ် နိုင်သည် ။ ပုဒ်မ နှစ်ခုလုံးမှာ ရဲအရေးပိုင်သော ပုဒ်မများ ဖြစ်၍ ပြဿနာ ဖြစ်ပွားရာ နေရာရှိ အပိုင်ရဲစခန်းသို့ သွားရောက် တိုင်ကြား အမှု့ဖွင့် နိုင်ပါသည် ( ရဲမှအမှု မဖွင့်ပေးလျှင် မြိုနယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုနိုင်ပါသည် )။ ထို့ပြင် စွပ်စွဲခံရသူမှ လာရောက် မဖြေရှင်းလျှင် ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီး နိုင်ပါသည် ။ အာမခံရသော ပုဒ်မများ ဖြစ်သောကြောင့် စခန်းတွင် ရဲအာမခံ တရားရုံးသို့ ရောက်ရှိလျှင် ရုံးအာမခံ လုပ်ရန် လိုအပ်ပါသည် ( အာမခံ အကြောင်းနှင့် အာမခံမည် သို့လုပ်ရပုံများကို နောက် postများတွင် ရေးသား ပေးပါမည် )။
ပြစ်မှု့ ဆိုင်ရာ ဥပဒေပါ ပုဒ်မ -၂၉၄ နှင့် ပုဒ်မ-၅၀၆ ဖွင့်ဆိုချက်
………………………………………………………………………
ရာဇသတ်ကြီး ပုဒ်မ-၂၉၄ ။ ။ မည်သူမဆို အခြား သူများ စိတ်ငြိုငြင်အောင် --
( က ) အများပြည်သူ ဆိုင်ရာ နေရာ တစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှု တစ်ခုခုကို ပြုလုပ်လျှင် သို့မဟုတ်
( ခ ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ဖြစ်စေ အနီးအနားတွင် ဖြစ်စေ ညစ်ညမ်းသော ကဗျာ လင်္ကာ သီချင်း စကား တစ်မျိုးမျိုးကိုရွတ်ဆိုခြင်း သီဆိုခြင်း ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။
ရာဇသတ်ကြီး ပုဒ်မ-၅၀၆ ။ ။ ( ရာဇဝတ် မကင်းသော ခြောက်လှန့်မှု )
မည်သူမဆို………… ရာဇဝတ် မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်သည််
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...