လိင်တူ အမျိုးသမီး အချင်းချင်း တရားရုံးမှာ လက်မှတ် ရေးထိုးပြီး လက်ထပ် စာချုပ်ချုပ် လို့ရပါသလား ။ မရဘူး ဆိုရင် လည်း ဥပဒေအရ တားမြစ်ထားတာ ရှိမရှိ ဆိုတာ သိလိုပါတယ် ။

လိင်တူ အမျိုးသမီး အချင်းချင်း တရားရုံးမှာ လက်မှတ် ရေးထိုးပြီး လက်ထပ် စာချုပ်ချုပ် လို့ရပါသလား ။ မရဘူး ဆိုရင် လည်း ဥပဒေအရ တားမြစ်ထားတာ ရှိမရှိ ဆိုတာ သိလိုပါတယ် ။
======================
ဥပဒေက တားမြစ် ထားတာ မရှိသလို ခွင့်ပြု ထားတာလည်း မရှိပါဘူး ။ အမေရိကန် မှာတော့ ခွင့်ပြု လိုက်ပါပြီ ။ အိန္ဒိယမှာလည်း ပြဿနာ ဖြစ်နေတယ် ။ ဂျပန်မှာတော့ လိင်တူ ချစ်သူစုံတွဲ ၁၃ တွဲက နိုင်ငံတော် အစိုးရကို တရား စွဲတယ် ။ စွဲတဲ့အကြောင်းအရာကတော့ သူတို့ရဲ့ ဖွဲစည်းပုံမှာ နိုင်ငံသား အားလုံး တန်းတူ အခွင့်အရေး ရှိတယ်လို့ ပါတယ် ။ ဒါပေမဲ့ လိင်တူချစ်သူ သူတို့ပေါင်းထားတယ်။ ဂျပန်မှာ ဘယ်လောက် တောင်ခွင့်ပြုထား သလဲဆိုရင် ဂျပန်ရဲ့ နယ်မြေ ၁၀ ခုမှာ အခန်းတွေ ငှားရမ်းပိုင်ခွင့် ပေးထားတယ် ။ ဒါပေမဲ့ ထိမ်းမြား လက်ထပ်တဲ့ အခွင့်အရေး မရသေးဘူး ။ အဲဒီ စုံတွဲတွေက နယ်မြေ ၆ ခု အစိုးရကို အသီးသီး တရားစွဲ ကြတယ် ။ လူတိုင်းက ကိုယ်ပိုင် အခွင့်အရေး ရှိတယ် ၊ ပေါင်းသင်း နိုင်တယ် ၊ မကျန်းမမာ ဖြစ်ရင် ဆောင်ရှောက်နိုင်တယ် ဒါပေမဲ့ သူတို့က အတူသာနေတာ အမွေဆက်ခံ ခွင့်မရ ကြပါဘူး ။
မွေဆက်ခံ ခွင့်ရဖို့က တရားဝင် ပေါင်းသင်းဖို့ လိုအပ်တယ် ။ တရားဝင် ပေါင်းသင်းဖို့ကို ဥပဒေ ပြုပေးဖို့အတွက် တိုက်ပွဲဝင်တာပါ ။ ဒါနဲ့ ပတ်သက်လို့ “ ဟီဒါဆာဝါ ”ဆိုတဲ့အမတ်က နိုင်ငံမှာ လိင်တူ ပေါင်းသင်း သူတွေများ မယ်ဆိုရင် လူမျိုးနဲ့နိုင်ငံ ဟာ ပျောက်ဆုံးသွားနိုင်တယ်လို့ သတိပေး ထားပါတယ် ။ ဘာပဲဖြစ်ဖြစ် လိင်တူ အခွင့်အရေးကို တောင်းဆို သူတွေ ၊ ထောက်ခံသူတွေ များလာရင် ၊ နောက် လူထုကလည်း ထောက်ခံလာရင် ဥပဒေ ဖြစ်လာ မှာပေါ့ ။ ဥပဒေဖြစ်ရင် တရားဝင် လက်ထပ်လို့ ရပြီ ။ ဒီနိုင်ငံမှာ ဒီလိုဖြစ်ချင်ရင် လူအများ လက်ခံနိုင်အောင် တောင်းဆို ရမှာပေါ့ ။ အများက လက်ခံရင်တော့ ရနိုင်ပါတယ် လို့ပဲ ဖြေကြား ချင်ပါ တယ် ။
DVBlawlab DVBtvnews လိင်တူ လက်ထပ် ထိမ်းမြာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...