“ GP / SP နှင့် ပတ်သက်၍ သိထား သင့်သည့် အချက်များ

“ GP / SP နှင့် ပတ်သက်၍ သိထား သင့်သည့် အချက်များ ”
*** “ အထူး ကိုယ်စားလှယ် လွှဲစာနှင့် အထွေထွေ ကိုယ်စား လှယ်လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ ” အိမ်ခြံ မြေ ရောင်း ၀ယ် ရာမှာ ချုပ်ဆို ကြလေ့ရှိတဲ့ အထူးကိုယ်စား လှယ်လွှဲစာ ( Special Power ) နဲ့အထွေထွေ ကိုယ်စားလှယ် လွှဲစာ (General Power ) တွေ လုပ်ဆောင်ရာမှာ နှစ်ဦး နှစ်ဖက် သတိထားသင့် ၊ သိထားသင့်တဲ့ အချက်တွေ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောပါတယ် ။ အိမ် ခြံ မြေ ရောင်း ၀ယ် ရာမှာ တချို့ ၀ယ်လက်တွေက အခွန်ရှောင် ချင်တဲ့ အခါမှာ အရောင်းအ၀ယ် စာချုပ်နဲ့ တစ်ခါတည်း လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စား လှယ်လွှဲ စာတွေ ၊ အထူး ကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ် ထားကြလေ့ ရှိပါ တယ် ။ အခွန် ရှောင်ချင် တဲ့အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့ တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့ အချက်တွေ ရှိနေပါတယ် ။
* အထူး ကိုယ်စား လှယ်လွှဲစာ ၊ အထွေထွေ ကိုယ်စား လှယ်လွှဲစာတွေ လုပ်ဆောင်ရာမှာ အကြီးအကဲ ( လွှဲပေးတဲ့သူ ၊ တစ်နည်း အားဖြင့် ရောင်းချ သူပိုင်ရှင် ) ဟာ
- သေဆုံးခြင်း ( သို့မဟုတ် ) စိတ်ပေါ့ သွပ်သွားခြင်း ကြောင့်ဖြစ်စေ ၊
- ထောင်နှစ် ရှည်ကျ လျှင်ဖြစ်စေ ၊
- ကြွေးမြီမှ ကင်းလွတ် စေရန် အတည်ဖြစ် လျက်ရှိတဲ့ ဥပဒေ တစ်ရပ်ရပ်အရ ကြွေးမ ဆပ်နိုင်တဲ့ လူမွဲစာရင်း ဖြစ်ကြောင်း စီရင်ဆုံးဖြတ် ခြင်းခံ ရခြင်းကြောင့် ဖြစ်စေ ၊ ဒီလို အကြောင်းတရား တွေကြောင့် အထူးကိုယ်စား လှယ်လွှဲစာ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင် ပြီးပျက်ပြယ် သွားမှာ ဖြစ်ပါတယ် ။ ဒီအချက်တွေကို ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြထား ကြောင်းလည်း အိမ် ခြံ မြေ လောကမှာ နှစ်ပေါင်း ၃၀ နီးပါး အတွေ့အကြုံ ရှိထားတဲ့ ကြည်စိုး ( IC ) က ပြောပါတယ် ။ ဒီလို ကိုယ်စားလှယ် လွှဲစာတွေ ပျက်ပြယ် ရတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်း တွေထဲက တစ်ခုကို ဥပမာ ပြရရင်လူတစ် ယောက်က အိမ် မြေ ပိုင်ရှင် တစ်ယောက်ဆီက သိန်း ၁၀၀ တန်အိမ် မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့ စာချုပ်ချုပ်ပြီး ငွေချေ လိုက်ပါတယ် ။ နောက်တစ်နေ့မှာ အဲဒီ ရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွား ခဲ့တယ် ဆိုရင် အဲဒီ အထူးကိုယ်စား လှယ်လွှဲစာက အကျုံးမ၀င် တော့ဘဲပျက်ပြယ် သွားမှာ မျိုးဖြစ်ပါတယ် ။
- ဒီကိုယ်စား လှယ်လွှဲစာ တွေကို စနစ် တကျနဲ့ ပြန်ရုပ်သိမ်း နိုင်ရင်လည်း ပျက်ပြယ်သလို
- ကိုယ်စားလှယ် ( ပိုင်ရှင် ) က ကိုယ်စားလှယ် လုပ်ငန်းကို ဆောင်ရွက်ရန် ငြင်းပယ်ခြင်း ကြောင့် ဖြစ်စေ ၊
- ကိုယ်စားလှယ် လုပ်ငန်း ပြီးဆုံးခြင်း ကြောင့် ဖြစ်စေလည်း ပျက်ပြယ်ပါတယ် ။
*** ဒီကိုယ်စား လှယ်လွှဲစာ တွေမှာ သက်တမ်း မရှိသလို စိတ်ပေါ့ သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီးစာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ ကြိုက်တဲ့သူကို လွှဲနိုင်ပါတယ် ။ ***ဒါပေမဲ့ ဒီကိုယ်စား လှယ်လွှဲစာတွေ ဟာလွှဲတဲ့ သူရော ၊ အလွှဲခံတဲ့သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ် ။ အထူးကိုယ် စားလှယ် လွှဲစာနဲ့ အထွေထွေ ကိုယ်စားလှယ် လွှဲစာမှာ
*** အထွေထွေ ကိုယ်စားလှယ် လွှဲစာဟာ အကန့်အသတ် မရှိ ပါဝါပေး တာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ ၊ ဖြစ်သမျှ ပြဿနာကိုမူလ ပိုင်ရှင်ဟာ ရှောင်လို့ မရတာကြောင့် ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူး *** လို့ အကျိုးဆောင် တချို့က ပြောပါတယ် ။ အခုလိုအချိန်အခါမှာ အိမ် ခြံ မြေ ရောင်း ၀ယ်ရာမှာ ကျင့်သုံးရမယ့် အခွန်စနစ်ဟာ ၀ယ်လက်တွေ အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ် ။ ဒါကြောင့် ကိုယ်စားလှယ် လွှဲစာတွေကို ပိုအာရုံကျ နေကြဖွယ်ရှိလို့ သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ အလုပ်လုပ်သင့် ကြောင်း အကျိုးဆောင် တချို့က အကြံပြုပါတယ် ။ အဆင့်ဆင့် လက်ဆင့်ကမ်း ဝယ်ယူလာကြပြီး နောက်ဆုံး ၀ယ်ယူထား သူအနေနဲ့မူလပိုင်ရှင် ( သို့မဟုတ် ) GP / SP လွှဲအပ်ခံထား ရတဲ့ သူရှာမရခဲ့ ဘူးဆိုလျှင် သက်ဆိုင်ရာ တရားရုံးကနေ အနိုင်ဒီဂရီ ရယူပြီး အဆိုပါ အနိုင်ဒီဂရီနဲ့ ၀ယ်သူ အမည်ပေါက် ( အမည်ပြောင်း ) လို့ ရပါသည် ။
Credit - ဥပဒေရေးရာ
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...