လူတိုင်းသိထားသင့်သော ဥပဒေရေးရာအဖြာဖြာ။ ယောက်ျား (ပျို/အို) နှင့် မိန်းမ (ပျို/အို)တို့

လူတိုင်းသိထားသင့်သော ဥပဒေရေးရာအဖြာဖြာ။
ယောက်ျား (ပျို/အို) နှင့် မိန်းမ (ပျို/အို)တို့
ကျူးလွန်သော ကာမဆိုင်ရာပြစ်မှုများ-
(က) မုဒိမ်းမှု (ပုဒ်မ-၃၇၆)
(ခ) ဓမ္မတာနဲ့ ဆန့်ကျင်သောပြစ်မှု (ပုဒ်မ-၃၇၇)
(ဂ) ကာယိနြေ္ဒဖျက်ဆီးမှု (ပုဒ်မ-၃၅၄)
(ဃ) ထိမ်းမြားခြင်းဆိုင်ရာပြစ်မှုများ (ပုဒ်မ-၄၉၃-၄၉၈)
(င) တစ်လင်တစ်မယားဥပဒေဆိုင်ရာပြစ်မှု
(က) မုဒိမ်းမှု (ပုဒ်မ-၃၇၆)
လူယောက်ျားက လူမိန်းမ (ပျို/အို)အပေါ် အလိုမတူ၊ အခွင့်မပေးဘဲ ပေါင်းသင်းစပ်ယှက်မှုမပြုရဘူး။ ကြောက်အောင်ပြုပြီး မအိပ်ရဘူး၊ အရွယ်မရောက်သေး သူကိုလဲ မပေါင်းသင်းရဘူး၊ မိမိမယားဖြစ်သော်လည်း မအိပ်ရဘူး၊ ကျူးလွန်သူ လူယောက်ျားကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချနိုင်တယ်။
(ခ) ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု
လူယောက်ျားဟာ လူယောက်ျားနဲ့၊ လူမိန်းမဟာ လူမိန်းမနဲ့၊ လူ (ကျား/မ)ဟာ တိရိစ္ဆာန်နဲ့ လူ့ဓမ္မတာအတိုင်းမဟုတ်တဲ့နည်းနဲ့ ကာမစပ်ယှက်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ် ချနိုင်တယ်တဲ့။ အထိအတွေ့ ကာမဂုဏ်အာရုံကို လွဲလွဲမှားမှား၊ ဖောက်ဖောက်ပြန်ပြန် ခံစားတာတဲ့။ လူသား ဓမ္မတာအတိုင်းမဟုတ်တဲ့အပြုအမူတဲ့။ ( အာမခံမရဘူး၊ တသက်တကျွန်းတဲ့ သွားမစမ်းနဲ့)
(ဂ) ကာယိနြေ္ဒပျက်မှု (ပုဒ်မ-၃၅၄)
မိန်းမတစ်ဦးကို ကာယိနြေ္ဒပျက်အောင် လက်ရောက်မှုမလုပ်ရဘူး (ထောင် ၂-နှစ်) သူတစ်ပါးရဲ့သားပျို/သမီးပျိုအပေါ်ကို (စိတ်ထဲကဘယ်လောက်ပြစ်မှား၊ပြစ်မှား) ကိုယ်ထိ လက်ရောက် စော်ကားကျူးလွန်တာမလုပ်ရဘူး။ ထိတယ်၊ တို့တယ်၊ ကိုင်တယ်၊ ဆွဲတယ်၊ နှိပ်တယ်၊ ညှစ်တယ်၊ ဖက်တယ် ဆိုတဲ့ ကိုယ်ထိလက်ရောက်အပြုအမူကြောင့် ထောင်ကျနိုင်ပါတယ်။ )
(ဃ) ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုများ
ပုဒ်မ-၄၉၃ တရား၀င်ထိမ်းမြားကြောင်း ယုံအောင်လှည့်ဖြားပြောဆိုပြီး အတူအိပ်ရင် (၁၀)နှစ်။ (အတုအယောင်လိမ်လည်လက်ထပ်ပြီးပေါင်းသင်းအိပ်စက်သွားခြင်း။
ပုဒ်မ-၄၉၄ အထက်လင်၊ အထက်မယားရှိ၍ နောက်ထပ်ထိမ်းမြားခြင်း အတည်မဖြစ်နိုင်ဘဲ နောက်ထပ် ထိမ်းမြားရင် (၇)နှစ်။
ပုဒ်မ-၄၉၅ ယခင်ထိမ်းမြားခဲ့ခြင်းကို အသိမပေးဘဲ ထပ်မံထိမ်းမြားခြင်း (၁၀)နှစ်
ပုဒ်မ-၄၉၆ မရိုးဖြောင့်သောသဘော၊ လိမ်လည်လှည့်ဖြား၍ တရား၀င်ထိမ်းမြားခြင်း မမြောက်မှန်း သိလျှင် ထိမ်းမြားသည့်အခမ်းအနားလုပ်ရင် (၇ နှစ်) (အတုအယောင် ထိမ်းမြားခြင်း အခမ်းအနားလုပ်ခြင်း)
ပုဒ်မ-၄၉၇ (မယားခိုးမှု) လင်ရှိမယား(အအို)ကို လင်သဘောမတူဘဲ ကာမစပ်ယှက်လျှင် ထိုယောက်ျား (ပျို/အို)ကို (၅ နှစ်ထောင်ဒဏ်) ထိုအမှုမျိုး၌ မယားဖြစ်သူကို အားပေးကူညီသူအဖြစ်ဖြင့် ပြစ်ဒဏ်မထိုက်စေရ တဲ့ အခုမရတော့ဘူး (၁-၉-၂၀၁၅) ကစပြီး မိန်းမကိုလည်း ထောင်ဒဏ် (၇)နှစ်တဲ့။
ပုဒ်မ-၄၉၈ လင်ရှိမယားကို လင်ထံမှခေါ်သွားလျှင်၊ ဝှက်သိမ်းထားလျှင် (၂)နှစ်။
တစ်လင်တစ်မယားဥပဒေဆိုင်ရာပြစ်မှုများ
(က) (၁-၉-၂၀၁၅)နေ့ကစပြီး ပြဌာန်းအတည်ဖြစ်တယ်။
(ခ) လွတ်လပ်သူ လူယောက်ျားနဲ့ လူမိန်းမဟာ ဒီနိုင်ငံမှာ တစ်လင်တစ်မယားပဲယူခွင့်ရှိတယ်။ (ဘာလူမျိုးဖြစ်စေ၊ ဘာဘာသာကိုးကွယ်ကိုးကွယ် အားလုံးအကျုံး၀င်တယ်)
(ဂ) အိမ်ထောင်သည် ယောက်ျား(အအို)၊ မိန်းမ(အအို) ဟာ အခြားသူနဲ့ ထပ်မံမထိမ်းမြားရ၊ မပေါင်းသင်းရ၊ ပေါင်းရင်/အိပ်ရင် (ထောင်-၇ နှစ်) (ပုဒ်မ-၁၃) အိမ်ထောင်သည် မိန်းမလဲ ထောင်ကျမယ်။
(ဃ) နောက်မိန်းမ/ယောက်ျား (ယူသူ/အိပ်သူ)ဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းက မိမိဝေစု ဆုံးရှုံးတယ်။
(င) ဒီနိုင်ငံရောက်နေ/ရှိနေတဲ့ အခြားဘာသာ၀င်တွေနဲ့လည်း သက်ဆိုင်တယ်။ ဒီနိုင်ငံမှာတော့ ထပ်ယူလို့မရတော့ဘူး။
မူရင်းcredit
(ဆရာမ ဒေါ်လှလှမော် အကောင့်မှကူးယူဖော်ပြပါသည်။)