အလုပ် ထုတ်တဲ့အခါ ပေးတဲ့ " နစ်နာကြေး " ဆိုတာ ။

အလုပ် ထုတ်တဲ့အခါ ပေးတဲ့ " နစ်နာကြေး " ဆိုတာ ။ မြန်မာကား အကြည့်များတဲ့ သူဆိုရင် အလုပ်ထုတ်တဲ့ ဇာတ်ဝင်ခန်းကို ကြည့်ဖူး ကြမှာပါ ။ ဆင်းရဲသား မင်းသားက ချမ်းသာတဲ့ မင်းသမီး နဲ့ ကြိုက်ရော ၊ ဖြစ်ချင်တော့ မင်းသမီး အဖေက သူ့အလုပ်ရှင် ၊ သိတော့ ငါ့သမီးနဲ့ ဒီကောင် သဘောမတူဆို အလုပ်ဖြုတ်တဲ့ ဇာတ်ဝင်ခန်း မျိုးပေါ့ ။ ဒီနေရာမှာ အမှတ်မှားပြီး အမှားအတိုင်း ရိုက်နေကြတာတွေ ရှိပါတယ် ။ အဲ့ဒါကတော့ " နစ်နာကြေး ၃ လစာ ပေးပြီး အလုပ်ထုတ်လိုက် ။ မနက်ဖြန်ကစပြီး အလုပ်မလာ နဲ့တော့ " ဆိုတဲ့ Dialogue ပါ ။ ဒီဟာကို ဘယ်တုန်းက ဘယ်သူက စလုပ်ခဲ့မှန်း မသိပေမယ့် လက်ရှိ တည်ဆဲ အလုပ်သမား ဥပဒေကို ကျွန်တော်ပြန်ဖတ်ကြည့်တော့ ၃ လစာပေးပြီး တန်းပြီး အလုပ် ဖြုတ်လို့ မရပါဘူး ။ အလုပ်သမား ဥပဒေတွေထဲမှာ လုပ်ထုံး လုပ်နည်း တွေရှိပါတယ်။ ဒါပေမယ့် လိုက်နာမှု့ အားနည်းတာ ကြောင့်ရယ် ၊ အလုပ်သမား ဥပဒေကို အလုပ်သမားတွေက မသိကြလို့ရယ် ၊ အလုပ်ရှုပ် မခံလိုတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား နစ်နာဆုံးရှုံးမှု့ တွေဖြစ်ပေါ် ခဲ့ပါတယ် ။ ဒီအတွက် အမိန့် ကြေငြာစာ ( ၈၄ / ၂၀၁၅ ) နဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး နစ်နာကြေး နှုန်းထားများကို ထုတ်ပြန် ကြေငြာ ပေးခဲ့ပါတယ်။
အဆိုပါ အမိန့် ကြေငြာစာအရ အလုပ်ရှင်ဟာ အလုပ်သမား တစ်ယောက်ကို အလုပ်က ထုတ်တော့မယ်ဆို တစ်ဆက်တည်း လုပ်သက်ရှိ သူတွေအတွက် နောက်ဆုံးရ ရှိခဲ့တဲ့လစာ ( အချိန်ပို ကြေးမပါ ) ပဲ အောက်က နှုန်းထားတွေ အတိုင်း ပေးရမှာပါ ။
၁ ။ လုပ်သက် ၆ လပြည့်ပြီး ၁ နှစ် မပြည့်ပါက
နစ်နာကြေး လဝက်စာ
၂ ။ လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လစာ
၃ ။ လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လခွဲစာ
၄ ။ လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက
နစ်နာကြေး ၃ လစာ
၅ ။ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက
နစ်နာကြေး ၄ လစာ
၆ ။ လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက
နစ်နာကြေး ၅ လစာ
၇ ။ လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက
နစ်နာကြေး ၆ လစာ
၈ ။ လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက
နစ်နာကြေး ၈ လစာ
၉ ။ လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက
နစ်နာကြေး ၁၀ လစာ
၁၀ ။ လုပ်သက် ၂၅ နှစ်နဲ့ အထက် ရှိတဲ့သူဆို
နစ်နာကြေး ၁၃ လစာကို အလုပ်ရှင်က ပေးရမှာပါ ။
ဒီနေရာမှာ တစ်ခုရှိတာက အပေါ်က သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်းပေးပြီး အလုပ်ကနေ တန်းထုတ်လို့ မရပါဘူး ။ အလုပ်ထုတ်မယ့် အကြောင်း အလုပ်ရှင်က အလုပ်သမားကို ၁ လကြိုတင်ပြီး အကြောင်းကြား Notice ပေးရပါမယ် ။
Credit to Original post.
Zay Ya
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...