♦ ဘာသာ မတူပဲ လက်ထပ် ထိမ်းမြားခြင်း ♦

ဘာသာ မတူပဲ လက်ထပ် ထိမ်းမြားခြင်း
မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာနဲ့ မြန်မာ နိုင်ငံသား ခရစ်ယာန် ဖြစ်ပါက တိုင်းတရားရုံး ( သို့ ) မြို့နယ် တရားရုံး ( သို့ ) ရှေ့နေ ရှေ့တွင် လတ်မှတ် ထိုးလို့မရပါ ။ church ကျောင်းတွင် ထိုးမည် ဆိုပါကလည်း ခရစ်ယာန် နှစ်ချင်း ခံပြီးသူ ဖြစ်ရမည် ဟူသော ကန့်သတ်ချက်များ ရှိပါတယ် ။
တရား၀င် လက်မှတ် ထိုးရမည့် နည်းလမ်း
၁ ။ မိန်းကလေး နေထိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ရုံးသို့ သတို့သား နှင့်တကွ အတူတူသွားပါ ။ သတို့သား ၊ သတို့သမီးမှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စု စာရင်းမိတ္တူ များယူဆောင် သွားပါ ။ ထို့အတူ သက်ဆိုင်ရာ မြို့နယ် တရားရုံးတွင် ကျမ်းကြိမ်စာ ( မိန်းကလေး အတွက် ) ကတိ သစ္စာပြုလွှာ ( ယောက်ကျားလေး အတွက် ) များပါ တွဲတင်ရန် လိုအပ် ပါသည် ။ ထိုကျမ်း ကြိမ်လွှာ များရရန်အတွက် သက်သေ နှစ်ဦး လိုအပ်ပါတယ် ။ သက်သေ နှစ်ဦးရဲ့ မှတ်ပုံတင် ( သို့ ) မှတ်ပုံတင် နံပါတ်ပါ၀င်သော ယာဉ်မောင်း လိုင်စင်များ လိုအပ် ပါသည် ။
၂ ။ မြို့နယ် ထွေအုပ်ရုံးမှ ဘာသာမတူ လက်ထပ် ထိမ်းမြားခြင်း လျှောက်လွှာပုံစံ ၄ စုံ ထုတ်ပေး ပါလိမ့်မည် ။ ထိုလျှောက် လွှာတွင် ယောက်ကျားလေး အချက်အလက်များ ၊ မိန်းကလေး အချက်အလက် များကို အသေးစိတ် ဖြည့်ပေးပြီး ကာယကံရှင် များရဲ့ လက်မှတ်များထိုး ပေးဖို့လို အပ်ပါတယ် ။
၃ ။ ထွေအုပ်ရုံးသို့ လျှေက်လွှာ တင်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ် တရားရုံးမှ မိန်းကလေး ကျမ်းကြိမ်စာ နှင့် ယောက်ကျားလေး ကတိ သစ္စာပြုစာ များလိုအပ် ပါသောကြောင့် မြို့နယ် တရားရုံးသို့ သွားပါ ။
၄ ။ တရားရုံးသို့ ရောက်ပါက ထွေအုပ်ရုံးမှ ဘာသာမတူ ထိမ်းမြား ခြင်းအတွက် ကျမ်းကြိမ်လွှာ လိုချင်ပါတယ် ဟုပြော လိုက်ပါက စာရေးမှ လိုအပ်သော စာရွက် စာတမ်းများ ပြုလုပ်ပေးပြီး ကျမ်းကြိမ်လွှာနှင့် ကတိသစ္စာ ပြုလွှာများတွင် တရားသူကြီးမှ တံဆိပ်တုံးနှင့်ကျမ်းကြိမ်လွှာ အမှတ်စဉ်ထု နှိပ်ပေးပြီး ထိုစာချုပ် နှစ်စောင်အား ပြန်ပေး ပါလိမ့်မည် ။ ထိုစာချုပ် ပေါ်တွင် သတို့သား သသထွေအုပ်ရုံးတွင်တို့ သမီးက်သေ နှစ်ယောက်ရဲ့ လတ်မှတ်များ ပါပါ ၀င်ပါသည် ။ ထိုစာချုပ် ရရန်အတွက် နံပါတ်၁တွင် ပြောပြထားသော စာရွက်စာ တမ်းများ လိုအပ်ပါသည် ။
၅ ။ ကျမ်း ကြိမ်လွှာ ၊ ကတိ သစ္စာပြု လွှာနှင့်တကွ အသေးစိတ် အချက်အလက် များဖြည့်ထားသော လျှောက်လွှာကို ထွေအုပ်ရုံး တွင်လျောက်ထား ရပါမည် ။
၆ ။လျောက်လွှာ တင်သည့် နေ့တွင်ပင် တစ်စောင် မိန်းကလေး နေထိုင်ရာ ရပ်ကွပ်ရုံးတွင် တစ်စောင် ယောက်ကျားလေး နေထိုင်ရာရပ်ကွက်ရုံးတွင် တစ်စောင် အသီးသီး ကြေငြာများကို ၃ပတ်တိတိ ကပ်ပါသည် ။
၇ ။ ၃ပတ်အတွင်း ကန့်ကွက်သူ မရှိခဲ့ပါက ၃ပတ်ပြီးသည်နှင့် သတို့သား သတို့သမီးနှင့် အတူ ကျမ်းကြိမ်လွှာ များတွင် လတ်မှတ်ထိုးပေးခဲ့သော သက်သေ နှစ်ယောက် လိုက်ပါပြီး ထွေအုပ်ရုံး မှတ်ပုံတင် အရာရှိအရှေ့တွင် တရား၀င် လတ်မှတ် ရေးထိုး နိုင်ပါပြီ ။
Photo (Google)
Credit-OriginalUploder
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...