မိသားစု စီမံမှု အကြောင်း

မိသားစု စီမံမှု အကြောင်း
- အမွေရှင် ကွယ်လွန် ပြီးနောက် အမွေ ပစ္စည်းများကို ခွဲဝေ ယူကြမည်ဆိုသော မိသားစု တစ်ခု၏ သဘောတူ စီမံစာချုပ်ကို မိသားစုစီမံမှုဟု ခေါ်ဆို ပါသည် ။
- မိသားစု အတွင်း အမွေမှု မဖြစ်စေရန် ပြုလုပ် သင့်ပါသည် ။
- အလွန် တရာခိုင်မာသော စီမံမှု ဖြစ်သည် ။
- အမွေရှင် မသေမီ တရားစွဲ၍ လည်းမရ ။
- သေဆုံးပြီး လျှင် ဖျက်ခွင့်မရှိ ။
- ခွဲဝေ ပြီးနောက် ဖောက်ဖျက် ငြင်းဆို၍ လည်းမရ ။
( မပန်းစီ နှင့် မလှရင် ၊ 1963 - မတစ800 / 808နှင့် ဦးအောင်ညွန့် နှင့် မောင်အုံးမြင့်1981 ၊ မတစ - 121 )
သက်သေခံ ဥပဒေ ပုဒ်မ -115 ( ဎ ) အရ - မိသားစု စီမံမှုအရ ပိတ်ပင်ခြင်း ။
- မိသားစု စီမံမှု ပြုလုပ်ကာ အမွေ ပစ္စည်းများကို ခွဲဝေခြင်းသည် အတောမသတ် နိုင်သည့်အမွေမှု အရှုပ်အထွေးများ ပေါ်ပေါက် ခြင်းမှလည်းကောင်း ၊ သားချင်း တစ်စု အမွေမှုနှင့် စပ်လျဥ်း၍ စိတ်ဝမ်း ကွဲပြားကာ မသင့်မတင့် ဖြစ်ရခြင်း မှလည်းကောင်း ၊ကာကွယ်ရန်ဖြစ်သည့် အလျောက် ယင်းမိသားစု စီမံမှုတွင် အတင်းအကြပ် ပြုလုပ်ခြင်း ၊ မတရား သြဇာ ညောင်းခြင်း ၊ အရေးကြီးသည့် အချက်များ၌ ထိမ်ချန်ထားခြင်း စသည့် မတရားမှု မရှိပါက အတည်ဖြစ်သည် ။ တရားဥပဒေ အရ ခိုင်မာ တည်မြဲချင်း မရှိဟု ငြင်းဆို ခွင့်မရှိ ။ မိသားစုစီမံမှုကို အမွေစား အမွေခံ သဘော တူညီချက် ဖြင့်ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေခံစားပြီး ဖြစ်ပါက အမွေစား အမွေခံ တစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့် ဆန့်ကျင် နေပါသည်ဟု ငြင်းဆိုခြင်းမှ ပိတ်ပင်မည် ဖြစ်သည် ။
( မကျော့ နှင့် မကျေးဥ ၊ အေအိုင်အာ 1935 ၊ ရန်ကုန် - 355 ) ( မပန်စီခေါ် ဒေါ်ရင်ရင် နှင်မလှရင် ၊ 1963 ၊ မြန်မာပြည်စီရင်ထုံး 800 (808 )
မှတ်ချက်။
မိသားစု စီမံမှုအား အမွေရှင် ( 1 ) မကွယ်လွန်မီ ( 2 ) ကွယ်လွန်ပြီး ချိန်တွင် နှစ်မျိုးလုံး ကြိုက်သလို စီမံ ပြုလုပ် နိုင်ပါသည် ။
ကိုးကား ။ သက်သေခံ ဥပဒေ၏ သိကောင်းစရာများ ၊ ဦးသက်ဖေ ၊ ဦးမောင်မောင်ဝင်း ။
Credit-OriginalUploder
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...