ပုဒ်မ ၅၀၅ အကြောင်း သိလို သူများအတွက်

ပုဒ်မ ၅၀၅ အကြောင်း သိလို သူများအတွက်
*************************************
ပုဒ်မ ၅၀၅ ( က )
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ ( က ) ပြဋ္ဌာန်း ချက်အရ ပြည်ထောင်စု အစိုးရ၏ ကြည်း ၊ ရေ ၊ လေတပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်း ကိုသော် လည်းကောင်း ၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တတရားကို မလေးစားခြင်းသော် လည်းကောင်း ၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ၊ ပြုစေရန် အကြံရှိ လျှင်သို့ တည်းမဟုတ် ထိုသို့ပြု စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည် ။
ပုဒ်မ ၅၀၅ ( ခ )
( က ) ရာဇသတ်ကြီး ပုဒ်မ၅၀၅ ( ခ ) ၏ပြဋ္ဌာန်း ချက်တွင် ဤသို့ တွေ့ရပါသည် ။
မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ ၊ ကောလာဟလ ကိုဖြစ်စေ ၊ သတင်းကို ဖြစ်စေ ပြုရာတွင် ၊ သို့တည်း မဟုတ် ထုတ်ပြန် ကြေညာရာတွင် ၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင်
( ခ ) နိုင်ငံတော် အစိုးရကို ဖြစ်စေ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ် ဦးတစ်ယောက် သောသူအား ကျူးလွန် ချင်လာအောင် အများ ပြည်သူကို သော်လည်း ကောင်း ၊ အများ ပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ၊ ကြောက် ခြင်း ၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ် - ထိုသို့ ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင်
( ဂ ) ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည် ။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) အရ ပြစ်မှုကို တရားစွဲဆို ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ ဆရာကြီး ဦးသက်ဖေက ဤသို့ ဖော်ပြထားပါသေးသည် ။
- ရဲ အရေးမပိုင် ( ရဲစခန်း၌ တိုင်ချက် လက်ခံရေး ဖွင့်ခွင့်မရှိ ၊ တရားရုံးသို့သာ ဦးတိုက်လျှောက် ထားရမည်ဟု ဆိုလိုသည် )
- ကနဦး ကပင် ဝရမ်းထုတ် ပေးနိုင်သည် ( ရာဇဝတ် ကျင့်ထုံး နောက်ဆက်တွဲ ဇယား-၂ ဖော် ပြချက် အရဖြစ်သည် ။ တရားသူ ကြီးက ခံဝန် ဝရမ်းဖြင့် ဖြစ်စေ ၊ ခံ ဝန်မဲ့ ဝရမ်းဖြင့် ဖြစ်စေ ၊ သမ္မန်စာ ထုတ်ဆင့်၍ဖြစ်စေ တရားခံကို ဆင့်ဆိုနိုင်သည် )။
- ကျေအေးခွင့်မရှိ (အမှုပြေ ငြိမ်းလိုပါက ရုပ်သိမ်းခြင်းပြုနိုင်ပါ သည်)
- မြို့နယ် တရားရုံး များစီရင် ပိုင်ခွင့်ရှိသည် ။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) အရစွဲ ဆိုမှုသည် အစိုးရက တရားလိုဖြစ်ပြီး ပြည်သူ ၊ သို့မဟုတ် စာနယ် ဇင်းမီဒီယာ များက စွပ်စွဲခံရသူဖြစ်လေ့ ရှိပါသည် ။
Credit-OriginalUploder
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...