မိမိ၏ ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုပါတယ် ။ ဘယ်လို ဆောင်ရွက်ရမလဲ ။

မိမိ၏ ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုပါတယ် ။ ဘယ်လို ဆောင်ရွက်ရမလဲ ။
ဗုဒ္ဓဘာသာဝင်များ အတွက် လင်နှင့်မယား နှစ်ဦးသဘောတူလျှင် အချိန်မရွေး ကွာရှင်းခွင့် ရှိပါသည် ။ မည်သို့ ကွာရှင်းသင့်ကြောင်းကို ပိုစ့်တွေ တင်၍ ရှင်းပြထားပြီး ဖြစ်ပါသည် ။
မိမိ၏ ဇနီးဖြစ်သူနဲ့ ကွာရှင်းလိုလျှင် ဇနီးဖြစ်သူနှင့် ဦးစွာ ညှိနှိုင်းပါ ။ ထိုသို့ ညှိနှိုင်းခြင်းသည် ဥပဒေနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိသေးပါ ။ ထိုသို့ ညှိနှိုင်းရာတွင် ငွေကြေးပေးလျော်ခြင်းဖြစ်လည်း အဆင်ပြေနိုင်ပါသည် ။
အမျိုးသမီးဖြစ်သူ အနေဖြင့် ကွာရှင်း မပေးနိုင်ကြောင်း ငြင်းဆန်ခဲ့လျှင် နှစ်ဦး သဘောတူ ကွာရှင်း ပြတ်စဲကြရန် မဖြစ်နိုင်တော့ပါ။
ထိုအခါ ငြင်းဆန်သူ အမျိုးသမီးတွင် အိမ်ထောင်ရေး ပြစ်မှုရှိရန် လိုလာပါသည် ။ ထိုသို့ အိမ်ထောင်ရေးပြစ်မှု ရှိမှသာလျှင် အမျိုးသားအနေဖြင့် တရားရုံးတွင် တရားစွဲ၍ ကွာရှင်းခွင့် တောင်းနိုင်မည် ဖြစ်ပါသည် ။
အမျိုးသမီးဖြစ်သူက အမျိုးသားဖြစ်သူအား အိမ်ထောင်ရေး ပြစ်မှုကြောင့် တရားရုံးတွင် ကွာရှင်းခွင့် တောင်းခံခြင်းသည် အတော်အသင့် လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်ပါသည် ။ ( ဥပမာ ယောက်ျားဖြစ်သူက ရိုက်နှက်ခြင်း ၊ မှုးယစ်သောက်စား ရမ်းကားခြင်း ၊ အခြားသူနှင့် စွပ်စွဲပြောဆိုခြင်း ၊ နိုင်ထက်စီးနင်း ပြုမှုခြင်း စသည်ဖြင့် အကြောင်းအရာ များစွာ ရှိနိုင်ပါသည် ။
အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူအား တရားရုံးတွင် ကွာရှင်းခွင့် တောင်းရာတွင် အခက်အခဲများစွာ ရှိနိုင်ပါသည် ။ မည့်သည့်ကိစ္စရပ်သည် အိမ်ထောင်ရေးပြစ်မှု ( ကွာရှင်းခွင့် ရနိုင်လောက်သည့် အိမ်ထောင်ရေးပြစ်မှု ဖြစ်ဖို့ လိုပါသည်။ ) ဖြစ်ကြောင်း ညွှန်းဆိုရန် မလွယ်ကူနိုင်ပါ။
မည်သို့ပင် ဆိုစေ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူအား တရားဥပဒေအရ တရားရုံးတွင် ကွာရှင်ခွင့် တောင်းနိုင်ရန် အတွက် အမျိုးသမီးတွင် ကွာရှင်းခွင့် ရနိုင်လောက်သည့် အိမ်ထောင်ရေးပြစ်မှုကို ကျူးလွန်ထားကြောင်း သက်သေထင်ရှား ပြသရန် လိုအပ်ပါသည်။
( ဥပမာ - အမျိုးသမီးသည် ဖောက်ပြန်နေခြင်း ၊ ရက်စက်မှုကို ကျူးလွန်ခဲ့ခြင်း စသည့် အချက်များကို သက်သေ အထောက်အထား အခိုင်အမာဖြင့် ပြဆိုနိုင်ရမည် ဖြစ်ပါသည် ။ )
ဥပဒေ အကျိုးဆောင် LL.B Group Myanmar Law Firm မှ ကူးယူ ဖော်ပြပါသည် ။
Credit - Original Uploder
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...