ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ် ချုပ်သင့်ပါသလဲ။

ငွေချေး လိုပါသည် ခိုင်မာအောင် ဘယ်လို စာချုပ် ချုပ်သင့်ပါသလဲ ။
ငွေချေး လိုခြင်းသည် အကြောင်းအရာ ( ၃ ) ရပ်အပေါ် အခြေခံ မူတည်ပါသည်။
၎င်းအကြောင်းအရာများမှာ
( ၁ ) အတိုးလိုချင်၍ ချေးခြင်း
( ၂ ) အလွန် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့် ကူညီပေးခြင်း
( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း တို့ ဖြစ်ပါသည် ။
( ၁ ) ငွေတိုးရလို၍ ချေးခြင်းသည် မိမိအနေဖြင့် ငွေတိုး ချေးစားခွင့် လိုင်စဉ် မရှိဘဲ ချေးငှားနိုင်သူ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိဖို့ လိုပါသည် ။
ထိုသို့ လိုင်စဉ် မရှိဘဲ ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်လျှင် မိမိအနေဖြင့် တရားစွဲ၍ ငွေရလိုမှု စွဲဆိုနိုင် မည် မဟုတ်ပါ ။
အပေါင်ပစ္စည်း တစ်ခုခုကို လက်ခံ၍ ချေးငှားခြင်း ဖြစ်ပါကလဲ အပေါင်ခံခွင့် မရှိသဖြင့် အပေါင်အဖြစ် လက်ခံထားသော ပစ္စည်းရှိ စေကာမူ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါသည် ။
ငွေချေးခြင်း အပေါင်ခံခြင်းများကို ဘဏ်များကသာ တရားဝင်လုပ်ခွင့် ရှိပါသည် ။
မိမိတွင် လုပ်ခွင့်မရှိသော ကိစ္စကို ဆောင်ရွက်ခြင်းသည် ကံစမ်းခြင်းမျိုး ဖြစ်၍ အဆင်ပြေလျှင် အတိုးအရင်း မျိုးမျိုးမြတ်မြတ် ရ နိုင် သော်လည်း ၊ အဆင်မပြေလျှင် အတိုးရော အရင်းပါ ဆုံးရှုံးနိုင်ပါသည် ။
စာချုပ်စာတမ်း မျိုးစုံဖြင့် ပြုလုပ်ကြသော်လည်း ဟန်ဆောင်စာချုပ်များသည် တရားမဝင်သဖြင့် အကျိုး မများနိုင်ပါ ။
ငွေတိုး ချေးစားခြင်းကို တရားဝင် လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ငှာနများတွင် လိုင်စင် လျှောက်ထားခွင့် ရှိပါသည် ။
ထိုသို့ မဟုတ်ဘဲ ဥပဒေအား လက်တစ်လုံးခြား ပြုလုပ်လိုလျှင် ထိုကိစ္စမျိုးအတွက် ခိုင်မာသော စာချုပ်ဆိုသည်မှာ မရှိနိုင်ပါ ။
( ၂ ) အလွန် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ငွေကြေး အခက်အခဲ ဖြစ်နေသဖြင့် ကူညီပေးခြင်း အတိုးမယူဘဲ ချေးပေးခြင်း ဖြစ်ပါက
ငွေယုံကြည် အပ်နှံခြင်း စာချုပ် ဖြစ်စေ ၊ ခေတ္တခဏ ငွေချေးငှားခြင်း စာချုပ် ဖြစ်စေ ပြုလုပ်၍ ချေးငှားနိုင်ပါသည် ။
သို့သော် မိမိ၏မိတ်ဆွေတွင် အိမ်ထောင်ရှိလျှင် လင်နှင့်မယား နှစ်ဦးစလုံးကို လက်မှတ် ရေးထိုး ခိုင်းသင့်ပါသည် ။
နူတ်ဖြင့် ချေးပေးခြင်း ၊ လွယ်လွယ် ချေးပေးခြင်းမျိုး မပြုလုပ်သင့်ပါ ။
ထိုသို့ အထောက်အထားမဲ့ ချေးပေးခြင်းသည် မိတ်ဆွေဖြစ်သူက မိမိအပေါ် စိတ်ပြောင်းအောင် ၊ ကတိ မတည်အောင် မိမိက တွန်းပို့ပေးနေခြင်း သာဖြစ်ကြောင်း သတိပေးစေလိုပါသည် ။
လူအတော်များများသည် မူလက လိမ်လည်ရန် ၊ ချေးငွေအား ပြန်မဆပ်ရန် ရည်ရွယ်ချက် မရှိသော်လည်း နောက်ပိုင်းတွင် စာချုပ်စာတမ်း မရှိခြင်း ၊ အလွယ် ပြုလုပ်ထားခြင်း ၊ ခိုင်မာသော ကတိကဝတ် မရှိခြင်း တို့ကြောင့် ငွေကြေးမပြေလည် သည့် အခါ စိတ်ပြောင်းသွားလေ့ ရှိပါသည် ။
ခိုင်မာသော စာချုပ်စာတမ်းများ ပြုလုပ်ထားခြင်းသည် မိမိ၏မိတ်ဆွေဖြစ်သူက ကတိ မတည်သူ ၊ လိမ်လည်သူ မဖြစ်စေရန်
ကူညီပေးရာ ရောက်ပါလိမ့်မည် ။
( ၃ ) အတိုးလဲရ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီလိုခြင်း -
ငွေတိုးချေးစားခွင့် လိုင်စင်သည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်မှသာ လိုအပ်ပါသည် ။
မိမိသည် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်နေခြင်း မဟုတ်ဘဲ မိတ်ဆွေဖြစ်သူ ကိုလည်း ကူညီရင်း အတိုး လဲ ရလို၍ တစ်ခါတစ်ရံ ငွေချေးငှားခြင်းသည် ပြုလုပ်ပိုင်ခွင့် ရှိသော ကိစ္စရပ် ဖြစ်ပါသည် ။
ထိုသို့ ပြုလုပ်ခွင့် ရှိကြောင်း စီရင်ထုံးများလဲ ဖော်ပြဖူးပါသည် ။
ခေတ္တခဏ ငွေချေးငှားခြင်း စာချုပ် ဖြစ်စေ ပြုလုပ်၍ ချေးငှားနိုင်ပါသည် ။
သင့်တော်သော အတိုးကို ထည့်သွင်း ချုပ်ဆို၍ ရပါသည် ။
အဓိက ကျသည်မှာ ငွေတိုးချေးစားခြင်းကို လုပ်ကိုင်သည့် သဘော မသက်ရောက်စေရန် လိုအပ်ပါသည် ။
ကျန်သည့် ကိစ္စရပ်များမှာ အထက်အပိုဒ် ( ၂ ) ပါ အတိုင်းပင် ဖြစ်ပါသည် ။
သူတစ်ပါးအား ငွေချေးငှားခြင်းသည် ဆုံးရှုံးနိုင်ခြေ များသည့် ကိစ္စတစ်ရပ်ဖြစ်၍ လုပ်သင့် မလုပ်သင့် ကို သေချာစွာ စဉ်းစားသင့် ပါသည် ။
ထိုသို့ စဉ်းစားပြီးနောက် ပြုလုပ်မည် ဆိုပါကလည်း စာချုပ် ချုပ်တမ်း ခိုင်ခိုင်မာမာဖြင့် ပြုလုပ်သင့်ကြောင်း အကြံပြု မျှဝေအပ် ပါသည် ။
Credit ( ဥပဒေရေးရာ ) ဆက်လက်ဖော်ပြပါမည်
Related Posts

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...