ချေးငွေကို ဟန်ဆောင်စာချုပ် ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ / မရ ကိစ္စ။

ချေးငွေကို ဟန်ဆောင်စာချုပ် ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ ရ /မရ ကိစ္စ ။
အရပ်ထဲတွင် ငွေတိုး ချေးစားသူများသည် အိမ် ခြံ မြေ အရောင်းအဝယ် ဟန်ဆောင်စာချုပ်များ ပြုလုပ်၍ ချေးငွေနှင့် အတိုးကို စရန်ပေး စာချုပ် အဖြစ် ဖန်တီး ပြုလုပ်တတ်ကျသည် ။
လိုင်စင်မဲ့ ငွေတိုးချေးစားသူသည် ငွေချေးယူသူမှ ချေးယူထားသည့် ငွေအား ပြန်မဆပ်နိုင်သည့် အခါ ချေးငွေနှင့် အတိုးငွေများကို စုပေါင်း၍ ချေးငွေ စုစုပေါင်းအား ငွေချေးယူသူ ပိုင်ဆိုင်သည့် အိမ် ခြံ မြေကို ဝယ်ယူသည့် အရောင်းအဝယ် စရန်ပေးစာချုပ် ချုပ်ဆိုသည်။
အဆိုပါ စာချုပ်တွင် အချိန်ကာလတစ်ခု သတ်မှတ်၍ အဆိုပါ ကာလအတွင်း ငွေချေးယူမှ ပြန်လည် ဝယ်ယူလိုလျှင် ဝယ်ယူနိုင်ကြောင်း နှင့် ဝယ်ယူနိုင်ခြင်း မရှိပါက သတ်မှတ်ထားသည့် ရောင်းဖိုး ငွေအတိုင်း ကျန်ငွေပေးချေသည်ကို လက်ခံ၍ အရောင်းအဝယ် ဆက်လက် ပြုလုပ်ရန် ဟန်ဆောင်စာချုပ် ချုပ်ဆိုကျသည် ။
ချေးယူထားသည့် ချေးငွေ အပေါ် အတိုး အဆင့်ဆင့်ဖြင့် တိုးရင်းပေါင်းထားသည့်ငွေကို စရန်ငွေ အဖြစ် ပေးချေထားကြောင်းစာချုပ် ချုပ်ဆိုထားပြီး အဆိုပါ စရန်ငွေကို စာချုပ်ချုပ်ဆိုသည့်နေ့တွင် အမှန်တကယ် လက်ငင်းပေးချေခြင်း မဟုတ်သည့် အပြင် သတ်မှတ်အချိန် ကာလအတွင်း ပြန်လည်ဝယ်ယူနိုင်ကြောင်း ဖော်ပြချက်လည်း ပါဝင်နေသည့် အတွက် ချုပ်ဆိုထားသော အရောင်းအဝယ် စရန်ပေးစာချုပ်သည် အမှတ်စင်စစ် ရောင်းချရန် ရည်ရွယ်ချုပ်ဆိုထားသည့် စာချုပ်မဟုတ်ဘဲ ချေးငွေအတွက် ဟန်ဆောင် ချုပ်ဆိုထားသည့် စာချုပ်ဖြစ်ကြောင်း ပေါ်လွင်နေပါသည် ။
ဟန်ဆောင်စာချုပ်သည် ဥပဒေအရ အတည်ပြုခွင့် မရှိသဖြင့် ပဋိညာဉ် မမြောက်ပေ ။ စရန်ငွေအား အမှန်တကယ် ပေးအပ်ခြင်းမရှိဘဲ ယခင်အလီလီ ရယူခဲ့သည့်ငွေများကို ထည့်တွက်ခဲ့သည် ဆိုသော်လည်း ထိုသို့ အလီလီပေးခဲ့သည့် အထောက်အထား မရှိသဖြင့် ချေးငွေရင်း နှင့် အတိုးပေါ် အတိုးဆင့်၍ တွက်ချက် ကောက်ခံထားသည့် ကြွေးမြီးသာ ဖြစ်ကြောင်း ကောက်ယူ သုံးသတ်သည် ။
အမှုမှာ ချေးငွေကို အိမ် ခြံ မြေ အရောင်းအဝယ် စရန်ပေးငွေ အဖြစ် ဖန်တီးထားသည့် ဟန်ဆောင် စာချုပ်အပေါ် အခြေခံစွဲဆိုထားသည့်အမှုဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အမှုကို ပလပ်လိုက်သည် ဟု သုံးသပ်ထားသည်။
( ၂၀၀၂ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ ( ခ ) ဒေါ်လီလီလှိုင် )
ထို့ကြောင့် ချေးငွေကို ဟန်ဆောင်စာချုပ် ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ် ပြီးမြောက်အောင် ဆောင်ရွက်၍ မရနိုင်ပါ။
Credit-OriginalUploder
Credit ( ဥပဒေရေးရာ )
Related Posts

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...