ဒီနေ့ ဧည့်သည် တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ် ၊ ဝယ်လို့ ရ မရ ပေါ့ ။

ဒီနေ့ ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက် မေးတယ် ၊ ဝယ်လို့ ရ မရ ပေါ့ ။ ရွာမြေလို့ ပြောတာပဲ ၊
ပေ ၆၀×၇၀ လောက် ကျယ်တယ် ၊ အကြံ ပေးပါအုံးတဲ့ ။ ဒါနဲ့ ကျနော်လည်း ခင်များဝယ်မဲ့ မြေ အတွက် ရှိတဲ့ စာရွက်လေး ပို့ပေးပါပေါ့။
သူကလည်း viber ကနေ မြေပုံလေး တစ်ပုံ ပို့ပေးတယ် ။
ကျနော်က ကြည့်ပီး ခင်များဟာ လယ်မြေ အမျိုးအစားပဲ သစ်ပင် စိုက်ဖို့ ဝယ်တာလားလို့ မေးတော့
မဟုတ်ဘူး နေဖို့ပဲ ၊ ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ ၊ ဝိုင်းကွက်တွေ နဲ့ ပဲတဲ့ ။
ဆရာက ဒီနေရာကို ရောက်ဘူးလားတဲ့ ။ ကျနော်ကလည်း မရောက်ဖူးပါဘူး ။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံ ဆွဲထားတဲ့ အရောင်ကို ကြည့်ပီး ပြောတာပါလို့ ပြောလိုက်တော့ ။ အဲလို ကြည့်လို့ ရလားတဲ့ ။
ရပါတယ်
ဂရန်မြေ ဆိုရင် သင်္ကေတ L နဲ့ ပြပီး မြေပုံကို အနီရောင်နဲ့ ဆွဲတယ်ဗျာ ၊
ဘိုးဘပိုင်မြေ ဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ ဆွဲတယ်ဗျာ ၊
အစိုးရမြေ ဆိုရင် သင်္ကေတ A နဲ့ ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံ ဆွဲပီး ၊ သာသနာ့မြေ ဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။
အက္ခရာ သင်္ကေတတွေကို ကြည့်ပီးလည်း ဘာ မြေအမျိုးအစား ဖြစ်နိူင်တယ် ၊ မြေပြန့် လား ၊ ကုန်းကျ လား ၊ မြောင်းဘေး လား ၊ ဆည်ရေသောက် လား ၊ မြစ်ရေ ဝင်လား ၊ သုသာန်နဲ့ နီးလား ..... စသည်ဖြင့် ခွဲခြားလို့ ရတယ်လို့ အများလည်း သိအောင် ၊
ကျနော်လည်း စုပီးသား ဖြစ်သွားအောင် သိထားသလောက်လေး ပြောရရင် . .
မြေ အမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများ ကတော့ ....
၁ ။ မိုးကောင်း လယ်မြေ ၊ သာမန် လယ်မြေ ဆိုရင် R / P / M တို့နဲ့ ပြသတက်ပြီး ၊
ပထမတန်းစား ဆိုရင် R1
ဒုတိယတန်းစား ဆိုရင် R2
တစ် ဧက အထွက်နှုန်း တင်း ၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧက အထွက်နှူန်း တင်း ၂၀ အောက် ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ် ။
၂ ။ အစိုးရ ဆည်ရေသောက် လယ်မြေ ဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ ဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်း လယ် ဆိုရင် TM
၅ ။ မူရင်း လယ်မြေ ဆိုရင် M / MY
၆ ။ ချောင်းရေဝင် မြေ ဆိုရင် C
၇ ။ ယာမြေ ဆိုရင် Y
၈ ။ ရာဘာ ကြက်ပေါင်စေး စိုက်မြေ ဆိုရင် RR
၉ ။ တောင်ယာ မြေ ဆိုရင် TY / YY
၁၀ ။ ကိုင်းမြေ ဆိုရင် K / KA / KY
၁၁ ။ ကိုင်းမြေရင့် ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေ ဆိုရင် G / U
၁၃ ။ ဓနိမြေ ဆိုရင် D
၁၄ ။ အပိုင်ရ မြေ O
၁၅ ။ အပိုင် ဂရန်မြေ G
၁၆ ။ အငှား ဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။
မိမိ ဝယ်မဲ့မြေရဲ့ မြေပုံမှာ ပါတဲ့ သင်္ကေတလေးကို ကြည့်ပီး မိမိဘာသာ အကြမ်းဖျင်း ခွဲခြား နိူင်ပါတယ် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...