ကျွန်တော် ငွေချေးထားတာ ရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ရပါတယ် အခု အတိုးရော အရင်းပါ မပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။

မေးခွန်း - ကျွန်တော် ငွေချေးထားတာ ရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ရပါတယ် အခု အတိုးရော အရင်းပါ မပေးနိုင်သေးပါ ငွေရှင်က တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။ စွဲရင် ဘယ်လို ဖြစ်နိုင်ပါသလဲ ။ ဘာတွေ ကြိုတင် ပြင်ဆင်ထား သင့်သလဲ ။
အဖြေ - ကိုယ်က ငွေပေးရန် ရှိတဲ့သူ ဆိုရင် ငွေပေးဆပ် နိုင်အောင် ကြိုးစားဖို့က ပထမပါဘဲ ။ အတိုးကို မဆပ်နိုင်လို့ အရင်းကို ဘယ်လို ဆပ် ပါရစေ ၊ ကိုယ်ဘယ်လို ပြန်ဆပ်နိုင်တယ် ဆိုတာကို ငွေရှင်အား ရှင်းပြ ပြောဆိုပါ ။ ကိုယ်တတ်နိုင်တာကို ကိုယ်ပေးနိုင် တာကို ရိုးသားပွင့်လင်းစွာ ညှိနှိုင်းပါ ။ ထိုသို့ ပြောဆိုသည့် အခါ တစ်ဖက် ငွေရှင်ဖြစ်သူက လက်မခံနိုင်ကြောင်း ပိုက်ဆံကို ချက်ခြင်း အကုန် ပြန်ရချင်ကြောင်း ပြောဆိုပြီး မိမိ၏ ညှိနှိုင်းချက်ကို လက်မခံလျှင် မိမိတတ်နိုင်သည့် ကိစ္စမရှိတော့ဟု ဆိုရ မည်ဖြစ်ပါသည်။
မိမိသည် သူတစ်ပါး၏ ငွေကို ရယူထားပြီးဖြစ်၍ တတ်နိုင်သည် မတတ်နိုင်သည် ဆိုသည်မှာ အကြောင်းပြချက် တစ်ရပ်သာ ဖြစ်နေမည်မှာ မငြင်းနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်ပါသည် ။
ထိုအခါ ငွေရှင်၏ အခန်းကဏ္ဍ ပေါ်ပေါက်လာပါသည် ငွေရှင်က အဆိုပါ ပျက်ကွက်မှု အတွက် မည်သို့ ဆောင်ရွက်မည် ၊
မည်သည့် ပုဒ်မဖြင့် စွဲဆိုမည်မှာ ၎င်း၏ သဘောဆန္ဒ သာလျှင် ဖြစ်ပါသည်။ ၎င်း၏ စိတ်ဆန္ဒကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပါ ။
နည်းလမ်း ( ၃ ) သွယ် ဖြစ်နိုင်ပါသည် ။
( ၁ ) ရာဇတ်မှုဖြင့် စွဲဆိုခြင်း
( ၂ ) တရားမမှုဖြင့် စွဲဆို၍ ငွေတောင်းခြင်း
( ၃ ) ရာဇဝတ်မှုကြောင်း နှင့် တရားမကြောင်း အရ စွဲဆိုခြင်း တို့ဖြစ်ပါသည် ။
မည်သည့် နည်းလမ်းဖြင့် စွဲဆိုမည် ဆိုသည်မှာ ငွေရှင်၏ ကိစ္စသာ ဖြစ်ပါသည် ၊ မိမိတတ်နိုင်သည့် ကိစ္စ မဟုတ်ပါ ။
ဘာပြင်ဆင်ထားရမလဲဟု မေးသူများ ရှိပါသည် ။
ငွေသာ ကြိုပြင်ဆင်ထားပါ တတ်နိုင်သရွှေ့ ဆပ်နိုင်ဖို့ စုဆောင်းထားပါ ။
တစ်ဖက်လူက ငွေမရ၍ စွဲခြင်း ဖြစ်ပါသည် ။
အချို့ ငွေချေးထားသူများ လွယ်လွယ် ပြောကြပါသည် ။
မပြေလည်သေးသဖြင့် ပြေလည်လျှင် ပေးပါမည်ဟူ၍ ဖြစ်ပါသည် ။
ထိုစကားသည် လူတိုင်း အလွယ်တကူ ပြောတတ်သော စကားမျိုးပင် ဖြစ်ပါသည် ။
အမှန်တကယ် ဖြစ်သင့်သည်မှာ အခု မိမိတတ်နိုင်သမျှ ငွေပမာဏ တစ်ခုကို ပေးအပ်၍ ကျန်ငွေကို ဘယ်လိုဆပ်မည် ဖြစ်ကြောင်း လက်တွေ့ပြ၍ ယုံကြည်မှု ရယူ သင့်ပါသည် ။
တောင်းပန် ညှိနှိုင်း မရသည့် အဆုံးတွင် ငွေရှင်က မည်သည့် နည်းလမ်းဖြင့် စွဲဆိုသည် ဖြစ်စေ ၊ မိမိက လိုက်၍ ဖြေရှင်းရမည်
ဖြစ်ပါသည်။
ငွေရှင်က ရာဇဝတ်ကြောင်းဖြင့် စွဲသည် ဆိုစေကာမှု မိမိက သက်သေ အထောက်အထား အပြည့်အစုံဖြင့် ထုချေဖြေရှင်းနိုင်လျှင် ရာဇဝတ်မှုမှ လွတ်နိုင်ပါသည်။
ထိုသို့ မဟုတ်ဘဲ လိမ်လည်သည့် သဘော ၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့် သဘော ပေါ်လွင်နေလျှင် ထိုက်သင့်သော ပြစ်ဒဏ် တစ်ခု ခံရမည် ဖြစ်ပါသည် ။
တရားမကြောင်း အရ စွဲခံရလျှင် နောက်ဆုံးတွင် မိမိရယူထားသည့် ငွေကို ပြန်ပေးရမည်သာ ဖြစ်ပါသည် ။
သူတစ်ပါး၏ ငွေကို အလကား လိုချင်၍ ယူကောင်းသည် မဟုတ်ပါ နောင်သံသရာတွင်ပင် ဆပ်ရတတ်ပါသည် ။
ရိုးသားစွာ ပြောဆိုပြီး ကြိုးစားကာ ပေးဆပ်လျှင် ငွေရှင်များအနေဖြင့် လက်ခံကြမည်သာ ဖြစ်၍
သူများ၏ ငွေကို ရယူထားလျှင် ရိုးသား ကြိုးစားစွာ ပြန်လည် ပေးဆပ်နိုင်ရန် ကြိုးစားပါ ။
(မှတ်ချက် - မတရား အမြတ်ကြီးစား တောင်းခံနေသည့် အတိုးငွေများကိုတော့ ရဲဝင့်စွာ ငြင်းပယ်လိုက်ပါ အရင်းငွေကိုတော့ ရိုးသားစွာ ပြန်ဆပ်ပါ ။ )
ဥပဒေအကျိုးဆောင် LL.B group မှကူးယူဖော်ပြပါသည်။
Credit ( ဥပဒေရေးရာ )
Related Posts

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...