ယစ်မျိုး လိုင်စင် လျှောက်ထားရန် အတွက် နမူနာ လျှောက်လွှာပုံစံများ#

ယစ်မျိုး လိုင်စင် လျှောက်ထားရန် အတွက် နမူနာ လျှောက်လွှာပုံစံများ #
# အချို့ မိုတယ် ၊ အဆင့်မြင့် တည်းခိုခန်း စသည်ဖြင့် ဖွင့်လှစ်ပြီးနောက် တည်းခိုသူများ အဆင်ပြေစေရန် အလို့ငှာ မိုတယ် ၊ အဆင့်မြင့် တည်းခိုခန်းတို့တွင် အဖျော်ယမကာများ ရောင်းချလိုကြသည် ။ ထိုအခါ ခွင့်ပြုပြီးသား လိုင်စင်များကို ညှိနှိုင်းဈေးဖြင့် ဝယ်ယူကြရ ပေသည် ။
# ဝယ်ယူပြီးနောက် အောက်ဖော်ပြပါ အတိုင်း လိုင်စင်အမည် / တည်နေရာ / လိုင်စင်တို့ကို ပြောင်းလဲပါက အောက်ပါ အတိုင်း ဆောင်ရွက်ကြရပေသည်။
# ယခု နမူနာ ပုံစံများသည် မန္တလေးတိုင်းဒေသကြီး အတွင်း လျှောက်ထားသည့် ပုံစံများသာ ဖြစ်ပါသည် ။
# အခြားသော ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ တို့သည် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား - ၂
( တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း )
# ပုဒ်မ ၁၈၈ ကို ရည်ညွှန်းချက်အရ
# ဘဏ္ဍာရေး နှင့် စီမံကိန်းကဏ္ဍ
# အမှတ်စဉ် ၁ ( ဃ ) တွင် ယစ်မျိုးခွန် ( မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သည့် ဆေးဝါးများ မပါ ) ၌ ( ယစ်မျိုးခွန်ဥပဒေ ကို ပြဌာန်းခွင့်ရှိသောကြောင့် သက်ဆိုင်ရာ ဥပဒေ ပြဌာန်းချက်တို့ အရသာ ဆောင်ရွက်ကြပါသည် ။
# ထို့ကြောင့် သဘောပေါက် နားလည်လာစေရန် အတွက် လျှောက်လွှာ နမူနာပုံစံကို အရင်ဆုံး ဖော်ပြသွားပါမည် -
ယစ်မျိုး လိုင်စင် အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလျှောက်ထားခြင်း
# လျှောက်လွှာ နမူနာ ပုံစံ
သို့
အုပ်ချုပ်ရေးမှူး
ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
……………… ခရိုင် ၊ ………………. မြို့
ရက်စွဲ ၊ - - ၂၀၂၂
အကြောင်းအရာ ။ ။ ယစ်မျိုး လိုင်စင်အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလျှောက်ထားခြင်း ။
# ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ယစ်မျိုး အတည်ပြု ခွင့်ပြုထားသည့် ……………. မြို့နယ်စာရင်း အနက်မှ အိမ်အမှတ် ( ) ၊ ( ) လမ်း ၊ ( ) ( / ) လမ်းကြား ၊ အကွက် အမှတ် ( ) ……………………. ရပ်ကွက် တည်နေရာတွင် ဦး / ဒေါ် ………….. အမည်ဖြင့် ရရှိထား သည့် ( ) ယစ်မျိုးလိုင်စင်သည် အကြောင်းအမျိုးမျိုးကြောင့် အိမ်အမှတ် ( ) ၊ ( ) ( ) လမ်းကြား ၊ အကွက်အမှတ်( ) ၊ ………………………. ရပ်ကွက် ၊ …………………. ….. မြို့တည်နေရာသို့ ( ) မှ ( ) လိုင်စင်သို့ အဆင့်မြှင့်၍ ဦး / ဒေါ် ………….. အမည် ဖြင့် အမည် / တည်နေရာ / လိုင်စင်ပုံစံ ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားတင်ပြအပ်ပါသည် ။
# ပူးတွဲလျှက် - မှတ်ပုံတင် မိတ္တူ ( ၁ ) စောင် ၊ လိုင်စင် မိတ္တူ ( ၁ ) စောင် ၊
( မူလ လိုင်စင်စီ လက်မှတ် ) ( လျှောက်ထားသူ လက်မှတ် )
အမည် ………………………… အမည် ……………………………
နိုင်ငံသားမှတ်ပုံတင်အမှတ် ……………………………. နိုင်ငံသားမှတ်ပုံတင်အမှတ်………..
နေရပ်လိပ်စာ…………………………………………….. နေရပ်လိပ်စာ……………………...
မိတ္တူကို-
အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ……………… မြို့နယ် ။
# ယစ်မျိုးလိုင်စင် တည်နေရာပြောင်း အမှုတွဲ ဖွင့်လှစ်ရာတွင် ပါဝင်ရမည့် အချက်များ
( ၁ ) ကာယကံရှင်၏ လျှောက်လွှာ
( ၂ ) သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ( လက်ခံမည့် ရပ်ကွက် / ကျေးရွာအုပ်စု )
( ၃ ) သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် ၊
( ၄ ) ပတ်ဝန်းကျင် နေထိုင်သူများ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ၊
( ၅ ) ဆိုင်တည်နေရာပြ မြေပုံ
# ယစ်မျိုးလိုင်စင် အမျိုးအစားပြောင်း အမှုတွဲ ဖွင့်လှစ်ရာတွင် ပါဝင်ရမည့် အချက်များ
( ၁ ) ကာယကံရှင်၏ လျှောက်လွှာ
( ၂ ) သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ( လက်ခံမည့် ရပ်ကွက်/ ကျေးရွာအုပ်စု )
( ၃ ) သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက် ၊
( ၄ ) ဆိုင်တည်နေရာပြ မြေပုံ
# ( ယစ်မျိုးလိုင်စင် အမျိုးအစားပြောင်းလဲခွင့် လျှောက်ထားခြင်း နမူနာပုံစံ )
( နမူနာ ပုံစံ စာသားအတိုင်း ကွန်ပြူတာ စာစီ ရိုက်ရပါမည်။ )
# သို့
အုပ်ချုပ်ရေးမှူး
ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
……………… ခရိုင် ၊ ………………. မြို့
ရက်စွဲ ၊ - - ၂၀၂၂
# အကြောင်းအရာ ။ ။ ယစ်မျိုး လိုင်စင်အမျိုးအစား ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားခြင်း ။
…………………… ခရိုင် ၊ …………….. မြို့နယ် ၊ အိမ်အမှတ် ( ) ၊ …………. လမ်း ၊ အကွက်အမှတ် ( ) ၊ ………………… ရပ်ကွက် တည်နေရာတွင် ဦး / ဒေါ် ………………….. အမည်ဖြင့် ……………………. ဘဏ္ဍာရေးနှစ် ၊ ယစ်မျိုး အတည်ပြုချက် စာရင်းတွင်
ရရှိထားသည့် ( ) ယစ်မျိုး လိုင်စင်အား ( ) မှ ( ) လိုင်စင်သို့ အမျိုးအစား ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားတင်ပြအပ် ပါသည်။
# ပူးတွဲ - ယစ်မျိုးလိုင်စင် မိတ္တူ ( ၁ ) စောင် ၊
လျှောက်ထားသူ၏ နိုင်ငံသား မှတ်ပုံတင်မိတ္တူ ( ၁ ) စောင်
လက်မှတ် ……………………… ……………..
အမည် …………………………………………..
နိုင်ငံသားမှတ်ပုံတင်အမှတ် …………….. …….
နေရပ်လိပ်စာ …………………………………
အထွေထွေ ကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်နေသည့် အချိန်တွင် ယစ်မျိုးလိုင်စင်လေး ရှိရင် အဆင်ပြေမလား ဆိုသူတို့အတွက် တစ်စုံတစ်ရာသော အထောက်အပံ့ ဖြစ်စေမည်ဟု မျှော်လင့်မိပါသည်။
ဆရာကြီးမိုးထက် ( ၁၈ . ၃ . ၂၀၂၂ )
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...