ကျောင်းသူ/ ကျောင်းသားတို့၏ အမည်ပြောင်းလိုခြင်း၊ မွေးသက္ကရာဇ်ပြင်ဆင်လိုခြင်း၊

ကျောင်းသူ / ကျောင်းသားတို့၏ အမည် ပြောင်းလိုခြင်း ၊ မွေးသက္ကရာဇ် ပြင်ဆင်လိုခြင်း ၊ အမည် ပြင်ဆင်လိုခြင်း
စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည် ။ ထိုအခါ မည်သည့်ရုံးတွင် မည်သို့ ဆောင်ရွက်ရမည်ကို ဖော်ပြပေးလိုက်ပါသည် -
ကျောင်းသား / ကျောင်းသူများ၏ အမည် ပြင်ဆင်ခြင်း နှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် ရုံးများ -
၁ ။ သူငယ်တန်းမှ အလယ်တန်း အဆင့် ၊ ကျောင်းသား / ကျောင်းသူများ၏ အမည် ပြင်ဆင်ခြင်းကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး ရုံးတွင် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဆောင်ရွက်နိုင်ပါသည်။
၂ ။ အထက်တန်း အဆင့် ကျောင်းသား / ကျောင်းသူများ၏ အမည် ပြင်ဆင်ခြင်းကို ခရိုင်ပညာရေးမှူးရုံးသို့ တင်ပြ၍ ဆောင်ရွက်ရန်
ဖြစ်သည် ။
၃ ။ သူငယ်တန်းမှ အထက်တန်း အဆင့် အထိ ကျောင်းသား / ကျောင်းသူတို့၏ မိဘအမည် ပြင်ဆင်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ပါသည် ။
၄ ။ သူငယ်တန်းမှ အထက်တန်း အဆင့် ကျောင်းသား / ကျောင်းသူတို့၏ မွေးသက္ကရာဇ် ပြင်ဆင်ခြင်းကို အခြေခံပညာ ဦးစီးဌာန
( ရုံးချုပ် ) အထိ တင်ပြ ဆောင်ရွက်ရပါမည် ။
လိုက်နာဆောင်ရွက်ရန် အချက်များ
မွေးသက္ကရာဇ် ပြင်ဆင်ခြင်း နှင့် အမည် ပြင်ဆင်ခြင်း
ရှေးဦးစွာ မွေးသက္ကရာဇ် ပြင်ဆင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြောပြပါမည် -
ကျောင်းသား ကျောင်းသူများ၏ မွေးသက္ကရာဇ် ပြင်ဆင်ခွင့် ပြုပါရန် တင်ပြရာတွင် အောက်ပါ အထောက်အထားများကို ပူးတွဲ၍ ကျောင်းအုပ်ကြီးမှ အခြေခံပညာ ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ထံ အဆင့်ဆင့် တင်ပြရပါမည် -
( က ) မွေးသက္ကရာဇ် ပြင်ဆင်ခွင့် ပြုပါရန် မိဘ၏ လျှောက်လွှာ မူရင်း ၊
( ခ ) ကျောင်းအုပ်ကြီး၏ တင်ပြ အစီရင်ခံစာ ၊
( ဂ ) မိဘ၏ ၁၅၀ ကျပ်တန် အခွန်တော် တံဆိပ်ခေါင်း ကပ်ပြီး ကျမ်းကျိန်ချက် မူရင်း ၊
( ဃ ) မွေးဘက် မိဘတစ်ဦး၏ တန် တံဆိပ်ခေါင်း ကပ်ပြီး ကျမ်းကျိန်ချက် မူရင်း ၊
( င ) မွေးဘက် မိဘတစ်ဦး၏ ထောက်ခံချက် မူရင်း ၊ ( ၄င်းတွင် သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံချက်နှင့် တံဆိပ်ဝိုင်းပါ ထောက်ခံစာကိုပါ ပူးတွဲ၍ တင်ပြရပါမည်။ )
( စ ) အခြား မွေးဘက် မိဘတစ်ဦး၏ ထောက်ခံချက် မူရင်း ( ၄င်းတွင် သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံချက် နှင့် တံဆိပ်ဝိုင်းပါ ထောက်ခံစာကိုပါ ပူးတွဲ တင်ပြရမည်။ )
( ဆ ) အိမ်ထောင်စုဇယား မူရင်း ၊
( ဇ ) ရုံးတံဆိပ်ပါ မွေးစာရင်း မူရင်း / တပ်မတော် မှတ်တမ်းရုံး ထောက်ခံစာ
( ဈ ) သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံမှ မွေးချင်း ညီအကို မောင်နှမ အရင်းအချာများ၏ အသက် ထောက်ခံချက် မူရင်း ၊
( ည ) ကျောင်းဝင် မှတ်ပုံတင်စာရင်း အရ သူငယ်တန်းတွင် စတင်လက်ခံသော ရက် ၊ လ ၊ နှစ် နှင့် မွေးသက္ကရာဇ်ကို သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံစာ မူရင်း ၊
( ဋ ) ပညာသင်နှစ်အလိုက် အောင်မြင်ကြောင်း ထောက်ခံစာ မူရင်း ၊
( ဌ ) နိုင်ငံသားကတ် မူရင်း ( နိုင်ငံသားကတ် မပြုလုပ်ရသေးပါက မပြုလုပ်ရသေးကြောင်း သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ် ရေးမှူး ထောက်ခံစာ မူရင်းနှင့် လဝက ထောက်ခံစာ )
မှတ်ချက် ။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးလျှင် မွေးသက္ကရာဇ် ပြင်ဆင်ခွင့် မပြုပါ ။
မွေးသက္ကရာဇ် ပြင်ဆင်ခြင်း အကြောင်းကို ပြောပြပြီး ဖြစ်၍ ကျောင်းသား / ကျောင်းသူတို့၏ အမည်ပြောင်းခြင်း ၊ ပြင်ဆင် ခြင်း အကြောင်းကို ဆက်လက် ဖော်ပြသွားပါမည် -
ကျောင်းသား / ကျောင်းသူ အမည်ပြောင်းခြင်း / ပြင်ဆင်ခြင်း
ကျောင်းတက် ရောက်ဆဲ ကျောင်းသား / ကျောင်းသူတို့၏ အမည် ပြင်ဆင်ခွင့် ပြုပါရန် တင်ပြရာတွင် အောက်ပါ အထောက်အထားများကို ပူးတွဲ၍ ကျောင်းအုပ်ကြီးမှ မြို့နယ် / ပြည်နယ် / တိုင်း / အခြေခံပညာဦးစီးဌာန သို့ အဆင့်ဆင့် တင်ပြရပါမည်။
# ( က ) မိဘ၏ လျှောက်လွှာ မူရင်း
# ( ခ ) အမြင့်ဆုံးအတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ် ထောက်ခံစာ / အတန်းခုံအမှတ် ၊ ခုနှစ် ၊ တံဆိပ်ခေါင်း ကပ် ပြီး မိဘ ကျမ်းကျိန်ချက် မူရင်း ၊
# ( ဂ ) အိမ်ထောင်စုစာရင်း ၊
# ( ဃ ) အမည်ပြောင်း / ပြင်ဆင်သည့် သတင်းစာ ဖြတ်ပိုင်း ၊
# ( င ) နိုင်ငံသားစိစစ်ရေးကတ် မူရင်း ၊
# ( စ ) အသက် ( ၁၀ ) နှစ် မပြည့်သေး၍ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးပါက လဝက၏ ထောက်ခံစာ ၊
# ( ဆ ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ၊
# ( ဇ ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရာဇဝတ်မှု ကင်းရှင်းကြောင်း နှင့် ယခင် အမည်ဟောင်းတွင် နာမည်ပျက် မရှိကြောင်း ရဲစခန်း ထောက်ခံချက် ။
# မှတ်ချက် ။ ကျောင်းသား / ကျောင်းသူဟောင်းများ၏ အမည်ပြောင်းခြင်းကို ခွင့်မပြုပါ ။
# စစ်ဆေးကြပ်မတ်မည့် အချက်များ
အောက်ပါအတိုင်း စစ်ဆေးကြပ်မတ်သွားပါမည် -
# ( က ) ကျောင်းသား / ကျောင်းသူတို့၏ မွေးသက္ကရာဇ် ပြင်ဆင်ခွင့် ပြုပါရန် တင်ပြရာတွင် လိုအပ်သော အထောက်အထားများ ပူးတွဲ တင်ပြခြင်း ရှိ / မရှိ စစ်ဆေးမည် ။
# ( ခ ) ကျောင်းသား / ကျောင်းသူတို့၏ မိဘအမည် ပြင်ဆင်ခွင့် ပြုပါရန် တင်ပြရာတွင် လိုအပ်သော အထောက်အထားများ ပူးတွဲ တင်ပြခြင်း ရှိ / မရှိ စစ်ဆေးသွားမည် ။
# ( ဂ ) ကျောင်းဝင်စ သူငယ်တန်း လက်ခံစဉ်ကပင် အမည် ၊ မွေးသက္ကရာဇ် ၊ မိဘ အုပ်ထိန်းသူ ၊ ပြောင်းလဲပြင်ဆင်ခွင့် မပြုပါကြောင်း ဖော်ပြထားသည့် မွေးသက္ကရာဇ်စာတွဲ Vemaculor ( 10 - A ) ဖြင့် ဝန်ခံချက် ယူထားပြီး - မပြီး စစ်ဆေးရန် ၊
# ( ဃ ) အမည် ပြင်ဆင်ခြင်း ၊ မွေးသက္ကရာဇ် ပြင်ဆင်ခြင်း များအတွက် ခွင့်ပြုချက် ရရှိပြီးပါက ( ခ ) စာရင်းစာအုပ်တွင် ပြင်ဆင် /
ဖြည့်သွင်းပြီးခြင်း ရှိ / မရှိ စစ်ဆေးရန် ၊ ( ခ ) စာရင်းမှတ်ချက် အကွက်တွင် ခွင့်ပြုသည့်ရုံး ၊ ရက်စွဲ ၊ စာအမှတ်တို့ အရ ပြင်ဆင်ကြောင်း ရေးသားထားမှု ရှိ မရှိ ၊ လက်မှတ် ထိုးထားခြင်း ရှိ / မရှိ တို့ကို စစ်ဆေးရန်
စသည်တို့ကို စစ်ဆေးမည် ဖြစ်၍ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထားတို့ကို ပြည့်စုံစွာ တင်ပြရန် လိုအပ်ပါ ကြောင်း အသိပညာ ဖြန့်ဝေ အပ်ပါသည် ။
လူမှု့ အခက်အခဲများ ပြေလည်ကြပါစေ -
ဆရာကြီး မိုးထက် ( ၄ . ၁၀ . ၂၀၂၁ ) ရက်နေ့ အထောက်အထား -
# ( ၂၁ . ၅ . ၂၀၂၀ ) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော “ ပညာရေးဝန်ကြီးဌာန ၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ”
အမှတ်စဉ် ( ၁၅ /၂၀၂၀ ) အစီအစဉ် ( ၆၅ ) ၌ သဘောတူညီချက်
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...