ဂရန် သက်တမ်းတိုး လျှောက်ထားရန် အကြောင်း အမျိုးမျိုး ရှိကြပါသည်၊

ဂရန် သက်တမ်းတိုး လျှောက်ထားရန် အကြောင်း အမျိုးမျိုး ရှိကြပါသည် ၊
၄င်းတို့မှာ -
( ၁ ) ဂရန် အမည်ပြောင်း လျှောက်ထားခြင်း ၊
( ၂ ) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေ တစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု ၊ နှစ်ခု ၊ သုံးခု ထပ်မံ ခွဲစိတ်ရန် လျှောက်ထားခြင်း )
( ၃ ) ဂရန်သက်တမ်းတိုး ( ဂရန်သက်တမ်း ကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း )
( ၄ ) သက်တမ်းတိုး ၊ အမည်ပြောင်း ( အမည်လည်း ပြောင်းမည် ၊ သက်တမ်းလည်း တိုးမည် ။ )
( ၅ ) ဦးပိုင်ခွဲ ၊ အမည်ပြောင်း ( ဂရန်မြေတစ်ခုကို နှစ်ခု ၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း )
( ၆ ) ဂရန်ပျောက် ၊ သက်တမ်းတိုး ၊ အမည်ပြောင်း ( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး ၊ အမည်ပြောင်း လျှောက်ထား ခြင်း )
( ၇ ) ဂရန် မိတ္တူ လျှောက်ထားခြင်း ( ဂရန်မူရင်း ပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း )
( ၈ ) တောမှ မြို့ပြောင်း လျှောက်ထားခြင်း ( ယခင် ပုသိမ်ကြီးမြို့နယ် နှင့် အမရပူရ မြို့နယ် ပြင်ပရှိမြေတို့ကို ထုတ်ပေးထားသည့် တော ဂရန်မြေ များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကျရောက်လာသဖြင့် တောဂရန်မြေမှ မြို့ ဂရန်မြေ အဖြစ် လျှောက်ထားခြင်း )
( ၉ ) တောမှ မြို့ပြောင်း ၊ အမည်ပြောင်း ( တောဂရန် မြေမှ မြို့ဂရန်မြေ အဖြစ် ပြောင်းလဲခြင်းအပြင် အမည်ပါ ပြောင်းလဲပေးရန် လျှောက်ထားခြင်း ) ဟူ၍ ဂရန်လျှောက်ထားနည်း အမျိုးမျိုး ရှိကြပါသည် ။
# လျှောက်ထားနိုင်သူများ
$ အမည်ပေါက် ကိုယ်တိုင် ( သို့မဟုတ် )
$ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ဖြင့် ဆက်စပ်ပိုင်ဆိုင်သူ
# လျှောက်လွှာ ပုံစံ
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည် ။
ဥပမာ - မဟာရန်ကုန်မြို့တော်တွင် ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန က သတ်မှတ်ထားသော လျှောက်လွှာပုံစံ ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင်လည်း အလားတူ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန် ဖြစ် ပါသည် ။
# လျှောက်ထားရမည့် ကာလ
ဂရန်သက်တမ်း ကုန်ဆုံးရန် ( ၃ ) လ အလိုကပင် လျှောက်ထားနိုင်ပါသည် ။
# ဂရန်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
( ၁ ) ကာယကံရှင်၏ မှတ်ပုံတင် မိတ္တူမှန် ၊
( ၂ ) ဂရန်စာချုပ် မိတ္တူမှန် ၊
( ၃ ) အမွေဆက်ခံခြင်း ဖြစ်ပါက အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက် ၊
( ၄ ) အရောင်း အဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် စာချုပ် မိတ္တူမှန် ၊
( ၅ ) တရားမမှုခင်းဖြစ်ပွားသည့် မြေအမျိုးအစား ဖြစ်ပါက တရားရုံး ဒီကရီ ၊ တရားမပုံစံ ( ၁၀၆ ) ၊
( ၆ ) မြေခွန်ပြေစာ မိတ္တူမှန် ၊
( ၇ ) အိမ်ထောင်စုဇယား မိတ္တူမှန် ၊
( ၈ ) အဆောက်အအုံ ဓာတ်ပုံ ၊
( ၉ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ ၊
( ၁၀ ) အမည်ပေါက် ၊ အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်း မိတ္တူမှန်များ ။
# ကြာမြင့်ချိန် -
မြို့ဟောင်းမြေ မှ ဂရန်လျှောက်ထားမှုများကို သတင်းစာတွင် ကြော်ငြာပြီး ၊ ကန့်ကွက်သူ မရှိ ၊ အရှုပ်အရှင်း
တစ်စုံတစ်ရာ မရှိပါက ( ၁ ) လ အတွင်း ဂရန်လျှောက်ထားမှုကို ရနိုင်ပါသည် ။
ဆရာကြီးမိုးထက် ( ၉ . ၇ . ၂၀၂၁ ) ရက်နေ့ ၊ နေ့လည် ( ၁၁ ) နာရီ ( ၁၇ ) မိနစ်
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...