“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်း မြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန်အချက်များနှင့် လတ်တလော သတင်းများ”(ကူးယူဖော်ပြပါသည်)

မြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန် အချက်များ နှင့် လတ်တလော သတင်းများ ” ( ကူးယူ ဖော်ပြပါသည် )
၁ ။ " အကွက်ရိုက် ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာတွေ "
လယ်မြေတွေကို အကွက်ရိုက်ပြီး တချို့ရောင်းချနေသည်ကို တွေ့ရှိရပါသည် ။ စျေးအရမ်းပေါတယ် ဆိုပြီး မိတ်ဆွေများ မဝယ်မိ စေဖို့ အောက်ပါအချက်များကို ဗဟုသုတ အနေဖြင့် အလိမ်မခံရအောင် တင်ပြပေးလိုက်ပါသည် ။
၁ ။ ပုံစံ ၁၀၅ ဆိုတာ
- တည်နေရာ ဖော်ပြရန် ၊
- မြေအမျိုးအစား ဖော်ပြရန် ၊
- အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန် ၊
- မြို့မြေ ဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန် ၊ စသည်တို့ အတွက် ဖြစ်သည် ။
ပုံစံ ၁၀၅ ကို ယာ ၊ ဥယျာဉ် ၊ တောင်ယာ ၊ လန ( ၃၉ ) ၊ ၃ ( ခ ) ၊ ယခု ၃၀ ( ခ ) အတွက် ထုတ်ပေးသော စာရွက်စာတမ်းများတွင် တွေ့နိုင်ပါသည် ။
၂ ။ လယ်မြေ ဖြစ်စေ ၊ ယာမြေ ဖြစ်စေ ၊ သက်ဆိုင်ရာ ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်မှ လွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခွင့် လုံးဝ မရှိပါ ။
၃ ။ လယ်မြေ ဖြစ်စေ ၊ ယာမြေ ဖြစ်စေ အခြားနည်းလမ်းဖြင့် အသုံးပြုလိုပါက ( ဥပမာ - အိမ်ဆောက်ရန် ၊ ငါးကန် တူးရန် ၊ အုတ်စက်
တည်ရန် စသည်ဖြင့် ) သီးခြားလျှောက်ထားပြီးမှ အသုံးပြုနိုင်မည် ။
၄ ။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာ ဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည် ။
၅ ။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့စီမံကိန်း မှလွဲ၍ လယ်မြေ ၊ ယာမြေကို လူနေအိမ်ခြေ အဖြစ် အကွက်ရိုက် ရောင်းချခြင်းသည် တရားမဝင်ပါ ။
မဖြစ်သေးခင်တော့ အေးဆေးပါ ။ ဥပဒေကြောင်း အရ အတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများ သာ ဆုံးရှုံးမှာ ဖြစ်ပါသည် ။
အကွက်ရိုက် ရောင်းတဲ့မြေကို ဝယ်လိုသူများ အတွက် သတိပြုစရာ သတင်း
၂ ။ " မြို့စွန်များတွင် အကွက်ချ ရောင်းနေသည့် တန်ဖိုးနည်း မြေကွက်များ သတိထားသင့်ဟု ဆို "
ပုံစံ ( ၁၀၅ ) ကျပြီ ဟုဆိုကာ မြို့စွန်များတွင် အကွက်ချ ရောင်းချနေသည့် ကျပ်သိန်း ၂၀ ခန့် ပေါက် စျေးရှိ တန်ဖိုးနည်း မြေကွက် များကို ခိုင်မာမှုမရှိဘဲ မဝယ်ယူသင့်ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များက ပြောသည် ။
မြို့စွန်ဧရိယာများတွင် မြို့သစ်စီမံကိန်း ဧရိယာအတွင်း ပါဝင်နိုင်မည်ဟု ယူဆပြီး လိုက်လံ ဝယ်ယူနေသူများအား အိမ် ခြံ မြေ အကျိုးဆောင်များက သတိပေးနေခြင်း ဖြစ်သည် ။
ပုံစံ ( ၁၀၅ ) ဆိုသည်မှာ ပိုင်ဆိုင်မှု အာမခံချက် အတွက် မဟုတ်ဘဲ တည်နေရာ ၊ မြေအမျိုးအစား ၊ ဂရန်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်သာ ဖြစ်ပြီး မြေစာရင်းဌာနက ထုတ်ပေးထားသည့် တစ်နှစ်သာ အကျုံးဝင်သော ထောက်ခံချက်
တစ်ခု ဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည် ။
အစိုးရ၏ တရားဝင်စီမံကိန်း မလာမချင်း ယင်းနေရာများတွင် အကွက်ရိုက်၍ လူနေအိမ်ခြေ အဖြစ် ရောင်းချခြင်းမှာ တရားမဝင်
ကြောင်း ၎င်းက ဆိုသည် ။ အများစုမှာ လယ်မြေများတွင် အကွက်ချ ရောင်းချနေခြင်း ဖြစ်ပြီး ဒေသခံ မြေအရောင်းအဝယ်သမား များ ၊ လယ်သမားများက အဓိက ရောင်းချနေကြကာ သွားရောက် ဝယ်ယူမည် ဆိုပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေး
သင့်ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည် ။
‘‘ ဘာမှမဖြစ်ဘူး ဆိုပြီး ဝယ်ရင်တော့ ရတယ် ။ ဖြစ်လာလို့ ဥပဒေအကြောင်းအရ ရှင်းရင်တော့ မလွယ်ဘူး ’’ ဟု
သီရိစံ အိမ် ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးမြင့်ဝေက ပြောသည် ။
( မိုးညို )
လယ်ယာမြေပေါ်တွင် အခြားနည်း အသုံးပြုသူများအတွက် သတိပြုစရာ သတင်း
၃ ။ " လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့ အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်ကျော် ရရှိဟုဆို "
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးမြေများပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်အပြင် ခွင့်ပြုချက် မရှိဘဲ အခြားနည်း အသုံးပြုသူ ၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်ကျော် လက်ရှိ အစိုးရ သက်တမ်းအတွင်း ရရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။
အဆိုပါ ဒဏ်ကြေးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ အဖြစ် ထားရှိပြီး လယ်ယာမြေ ဥပဒေအရ အရေးယူရာတွင်
လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော် အတွက် ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော် ရရှိခြင်း ဖြစ်ကြောင်း၄င်းက ဆိုသည်။
လယ်ယာမြေများပေါ်တွင် အဆောက်အဦး ဆောက်ခြင်း ၊ လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက် အရ အရေးယူထားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည် ။
လယ်ယာမြေများ ပေါ်တွင် အခြားလုပ်ငန်း လုပ်ကိုင်လိုပါက အသုံးပြုခွင့် လျှောက်ထားရန် လိုအပ်ပြီး ယာမြေ ဖြစ်ပါက
တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက် ပေးနိုင်ပြီး လယ်မြေဖြစ်ပါက လယ်ယာမြေ လျှောက်ထားရကြောင်း အဆိုပါ ဌာနထံမှ
သိရသည် ။
လယ်ယာမြေများ ပေါ်တွင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူများ အနေနှင့် ဥပဒေ နှင့် အညီ ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေ ကျပ် ၁ဝသိန်း ပေးဆောင်ကာ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ချထားပေးမှု ရှိသော်လည်း ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည် ။
လယ်ယာမြေများပေါ်တွင် လူနေရန် အတွက် အကွက်ရိုက် ရောင်းချနေမှုများ ရှိနေသည့် အပြင် မန္တလေးမြို့ အနီးတစ်ဝိုက်ရှိ လယ်ယာမြေများပေါ်တွင် နေအိမ်များ ဆောက်လုပ်ကာ ကျေးရွာများ ချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးလျက် ရှိကြောင်း မန္တလေးမြို့ အခြေစိုက် အိမ် ခြံ မြေ အကျိုးဆောင်များက ပြောကြားသည် ။
လယ်ယာမြေများ ပေါ်တွင်အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် စက်သုံးဆီ အရောင်းဆိုင်များ ၊ ဟိုတယ်များ ဆောင်ရွက်ရန် လျှောက်ထားမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ
သိရသည် ။
credit : property journal / 7day daily & The Voice Weekly
“ အိမ် ခြံ မြေ လမ်းဆုံ page မှ ကူးယူ ဖော်ပြပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...