မြေအမျိုးအစားများ အလိုက် အောက်ပါအတိုင်း သတ်မှတ်ဖော်ပြပါတယ် ။

မြေအမျိုးအစားများ အလိုက် အောက်ပါအတိုင်း သတ်မှတ်ဖော်ပြပါတယ် ။
လယ်မြေ = R , M , S
ယာမြေ = Y
ကိုင်းမြေ = K / KA / KY
ဥယျာဉ်မြေ = G / U
ဓနိမြေ = D
အခြားမြေ = OA
အပိုင်ရမြေ / ဘိုးဘွားပိုင်မြေ = O ၊
အချို့အရပ်တွင် = B
မြေပိုင် အခြေအနေရရှိတဲ့ ( လက်ဝယ်ထားရှိ ပိုင်ခွင့်ရှိသော ) မြေကို = C
အငှားဂရန်မြေ ( သို့ ) ဂရန်မြေ = L
လိုင်စင်မြေ = H
အခွင့်မရဘဲ ဝင်ရောက်ကျူးကျော် နေထိုင်သည့် squarter = A
မိုးကောင်းလယ်မြေ = R
ပ အတန်းစား မိုးကောင်းလယ်မြေ = R1
ဒု အတန်းစား မိုးကောင်းလယ်မြေ = R2
တ အတန်းစား မိုးကောင်းလယ်မြေ = R3 ( အထွက်နှုန်း စပါး ၃၀ အောက် )
စ အတန်းစား မိုးကောင်းလယ်မြေ = R4 ( အထွက်နှုန်း စပါး ၂၀ အောက် )
အစိုးရ ဆည်ရေသောက် လယ်မြေ = RG
ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ = RP
မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ = M
ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ = က
ဝေငှသည့် လယ်ယာမြေ = ဝ
နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေ သုံးစွဲနိုင်သည့် လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့် သုံးစွဲ
ခွင့်ပြုထားသည့်မြေ = ခ
လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ( ၅ ) အရ သိမ်းယူပြီး ၊ ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့် မြေနှင့် နိုင်ငံတော် အစိုးရထံ ပြန်အပ်မြေများ = ရ
ဒီလောက်ဆို မြေအမျိုးအစားကို မည်သို့ ခေါ်ဝေါ် သုံးစွဲကြောင်း သိနိုင်မည် ဖြစ်ပါသည်
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...