လယ်မြေ ဝယ်ယူမည်ဆိုလျှင် လုပ်ထုံးလုပ်နည်း

လယ်မြေ ဝယ်ယူမည်ဆိုလျှင် လုပ်ထုံးလုပ်နည်း
———————————————————-
ပထမ ကျေးရွာလယ်စီ ရှေ့မှာ နမူနာ စာချုပ်ချုပ်ပါ ။
မြေစာရင်းကို တင်ပြပါ ။ မြေစာရင်းမှ ပုံစံ၁၀၅ ထုတ်ပေးလိမ့်မည် ။
၁၀၅ ရပြီးလျှင် ကျေးရွာလယ်စီ ဆီကို အခွန်တံဆိပ်ခေါင်း ဝယ်ရန် ဆောင်ရွက်ပါ ။
ကျေးရွာလယ်စီမှ တဆင့် မြို့နယ်လယ်စီ ဆီကို တင်ပြပါလိမ့်မည် ။
မြို့နယ်လယ်စီ အတည်ပြု သတ်မှတ်နှုန်းထားဖြင့် အခွန်ရုံးမှာ တံဆိပ်ခေါင်း ဝယ်ပါ ။
ကျေးရွာလယ်စီ နှင့် ချုပ်ဆို ရေးသားထားသော စာသားများအတိုင်း ရေးသွင်းပြီး မြေစာရင်းရုံးမှာ ချုပ်ဆို မှတ်ပုံတင် ရပါမည် ။
မှတ်ပုံတင်ပြီးသောအခါ မြေစာရင်းဦးစီးမှ မြို့နယ်လယ်စီအဖွဲ့နှင့် ခွဲခြမ်းစိတ်ဖြာမှုကို အတည်ပြုပြီး မြေစာရင်းရုံးမှာ မှတ်တမ်း ထားရှိ ရပါသည် ။
မှတ်တမ်းထားရှိပြီးသည့် အကြောင်းကိုလည်း မြို့နယ်လယ်စီ ဥက္ကဌထံသို့ မြေစာရင်းဦးစီးမှ စာပို့ ရပါသည် ။
စာ ပို့ပြီးသွားလျှင် ဝယ်ယူ ဧရိယာကို ပုံစံ ( ၇ ) ထုတ်ပေးပြီး ရောင်းသူဘက်က ကျန်သည့် လယ်မြေကို ပုံစံ ( ၇ ) အသစ် ပြန်ထုတ်ပေး ပါသည် ။ ထို့နောက် အရောင်းအဝယ် ပြုလုပ်သည့် အကြောင်းကို ခရိုင်လယ်စီထံသို့ စာပို့ ရပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...