တိုက်ခန်းကို ဝယ်ယူရန် အတွက် စရန်ပေးစာချုပ် ချုပ်ဆိုစဉ် ကတည်းက ငွေအကျေ ပေးချေခြင်း မပြုမီ အိမ်ငှားကို ဖယ်ပေးရန် ရောင်းသူထံမှ ကတိတောင်းခံရန် လိုအပ်မည် ဖြစ်သည်

တိုက်ခန်းကို ဝယ်ယူရန် အတွက် စရန်ပေးစာချုပ် ချုပ်ဆိုစဉ်ကတည်းက ငွေအကျေ ပေးချေခြင်း မပြုမီ အိမ်ငှားကို ဖယ်ပေးရန် ရောင်းသူထံမှ ကတိတောင်းခံရန် လိုအပ်မည် ဖြစ်သည် ။ ထိုသို့ ကတိပေးထားပါလျှက် အိမ်ငှားက မဖယ်ပေးဘူး ဆိုလျှင် အဆိုပါအိမ်ငှားကို ဖယ်ရှားရန် တာဝန်သည် ရောင်းသူ၏ တာဝန်သာ ဖြစ်ပြီး အကယ်၍ ၎င်းမှ သတ်မှတ် အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိပါက ရောင်းသူ၏ ပျက်ကွက်မှုသာ ဖြစ်ပြီး စရန်ငွေ ပြန်ပေးရန် တာဝန်ရှိပေသည် ။
သို့သော် စရန်ပေး စာချုပ်တွင် ငွေအကျေပေးချေပြီး လက်ရောက် လွှဲပြောင်းပေးအပ်သည့်အခါ အိမ်ငှား ပါဝင်ပြီး လက်ရောက်လွှဲအပ်မည်ဟု ပေါ်ပေါက်နေလျှင် မူလရောင်းသူက အိမ်ငှားကို နှင်ပေးရန် တာဝန်မရှိတော့ လက်ရှိ ဝယ်ယူထားသူတွင် တာဝန်ရှိမည်ဖြစ်သည် ။
ထိုအခါ ဝယ်ယူထားသည့် တိုက်ခန်းမှ အိမ်ငှားကို ဖယ်ရှားရန် အတွက် ရှေးဦးစွာ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ - ၁၀၆ နှင့်အညီ အငှားချထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာ ပေးရပါမည် ။
ထို့အပြင် ဝယ်ယူသူကလည်း သူ အမှန်တစ်ကယ် နေဖို့ ဝယ်ယူခြင်း ဖြစ်သည့် အတွက်ကြောင့် နေဖို့အတွက်ကို အဆိုပါတိုက်ခန်းကို ပြန်လည် လက်ရောက် ရယူရပါမည် ဖြစ်ကြောင်း ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ ( ၁ ) ( စ ) နှင့်အညီ အိမ်ငှားနှင်လိုမှု တရားစွဲဆိုပြီး အဆိုပါ ဝယ်ယူထားသည့် တိုက်ခန်းကို လက်ရောက် ပြန်လည် ရယူရမည်
ဖြစ်ပါသည် ။
ထို့ကြောင့် အိမ်ငှားရှိသော တိုက်ခန်းကို ဝယ်ယူသည့်အခါ အရောင်းအဝယ် စရန်စာချုပ်တွင် အသေအချာ ထည့်သွင်းချုပ်ဆိုရန် အရေးကြီးပေသည် ။
ကူးယူဖော်ပြပါသည်။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...