မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။

မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ် ။ ဝယ်သူက လင်မယား( ၂ )ယောက်ပါ ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ် စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်း နာမည်သာ ထည့်လိုကြောင်း ပြောလာပါတယ် ။
� ဘာကြောင့် လင်မယား ( ၂ )ယောက် အမည် မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှုပါ ။ သူတို့ အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့
မရဘူး ဆိုတဲ့ အတွေးရှိကြလို့ပါပဲ ။
� ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါ ဆရာရယ်တဲ့ ။ နားလည်မှုရှိကြတဲ့ လင်မယားပါ လားလို့ တွေးလိုက်မိပါတယ် ။ ဒီလိုနဲ့ ဝယ်သူ နေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲ ထည့်ပြီး သက်သေနေရာ မှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ် ။
� မြေကွက် အရောင်းအဝယ် စာချုပ် ကိစ္စကတော့ ဒီမှာတင် ပြီးပါပြီ ။ဒါပေမယ့် ဥပဒေ ဗဟုသုတအဖြစ် ဆက်လက် တင်ပြလိုက်ပါ တယ် ။
� မြန်မာဗုဒ္ဓဘာသာ လင်မယားများ ဖြစ်ပါက မည်သူ၏ အမည်ဖြင့် ဝယ်ယူသည် ဖြစ်စေ အဆိုပါ ဝယ်ယူသည့် ပစ္စည်းတွင် လင်မယား နှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါတယ် ။ မယား အမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်း မပိုင်ပါ ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါ တယ် ။
� ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကို မခွဲရသေးလျှင် ကွာရှင်းပြီး နောက်မှ လင် သို့မဟုတ် မယား အမည်ဖြင့် ဂရမ်အမည် ပေါက်သွားဦးတော့ ။ အဆိုပါ ဂရန်အမည်ပေါက် တစ်ဦးတည်းက အလုံးစုံ မပိုင်ဆိုင်ပါ ။ နှစ်ဦးလုံး ပိုင်ဆိုင်ခွင့် ရှိပါသည် ။
( ၁၉၉၂ မတစ ၁၅၉ ) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီး ဖြစ်ပါသည် ။
�� ထို့ကြောင့် အချုပ်ဆိုရသော် လင် သို့မဟုတ် မယား တစ်ဦးဦး၏အမည်ဖြင့် ဝယ်ယူသော်ငြား လက်ထက်ပွား ပစ္စည်း ဖြစ်ပါက အမည်ပေါက် ဝယ်ယူသူသာ ပိုင်ဆိုင်မည် မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါကြောင်းကို တင်ပြ အပ်ပါသည် ။
ကူးယူ ဖော်ပြပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...