တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ......

တိုက်ခန်းတစ်ခန်း အရောင်းအဝယ် လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......
� � တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက် တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ ဧည့်သည်က တိုက်ခန်းအမည်ပေါက်
ရမှာလားလို့ မေးတာ ကြုံဖူးပါတယ် ။ အမည်ပေါက် ဖောက်ချင်ဖောက်လို့ ရပါတယ် ။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြော လိုက်တော့ ငြိမ်သွားပါတယ်.. ။
အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?
� � ဝါရင့် အိမ် ခြံ မြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက် ဖောက်စရာမလို.. ၊ အခွန်ဆောင်စရာ မလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်.. ။ တစ်ခြား ရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်.. ။ ရိုးရိုးကန်ထရိုက် တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက် ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူ တွေတောင် မသိတာ ဘာကြောင့်လဲ.......?
�� အစိုးရရဲ့ တရားဝင်သတ်မှတ်ချက် အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်.. ၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင် နာမည်ပေါက် ဖောက်ခိုင်းပါတယ်.. ။ အလုံ ၊ တာမွေ ၊ ကြည့်မြင်တိုင် ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း ၊ လှိုင် ၊ ရန်ကင်း ၊ အင်းစိန် မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။
�� ၁၂ခွဲ x ၅၀ပေ ရှိတဲ့ မြေညီထပ်တစ်ခန်း ဆိုပါစို့.. ။ စုစုပေါင်း ၆၂၅ စတုရန်းပေ ရှိပါတယ်.. ။
၆၂၅ x ၄၅,၀၀၀ =၂၈ , ၁၂၅ , ၀၀၀ သိန်း ရှိပါတယ်.. ။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော် ပါတယ်.. ။
၂၈၁.၂၅ သိန်းပေါ်မှာ အခွန် ၁၅ % + တံဆိပ်ခေါင်းခွန် ၄ % = စုစုပေါင်း ၁၉ % ဖြစ်တဲ့ ၅ , ၃၄၃ , ၇၅၀ သိန်း အခွန်ဆောင်ရပါ မယ်..။( အခွန် ၁၅% က ငွေဖြူရှိရင် ချေ ( Claim ) လို့ ရပါတယ်.. ။ ၄ % ဖြစ်တဲ့ တံဆိပ်ခေါင်းခွန် ကတော့ မဆောင်မနေရပါ.. ။
ချေလို့ မရပါ.. ။ )
�� မြေညီတိုက်ခန်းတစ်ခန်း ဝယ်ပြီး နာမည်ပေါက် ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်.. ။
�� ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။
အခွန် ဘာလို့ ဆောင်နေမလဲ ? ? ?
မြေရှင်ကို လက်မှတ် ထိုးခိုင်းလိုက်.. ၊ ပိုက်ဆံ နည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား.. ။
အမည်ပေါက် ဘာလို့ ဖောက်နေမလဲ ဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်.. ။
�� တိုက်ခန်း အရေအတွက်က များတာရယ်.. ၊ အမည်ပေါက် ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်.. ၊ ရုံးမသွားချင်ကြတာ ရယ်.. ၊ ငွေမကုန်ချင်တာရယ် .. ၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြား ထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်
မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီး နေရာထားပြီး နှစ်ယောက်ရောင်း.. ၊ သုံးယောက်ရောင်း ဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူက အနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင် လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်.. ။ တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ် .. ။
( အစိုးရရဲ့ စည်းမျဉ်း ဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့ မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ.. ။ )
�� အိုးအိမ်ဌာနက ပိုင်တဲ့ တိုက်ခန်းတွေမှာတော့ အမည်ပေါက် စာအုပ် ထုတ်ပေးထားပါတယ်.. ။ အမည်ပေါက် ဖောက်ချင်ရင်
အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်.. ။ တစ်ချို့လည်း အမည်ပေါက် မပြောင်းပဲ စာချုပ် အဆက်ဆက်နဲ့ ဆက်ဝယ် သွားကြတာလည်း ရှိပါတယ်.. ။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ် ထိုးပေးဖို့ မလိုပါဘူး.. ။
ဌာနမှာ အမည်ပေါက် စစ်ဆေးလို့ ရပါတယ်.. ။
�� ကန်ထရိုက် တိုက်ခန်းနဲ့ အိုးအိမ် တိုက်ခန်းလို့ ( ၂ ) မျိူး ရှိရာမှာ ကန်ထရိုက် တိုက်ခန်း ဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ
လိုပါတယ်.. ။ အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ် မထိုးချင်ရင် ဖြစ်ဖြစ်.. ၊ မြေရှင်က လက်မှတ် ထိုးမပေးရင် ဖြစ်ဖြစ် .. ရာဖြတ်နူန်း အတိုင်း အခွန်ဆောင်ပြီး အမည်ပေါက် ဖောက်လို့ ရပါတယ်.. ။ အစိုးရဆီမှာ တရားဝင် အမည်ပေါက်
ပြီးသား တိုက်ခန်းဆိုရင် မြေရှင်လက်မှတ် မလိုပါဘူး.. ။
�� ( ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းထားတယ် ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်.. ။
တကယ့် တစ်ခါမှ တစ်ခါပါပဲ.. ။ မိသားစု အမွေ အရှုပ်အရှင်း ရှိလို့ လို့ သိရပါတယ်.. ။ )
�� ငွေကုန်ကြေးကျ ပိုများတာ.. ၊ အလုပ်ပိုတာ ရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား.. ၊ အမည်ပေါက်ပဲ ဖောက်မလား
ဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက် ဖြစ်တယ် ဆိုတာ ဖော်ပြလိုက်ပါတယ်
ကူးယူ ဖော်ပြပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...