တိုက်ခန်း အရာင်းအဝယ် တွေမှာ ပြောပြော နေကြတဲ့ ဒါဘာနဲ့ မှန်ခန်းက အမှန်တကယ်

တိုက်ခန်း အရာင်းအဝယ် တွေမှာ ပြောပြော နေကြတဲ့ ဒါဘာနဲ့
မှန်ခန်းက အမှန်တကယ် တရားရောဝင် ရဲ့လား တရားဥပဒေ အရကြည့်ရင်
ဒါဘာနဲ့ မှန်ခန်းက တရားမဝင်ပါဘူး ဘာကြောင့်လဲ ဆိုတော့
ပုံမှန် အချိန်တွေမှာ ဆိုရင် ဒါဘာနဲ့ မှန်ခန်း အရောင်း အဝယ် တွေမှာ တရားဝင်ခြင်း ၊
မဝင်ခြင်း ဆိုတာက အရေးကြီး ကိစ္စရပ် တစ်ခုတော့ မဟုတ်ပါဘူး ဒါပေမယ့်
အမှုကိစ္စ တစ်ခုခုနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ ဆိုရင်တော့ ကိုယ့်ရဲ့ စည်းစိမ် ဆုံးရှုံး ရတဲ့အထိ
ဖြစ်နိုင်ပါတယ် တကယ်တော့ ပထမထပ် မှန်ခန်းတို့ ဒါဘာတို့ ဆိုတာကို
ပထမထပ်တို့ အပေါ်ဆုံး ထပ်တို့ ပြောလို့ မရပါဘူးရှင့် မှန်ခန်းဟာ မှန်ခန်းပါပဲ
အမြင့်ပေလည်း မပြည့် တဲ့အပြင် တရားလည်း မဝင်ပါဘူး ဒါဆို ဘာလို့ အရောင်းအဝယ်
လုပ်လို့ ရနေတာလဲ ဘာကြောင့်လဲ ဆိုတော့ တိုက်ခန်းရဲ့ တရားဝင် အခန်းတွေနဲ့
တွဲဆောက် ထားတာ ဖြစ်လို့ တိုက်ခန်း ရှိနေ သမျှတော့ ပိုင်ဆိုင်မှု ခိုင်မာပြီး
ရောင်းလို့ ဝယ်လို့ ရတယ်လို့ သတ်မှတ် လိုက်ကြတာ ကြောင့်ပါ
စည်ပင်ဆီမှာ ဆောက်လုပ်ခွင့် တင်ပြီးတော့ ကန်ထရိုက် ဆောက်တဲ့ အချိန်မှာ ပိုင်ရှင်က
( ၁၂ ) ခန်းနှင့် တင်ထား တယ်ဆိုရင် အဲဒီ ( ၁၂ )ခန်းကပဲ တကယ်တမ်း တရားဝင်တာပါ
စည်ပင်ဆီမှာ ဆောက်လုပ် ခွင့်တင်တုန်းက မြေညီထပ်ကို ထပ်ခိုး ထည့်ထားပြီး
စည်ပင်ဆီက စာရွက် စာတမ်းတွေ အစုံကျပြီးတဲ့ အခါမှ မြေညီထပ်က ထပ်ခိုးကို တက်တဲ့
လှေခါး ကိုဖျက် ၊ ထပ်ခိုးကို စလစ် အပြည့်လောင်း ၊
ဘေးက တံခါး ထည့်ပြီး အထပ် တစ်ထပ် အနေနှင့် မှန်ခန်းဆိုပြီး ပြန်ထည့် ထားတာပါ
ဒါက တရားမဝင် ရခြင်း အကြောင်းအရင်းရဲ့ အဓိက အချက် တစ်ချက်လည်း ဖြစ်ပါတယ်
ဒါ ဘာဆိုလို တာကလည်း ထိုနည်း အတိုင်းပါပဲ တစ်တိုက်လုံးရဲ့ အပေါ်ဆုံး အပိုလွှာ
အပန်းဖြေတဲ့ နေရာ Penthouse သာသာပါ အပေါ်ဆုံး အထပ်လို့ ပြောလို့ မရသလို
တစ်မိုးအောက် တို့လည်း ပြောလို့ မရပါဘူး ဘေးကို အုတ်နဲ့ကာပြီး
ပြတင်း ပေါက်တွေ သေချာထည့် ၊ မှန်တွေကို ဖြုတ်ပြီး ဝရံတာနဲ့
သံပန်းတွေပါ ထည့်ထား တဲ့အတွက် တရားလည်း မဝင်ပါဘူး
သေချာ သတိမထားမိပဲ ကြည့်လိုက်ရင် မှန်ခန်းကို ပထမထပ်လို့ပဲ
ထင်တတ် ကြပါတယ် ဒါပေမယ့် တိုက်အရှေ့က သေချာကြည့်ရင် အမြင့်ပေလည်း
အခြား အပေါ်က အခန်းတွေနဲ့ မတူသလို ပုံစံကလည်း အခြားအပေါ်က အခန်းတွေနှင့်
တူမှာ မဟုတ်ပါဘူး ဒါဘာဆို လိုလည်း ရုတ်တရက် ဆိုရင် တမိုးအောက်နဲ့ ခွဲရခက် ပါတယ်
အချို့ ရောင်းသူ တွေက ပွင့်ပွင့် လင်းလင်း ပြောရောင်း ကြပေမယ့် အချို့က မသိသလိုနဲ့
ရောင်းနေတာ တွေလည်း ရှိတာမို့ မိတ်ဆွေ ဝယ်သူတွေ ဗဟုသုတ ရအောင် မျှဝေ ပေးလိုက် ရတာပဲ ဖြစ်ပါတယ်
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...