ဒီ တစ်ခေါက် မှာတော့ ပါမစ် မြေကွက် ဝယ်ယူ ထားသူများ အနေဖြင့် မိမိအမည် ဂရန်မပြောင်းခင် တခြား မသမာသူများ

ဒီ တစ်ခေါက် မှာတော့ ပါမစ် မြေကွက် ဝယ်ယူ ထားသူများ အနေဖြင့် မိမိအမည် ဂရန်မပြောင်းခင် တခြား မသမာသူများ
ပါမစ် မိတ္တူနဲ့ ဂရန်လျှောက် မရအောင် ကန့်ကွက် လျှောက်ထားမှု ပုံစံလေး ပြောပြ ချင်ပါတယ် ။ ကြိုတင် ကန့်ကွက် လျှောက်ထားချင်တယ် ဆိုရင်တော့ ဌာနမှူး ၊ မြို့ပြ စီမံမံ ခန့်ခွဲ မှုဌာန ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လိပ်မူပြီး မိမိ ဝယ်ယူ ပိုင်ဆိုင်ထားတဲ့ မြေအား မည့်သည့် ရက်နေ့တွင် မိမိဝယ်ယူ ပိုင်ဆိုင် ထားကြောင်း နှင့်သည့် အတွက်ကြောင့် အဆိုပါမြေနှင့် စပ်လျဉ်း၍ အခြားသူတစ်ဦး တစ်ယောက်မှ လျှောက်ထားမှု တစ်စုံတစ်ရာ ပြုလုပ် လျှောက်ထား လာပါက ခွင့်ပြုခြင်း မပြုရန်ဟု လက်မှတ် ရေးထိုးလျှောက်ထား နိုင်သည် ။
အဆိုပါ လျှောက်လွှာ နှင့်အတူ ပိုင်ဆိုင်မှု စာရွက်စာတမ်း မိတ္တူများနှင့် လျှောက်ထား သူ၏ မှတ်ပုံတင် မိတ္တူပူး တွဲ၍ ရုံး၌ မူရင်းများပြသ ရပါမည် ။ ထို့နောက် တိုက်ဆိုင် စစ်ဆေးမှုများ ပြုပြီး ဌာနမှူးနှင့် တွေ့ဆုံ၍ ခွင့်ပြုချက် ယူရပါမည် ။ ခွင့်ပြုချက် ရပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ စာဝင်စာထွက် ဌာနမှာ လျှောက်လွှာနှင့် ပူးတွဲ စာရွက်စာ တမ်းများ တင်သွင်း ခဲ့ရုံပါပဲ ။
စာဝင် စာထွက်မှ ပြောဆို လိုက်သော စာဝင် အမှတ်လေး ကိုလည်း သေသေချာချာ မှတ်သား ထားဖို့ လိုကြောင်း သတိပေး လိုက်ပါရစေ ။ သို့မှသာ နောင်တစ်ချိန် အဆိုပါ ကန့်ကွက်မှုအား ဖျက်သိမ်း သည်ဖြစ်စေ ၊ စုံစမ်းမှု ပြုလုပ်သည် ဖြစ်စေ ထိုအဝင်စာ အမှတ်ပြောခြင်းဖြင့် လွယ်ကူစွာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ် ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...