အမှန် အရောင်းအဝယ် စာချုပ်လား ၊ဟန်ဆောင် စာချုပ်လား ခွဲခြား သုံးသပ်ခြင်း။
အမှန် အရောင်းအဝယ် စာချုပ်လား ၊ ဟန်ဆောင်စာချုပ် လား
ခွဲခြား သုံးသပ်ခြင်း ။
စာချုပ်တစ်ခုသည် အမှန်တစ်ကယ် အရောင်းအဝယ်ပြုရန်
ရည်ရွယ်ချုပ်ဆိုသော ကတိစာချုပ် လား - သို့မဟုတ် -
ချေးငွေ အတွက် ဟန်ဆောင် ချုပ်ဆိုသော ကတိစာချုပ်
ဖြစ်သလား ဆိုသည့် အချက်ကို စာချုပ်ပါ စာသား နှင့်
စာချုပ် ချုပ်ဆိုရာ၌ ပါဝင်သူတို့၏ ထွက်ဆိုများကို
ထည့်သွင်း သုံးသပ်ရမည် ဖြစ်ပါသည် ။
အောက်ပါ အချက်အလက်များကို အလေးအနက်ထား၍
ခွဲခြားသုံးသပ် ရပါမည်။
အရောင်းအဝယ် ပြုသည့် အိမ်မြေကို သွားရောက် ကြည့်ရှုမှု
မရှိခြင်း ။
တန်ဖိုး ၊ စျေးနှုန်း ညှိနှိုင်း သတ်မှတ်မှု မရှိခြင်း ။
ရောင်းသူနှင့် ပတ်သက်သော အမွေစား အမွေခံ
ဇနီး ၊ သားသမီးများနှင့် တွေ့ဆုံမှု မရှိခြင်း ။
အရောင်းအဝယ်ကိစ္စကို တစ်ထိုင်တည်း သဘောတူညီခြင်း ။
ပိုင်ဆိုင်မှု အရှုပ်အရှင်း ရှိ မရှိ ထုတ်ဖော် သိရှိနိင်ရန် နေ့စဉ်ထုတ်
သတင်းစာများမှ ကန့်ကွက်ရန် ကြေညာမှု မရှိခြင်း ။
ဆောင်ရွက်အသုံးပြုရန် အကြောင်း မရှိဘဲ ၊ ကိုယ်စားလှယ်လွှဲစာများ
ရယူထားခြင်း ။
ကျမ်းကျိန်ဆိုချက် / ကတိသစ္စာပြုချက်များ ပြုလုပ်ရယူထားခြင်း ။
အရောင်းအဝယ် အပြီးသတ် စာချုပ် အဖြစ် တင်ပြသော်လည်း
ဝယ်ယူသူသည် အိမ်မြေ လက်ရောက်ရယူထားမှု မရှိခြင်း ။
ရောင်းသူအား အိမ်ငှား ၊ မြေငှား စာချုပ် ချုပ်ဆို၍ အငှားပြန်ချထားခြင်း ။
စာချုပ်ပါ သက်သေများ၏ ထွက်ဆိုချက်များနှင့် ရောင်းသူ ၊
ဝယ်သူဆိုသူတို့များ အပေါ် အလေးအနက် ထား၍ ကွဲလွဲမှု ၊
သဘာဝ ယုတ္တိကင်းမဲ့မှုများကို သုံးသပ်ခြင်း။
အမှန်အားဖြင့် လက်ရောက်ပေးအပ်ခြင်း မရှိဘဲ စာချုပ်ပါ
စည်းကမ်းချက်များတွင် လက်ရောက် ပေးထားသည်ဟု
ဖေါ်ပြချုပ်ဆို ထားခြင်း ။
အရောင်းအဝယ် ပြုသည့် အိမ်မြေကို လက်ရောက် မပေးဘဲ
ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို လက်ဝယ် ရယူထားခြင်း ။
အသင့် စာစီစာရိုက် ပြုထားသည့် စာချုပ်ဖြင့် အချက်အလက်များကို
ကွက်လပ်တွင် လက်ရေးများဖြင့် ရေးသားဖြည့်သွင်းထားရာတွင်
လက်ရေးများ ကွဲလွဲနေခြင်း ။
အထက်ပါ အချက်အလက်များ အပေါ် ခွဲခြားသုံးသပ်ခြင်းဖြင့်
- အမှန် အရောင်းအဝယ် ပြုသည့် စာချုပ်လား ၊
ဟန်ဆောင်စာချုပ်လား ဆိုသည်ကို ခွဲခြားသိရှိနိင်ပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...