ကျွန်တော့် မိဘတွေ မြေဝယ် ထားတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပါပြီ ။ စလစ်နဲ့ မူရင်းတွေ ပျောက်ဆုံး နေပါတယ် ။ ကျွန်တော့် မိခင် ပိုင်ဆိုင်ကြောင်း ကိုတော့ ပတ်ဝန်း ကျင်က အားလုံး သိကြပါတယ် ။ ဂရန် အမည်ပေါက် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ၊ ဘယ်လို စာရွက် စာတမ်းတွေ လိုမလဲဆိုတာကို သိပါရစေ ခင်ဗျား ။

ကျွန်တော့် မိဘတွေ မြေဝယ် ထားတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပါပြီ ။ စလစ်နဲ့  မူရင်းတွေ ပျောက်ဆုံး နေပါတယ် ။ ကျွန်တော့် မိခင် ပိုင်ဆိုင်ကြောင်း ကိုတော့ ပတ်ဝန်း ကျင်က အားလုံး သိကြပါတယ် ။ ဂရန် အမည်ပေါက် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ၊ ဘယ်လို စာရွက် စာတမ်းတွေ လိုမလဲဆိုတာကို သိပါရစေ ခင်ဗျား ။

ကျွန်တော့် မိဘတွေ မြေဝယ် ထားတာ နှစ်ပေါင်း ၂၀ ကျော်ရှိ နေပါပြီ ။ စလစ်နဲ့  မူရင်းတွေ 

ပျောက်ဆုံး နေပါတယ် ။ ကျွန်တော့် မိခင် ပိုင်ဆိုင် ကြောင်းကိုတော့ ပတ်ဝန်းကျင်က 

အားလုံး သိကြပါတယ် ။ ဂရန် အမည် ပေါက် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ၊ ဘယ်လို 

စာရွက် စာတမ်း တွေလိုမလဲ ဆိုတာကို သိပါရစေ ခင်ဗျား ။

 

=====================

 

 စလစ်ပေး မြေကို ဝယ်ယူ ထားရာမှ စလစ် ပျောက်ဆုံး နေသဖြင့် မြေဂရန် လျှောက်ထား 

လိုသည့် အတွက် မေးမြန်း လာသည်ဟု ထင်မြင် မိပါသည် ။ စလစ် ပျောက်ဆုံး 

သော်လည်း ဝယ်ယူ ထားသည့် အရပ်စာချုပ် ပျောက် ဆုံးခြင်း ရှိ ၊ မရှိ ဖေါ်ပြမထားပါ ။ 

သို့အတွက် စာချုပ် လက်ဝယ်ရှိ သေးသည် ဟု ယူဆချက်ဖြင့် ဖြေပါမည် ။ ဝယ် ယူထားသည့် 

စလစ် ( ပါမစ် ) ပျောက်ဆုံး ခြင်းနှင့် စပ်လျှဉ်း၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေး 

ကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေစီမံ ခန့်ခွဲမှု ဌာနတွင် စလစ် ပျောက်ဆုံး ခြင်းအတွက် မြေငှားဂရန် 

လျှောက် ထားရန် သတ် မှတ်သည့် လျှောက်လွှာ ပုံစံကို ဝယ်ယူ နိုင်ပါသည် ။ ထို့နောက် 

စလစ်မူရင်း ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ ၊ စလစ်ချ ထားပေးခြင်း  ခဲရသည့်  မြို့နယ်ရဲစခန်း ၊ 

ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့၏ စလစ် ပျောက်ဆုံး ကြောင်း သတင်းပို့ ထားကြောင်း 

ထောက်ခံစာများ ၊ စလစ် ပျောက်ဆုံး ကြောင်း ကိုယ်တိုင်ရေး ခံဝန်ကတိ တင်ပြချက် ၊ နိုင်ငံသား 

စိစစ်ရေး ကဒ်ပြားမိတ္တူ တို့နှင့်အတူ ပူးတွဲ လျှောက်ထား နိုင်သည် ဖြစ်ပါကြောင်း 

ဖြေကြား အပ်ပါသည် ။

 

#ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate