မြေကွက် ပုံစံပေါ် မူတည်ပြီး ဧက တွက်နည်း
မြေကွက် ပုံစံပေါ် မူတည်ပြီး ဧက တွက်နည်း
============================
မြေဧကကို ဘယ်လို တွက်ရသလဲ ခဏခဏ မေးလာလို့
အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို
ဖော်ပြလိုက် ပါတယ် ။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကို ကြည့်၍ ဧက
တွက်နိုင်ပါသည်။
လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
======================
၂၀၈.၇၁' × ၂၀၈.၇၁' ÷ ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက
နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက
===================
(လ x န)' ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
(၄၀'×၆၀') ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၁၀၀') ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက
နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
========================
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက
တြိဂံပုံစံဖြစ်ပါက
===========
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
ထောင့်မှန် တြိဂံပုံစံဖြစ်ပါက
===================
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ: ၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
စက်ဝိုင်းပုံစံဖြစ်ပါက
==============
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = .... ဧက
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ... ဧက
( ပုံသေမြှောက်ကိန်း .၇၈၅၄ )
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက်
၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )
ဥပမာ:
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက
အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာ ပါသော
ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်
ပြီးတွက်၊ ရလာဒ် အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား
(၁ ဧက = ၄၃၅၆၀ စတုရန်းပေ)
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...