မိဘမသေခင်မှာအမွေတွေကိုကိုယ်ပေးချင်တဲ့သားသမီးကိုပေးလိုရပါသလား
12-Aug-21
မေတ္တာဖြင့်ပေးကမ်းခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ ။ ဗုဒ္ဒဘာသာအရ မိဘမသေခင် အမွေပေးလို့ရ၊မရ။အမွေပေးရာမှာ ကိုယ်ပေးချင်တဲ့သားသမီးကိုပေးလို့ရ၊မရ ။ ပေးလို့ရမယ်ရင် ဘယ်လိုပေးရမလဲ ။ ကျန်တဲ့ သားသမီးတွေက ကန့်ကွက်လို့ရ၊မရ သိချင်ပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘကသားသမီးကို သူ့ပိုင်တဲ့ပစ္စည်းကို ကြိုက်တဲ့သားသမီးကို ကြိုက်တဲ့ သားသမီးကို ပေးလို့ရတယ်။
ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းဘဲဖြစ်ဖြစ်၊ မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းဘဲဖြစ်ဖြစ် ပေးလို့ ရတယ်၊အဲ့ဒီလိုပေးတာကိုလည်း ကျန်သားသမီးတွေက ကန့်ကွက်နိုင်ခွင့်မရှိဘူး။
ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်။
ဘာပြဿနာလဲဆိုတော့ .. ။
ဆိုကြပါစို့
သားသမီးသုံးယောက်ရှိတယ် ..သုံးယောက်ရှိတဲ့ထဲကမှ မိဘက ဒီ အငယ်ဆုံးလေးကို ချစ်လို့ဆိုလို့ .. ရှိသမျှ အိမ်ခြံမြေတိုက်တွေကို အဲ့ဒီအငယ်ဆုံးကို ပေးလိုက်တယ်။ တရားဝင် ပေးတာပေါ့ ။
စာချုပ်စာတမ်းနဲ့မှတ်ပုံတင်ပြီးပေးတာပေါ့ ။အဲ့အချိန်အထိ ဘယ်သူမှကန့်ကွက်လို့မရဘူး ။
ဘယ် အချိန်မှာပြဿနာတက်လဲဆိုတော့ မိဘတွေကွယ်လွန်ပြီး အဖေလည်း မရှိတော့ဘူး ၊ အမေလည်းမရှိတော့ဘူး ။ ကွယ်လွန်သွားတဲ့အခါ မိဘရဲ့အမွေတွေကို ကျန်တဲ့နှစ်ယောက်က တစိုးတစိမှမရတော့ဘူးဆိုရင် အဲ့ဒီပေး ကမ်းခြင်းဟာ ဥပဒေအရ အလိုလိုပျက်ပြယ်တယ်။ ဒါနဲ့ပတ်သက်လို့ကလည်း ဒေါ်ခင်ခင်ထွေး ပါ ၅ ။ ဒေါ်ခင်ခင် လေးပါ ၄ တို့ပေါ့ ။ ၁၉၆၄ခု မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၅၅၉ အမှုစစ်တုန်းက အဲ့ဒီအတိုင်းဆိုထားတာ။
ဒါ ကြောင့်မို့လို့ သူက ကျန်တဲ့သားသမီးလေးတွေက အထိုက်အလျောက် .. ဥပမာ ကားရချင်ရင်ရမယ်၊ လက်ဝတ် ရတနာရချင်ရင်ရမယ် ပေါ့ကွယ။် အချိုးညီမျှချင်မှ ညီမျှမယ် ပေါ့ ။ ဒီလိုဆိုရင်တော့ ပေးတာမပျက်ဘူး။ ဘယ် အခါ ပျက်သလဲ ။ ကျန်တဲ့နှစ်ယောက်က ဘာမှမရဘူး ။အဲ့ဒီလို ဘာမှမရသွားဘူးဆိုရင် စာချုပ်စာတမ်းနဲ့ ဘဲဖြစ် ဖြစ် တရားဝင်ဘဲဖြစ်ဖြစ် ..give ပေါ့။ ပေးကမ်းခြင်းအရ ပေးလိုက်တဲ့ ပေးခြင်းသည် ဥပဒေ အရဖျက်သိမ်းစရာ တောင်မလိုဘူး ။ အလိုလိုပျက်တယ် ။ ဒါလေးကတော့ သတိပြုရမယ် အရာပါဘဲ ။