ကလောရွာ မြင်းက အင်းပြင် မြင်းတိုက် ကြေးကုန်း မြင်းမထိ နန်းအွန် စတဲ့ရွာ

ကလောရွာ မြင်းက အင်းပြင် မြင်းတိုက် ကြေးကုန်း မြင်းမထိ နန်းအွန် စတဲ့ရွာ

ကလောအနီးတစ်ဝိုက်က ရွာတွေဖြစ်တဲ့
       မြင်းက၊အင်းပြင်၊မြင်းတိုက်၊ကြေးကုန်း၊ 
မြင်းမထိ၊နန်းအွန် စတဲ့ ပြည်ထောင်စုလမ်းမ
ကြီးနှင့်နီးတဲ့ ရွာတွေကမြေတွေကိုလည်း 
ကလောမြို့ကို တိုးချဲ့လာတဲ့သူတွေ မြေဝယ်
ရောင်းလုပ်တဲ့သူတွေလည်း စိတ်ဝင်စားလို့
လာပါတယ်။


 မြင်းကနှင့် အင်းပြင်ဆိုရင်တော့ (10)နှစ်ဂရန်၊
ရွာဂရန်တွေရှိပြီးတော့ မြင်းတိုက်၊ကြေးကုန်း၊
မြင်းမထိ၊နန်းအွန်ကတော့ရွာမြေတွေ ဖြစ်ပါတယ်။
ပုံစံ(၇)မြေတွေလည်း ရှိပြီး၊ပြည်ထောင်စုမိန်း
လမ်းဘေးကပုံစံ(၇)တွေဆိုရင် စျေးတန်းမြင့်
တဲ့ထဲမှာ ရှိနေပါတယ်။


အများဆုံးအရောင်းအဝယ်လုပ်ကြတာကတော့ 
ရွာမြေတွေပါ။ရွာမြေဆိုတာက ကလောမြို့ပေါ်
မှာရှိတဲ့ 105 တို့၊ဂရန်မြေတို့လိုမျိုး တစ်ကွက်ချင်း
တိုင်းတာပုံထုတ်ထားတာမျိုး  မြေစရင်းရုံး
မှာမရှိပါဘူး။


ကျေးရွာနယ်နိမိတ်ဧရိယာအတွင်းမှာ ရှိပြီး 
တိုင်းတာထားတဲ့ မြေတွေကသာ ရွာမြေစစ်
စစ်ဖြစ်ပါတယ်။


သတိထားရမှာက ပုံစံ(၇)ကို ရွာမြေအမှတ်နဲ့ 
ဝယ်ယူမိမှာပဲဖြစ်ပါတယ်။
ရွာမြေရဲ့ အားသာချက်တွေကတော့ 
 (1) Budget ရှိရင်ရှိသလို  ကြိုက်သလောက်
     အိမ်ဆောက်လို့ရတယ်။
 (2) စီးပွားရေးလုပ်လို့ရတယ်။
 (3) ရောင်းလို့ရတယ်၊ဝယ်လို့ရတယ်။
စတဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။


ခေတ်အဆက်ဆက် ဘိုးဘေးတွေ လက်ဆင့်
ကမ်းလာခဲ့တဲ့ရွာမြေတွေကို ဝယ်ယူတဲ့အခါမှာ 
အရောင်းအဝယ်စာချုပ်ဖြင့် ခိုင်မာစွာချုပ်ဆို
ဝယ်ယူကြပါတယ်။


ရွာမြေတွေကို အရောင်းအဝယ်ပြုလုပ်တဲ့အခါ
" ရွာမြေကို ဝယ်ယူမယ်ဆိုရင် ကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့်အတူ နှစ်ဦးသဘောတူ 
အိမ် ခြံ မြေ အရောင်းအဝယ်ကတိစာချုပ်နဲ့
ဝယ်ယူလို့ရပါတယ်။ ဂရန်မြေတွေ ၊ဘိုးဘွားပိုင်
မြေတွေ ဝယ်ယူတာလိုမျိုး မှတ်ပုံတင်ရုံးမှာ 
မှတ်ပုံတင်ရတဲ့ မှတ်ပုံတင်စာချုပ်တော့ 
လုပ်လို့မရပါဘူး။


ပြောချင်တာက မြို့မြေတွေလိုမျိုး ကွက်စိတ် 
ကွက်ကြဲတိုင်းတာပြီး မြေပုံထုတ်ထားတာမျိုး 
မရှိတာပါ။အကြောင်းကတော့ ခေတ်အဆက်
ဆက် ရွာမြေတွေကို အခွန်ကင်းလွတ်ခွင့် 
ပေးထားပြီးရွာရဲ့ နယ်နိမိတ် အကျယ်အဝန်းကို
သာ ရေးဆွဲထားခဲ့ကြခြင်းကြောင့်ဖြစ်ပါတယ်။
ရွာမြေရဲ့ အကျိုးခံစားခွင့်အနေနဲ့ကတော့
တရားဝင်အခွန်ကင်းလွတ်ခွင့်
ရရှိခြင်းဖြစ်ပါတယ်။


⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️
လေးစားစွာဖြင့် - နေမင်းထွန်း

👉 သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ 👈

#ရွာမြေ #အိမ်ခြံမြေ

Related Posts

Unique Boulder-Embedded Land

Unique Boulder-Embedded Land

အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!