မလုပ်သင့်ဘူးလို့တော့ ထင်ပါတယ်ဗျာ စိတ်မကောင်းစွာနဲ့ Decline လုပ်လိုက်ရတဲ့ ပိုစ့်တွေအတွက်ပါ။

မလုပ်သင့်ဘူးလို့တော့
ထင်ပါတယ်ဗျာ
စိတ်မကောင်းစွာနဲ့ Decline
လုပ်လိုက်ရတဲ့ ပိုစ့်တွေအတွက်ပါ။
ဂျာနတ်မှ ရောင်းသူ ဝယ်သူ
အဆင်ပြေအောင် လုပ်ထားတဲ့
ကလော အိမ်ခြံမြေGroup တွေမှာ -
ဝယ်သူကနေပြီးပိုင်ရှင်တွေ့ပေးခဲ့ပေမယ့်
ကျော်ခွပြီး ဝယ်ယူခဲ့တဲ့ အကြောင်းကို
ဖုန်းပြောခဲ့တဲ့အသံ record နဲ့အတူ
တင်လာတဲ့တစ်ဖက်ကအကျိုး
ဆောင်ကို ကျွန်တော်တို့ဘက်ကနေ
Approve မပေးခဲ့မိပါဘူး။
ဒေါသထွက်နေချိန်မှာ ချက်ချင်း
Action မယူမိစေဖို့တော့ အကြံပြုပါတယ်။
အကျိုးဆောင်ဆိုကတည်းက
နာမည်တစ်လုံးနဲ့
အလုပ်လုပ်ရတာမဟုတ်လား…
စာနာပါတယ်ဗျာ…
အကျိုးဆောင်တွေအားလုံးက
အချိန်ကုန်ခံပြီး နောက်ကွယ်က
လုပ်ရတဲ့အချက်တွေအများကြီးရှိပါတယ်။
အကျိုးဆောင်ခဆိုတာကကလည်း
ရောင်းတဲ့သူက ပေးရတာပါ။
အကျိုးဆောင်နဲ့ စိတ်ကြိုက်ကြည့်ပြီးမှ -
အကျိုးဆောင်ကိုချန်ပြီး ဝယ်တာတို့၊
ပိုင်ရှင်စုံစမ်းပြီး ကိုယ့်ဘာသာကိုယ်
ဝင်ဝယ်ယူလိုက်တော့ကော ဘယ်လောက်များ
ချွေတာမိသွားလို့လည်း။
ပွဲခပဲမဟုတ်လား…?
တချို့မြေရှင်တွေက ပွဲစားမပါလို့
စျေးဒီလောက်လျှော့ပေးလိုက်မယ်
ဆိုပြီးပြောရင်သေချာစဉ်းစားဖို့တော့လိုပြီ။
ပွဲခလောက်ပဲလျှော့တာလား ဘာလားပေါ့…
အများအားဖြင့်တွေ့ဖူးတာတော့
အကျိုးဆောင်ကိုပြောထားတဲ့ နောက်ဆုံး
စျေးထက် ပိုပေးပြီး ဝယ်မိသွားကြတာ
များတယ်ဗျ။
သေချာတာကတော့ အကျိုးဆောင်မပါလို့
အရှုံးခံပြီးလျှော့ရောင်းမှာတော့မဟုတ်ဘူးလေ…
ပွဲခအတွက်ကြည်ဖြူလို့ သူတို့ကိုယ်တိုင်
အကျိုးဆောင်ကိုအပ်ထားတာဆိုတာ
လည်းမမေ့သင့်ပါ။
တချို့ဝယ်သူက ကျော်ပြီးဝယ်တော့
ရောင်းသူက ငွေလိုလို့သာ
ဘာမှမပြောပဲရောင်းလိုက်တာ…
အရောင်းအဝယ်ပြီးတဲ့အချိန်မှာ
ပွဲခကို သပ်သပ်ခေါ်ပြီးပေးတဲ့
သဘောထားပြည့်ဝတဲ့ အိမ်ရှင်လည်း
ရှိပါသေးတယ်ဗျာ… (တချို့လို့ပြောပါတယ်)
အဲဒီတော့ နေရင်ထိုင်ရင်းနဲ့ ဘယ်သူက
ဘာဆုံးရှုံးသွားသလဲ ဆိုတာစဉ်းစား
သာကြည့်ပေတော့…
ခင်ဗျားတို့လည်း ဝယ်ပြီး ဒီမြေက
ဒီနေရာမှာပဲရှိနေတယ်ဆိုတာလည်း
ထည့်စဉ်းစားအုန်းမှပေါ့…
ကိုယ့်ပိုင်ဆိုင်မှု့ကြီးရှိတဲ့နေရာမှာ
အသိမိတ်ဆွေများများရှိတာက
ပိုပြီးကောင်းတာမဟုတ်လားဗျာ…
ငွေချေပြီးချိန်မှာ ရောင်းပြီးသွားရင်ပြီးပြီ
ဆိုတဲ့ပိုင်ရှင်က ခပ်များများရယ်၊
ဝယ်ယူမယ့် ခြံကွက်က မြေပိုင်ဆိုင်
မှု့ ခိုင်မာနေတယ်ဆိုရင်တော့
ကောင်းတာပေါ့မတော်တဆ
အရှုပ်အရှင်းလေး နဲနဲရှိလိုက်
တာနဲ့ ဝယ်မိတဲ့ သူပဲ တိုင်ပတ်
သွားနိုင်ပါတယ်။
အကျိုးဆောင်နှင့် ဝယ်ယူရင်တော့
ဒါတွေကိုညှိနှိုင်းတိုင်ပင် ဆွေးနွေး
လို့လည်း ရသလိုအကျိုးဆောင်များက
ဝယ်ယူတဲ့တစ်လျှောက် ကိစ္စတိုင်းကို
လိုက်ပါဆောင်ရွက်ပေးတဲ့ အပြင်
ဝယ်ပြီးနောက်ပိုင်းအတွက်လည်း
လိုအပ်တဲ့ကြည့်ရှု့စောင့်ရှောက်မှု့လည်း
ရပြီးသားပေါ့…
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
လေးစားစွာဖြင့်
နေမင်းထွန်း
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...