“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ။”

“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က
ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ။”
အကျိုးဆောင်တော်တော်များများဟာ
အကျိုးဆောင်ခ(ခေါ်)ပွဲခ ရရှိကြတဲ့အခါမှာ
အခြား သာမန်လူတွေ တစ်လလောက်လုပ်မှ
ရတဲ့ငွေကြေးကို တစ်ရက်ထဲနဲ့ ရရှိသွားတတ်
ကြပါတယ်။ (အားလုံးကို မဆိုလိုသည့်အတွက်
နားလည်ပြီးဖတ်ရှု့ပေးပါ)။
တစ်ရက်ထဲနဲ့ ရသွားတာကို အကြောင်းပြုပြီး
ဘေးကနေမြင်ကြရတဲ့လူတစ်ချို့ဟာ
“ အကျိုးဆောင်တွေ၊ပွဲစားတွေက ဘာမှမဟုတ်ဘူး၊
ရောင်းသူဝယ်သူနှစ်ဦးတည်းဆို ရနေပြီ”အစရှိသဖြင့်
ပြောဆိုကြကာ(ဒီထက်ပိုဆိုးတဲ့ ပြောဆိုမှု့တွေရှိပေမယ့်
စာဖတ်သူ ပရိသတ်များကိုလေးစားသည့်အတွက် ထည့်
မရေးတော့ပါ) တစ်ရက်ထဲနဲ့ မရသင့်တဲ့ငွေတွေလို့
မြင်ကြတယ်နှင့်တူပါတယ်။
နောက်ကွယ်က လုပ်ရတဲ့အလုပ်ကို မမြင်ကြတာ
ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပြောနေတယ်ဆိုပြီး
ခွင့်လွတ်ပေးလို့ရပါတယ်။(သဘောထားကြီးစွာနဲ့ပေါ့)
အမှန်တကယ် အကျိုးဆောင်အလုပ်ကို
စိတ်ဝင်စားစွာနဲ့ လုပ်ကိုင်နေတဲ့
အကျိုးဆောင်တော်တော်များများဟာ
သည်းခံစွမ်းအားတွေ၊တစ်ခါတစ်လေကျ
တော့လည်း မခံမရပ်နိုင်လို့ ပေါက်ကွဲခဲ့ရတဲ့
ဖြစ်ရပ်တွေလည်း ရှိခဲ့ကြမှာပါပဲ။
အကျိုးဆောင်တွေ ပွဲဖြစ်တဲ့အခါ
ပိုက်ဆံထုတ်ပိုက်ပြီး ရသွားတာကို
မြင်တွေ့ကြရတဲ့ ဘေးကလူတစ်ချို့
တွေကတော့ ဘာအကျိုးဆောင်လိုင်စင်
မှ မကိုင်ဆောင်ဘဲ တစ်ခဏမှာတင်
အကျိုးဆောင်၊ပွဲစားဖြစ်သွားကြတဲ့
သူတွေကလည်း နည်းမှမနည်းဘဲ။
အမှန်တကယ် စိတ်ပါဝင်စားစွာဖြင့်
အသက်မွေးဝမ်းကျောင်းအလုပ်လိုမျိုး
ဝါသနာပါစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြတဲ့
အကျိုးဆောင်တွေက
နောက်ကွယ်မှာ ကြိုးစားအားထုတ်တွေ
များစွာရှိပါတယ်။
အကျိုးဆောင်ဆိုတာ နာမ်မည်တစ်လုံးနဲ့
ရပ်တည်တာဖြစ်တဲ့အတွက်ကြောင့်
မိမိဆီဝယ်ယူတဲ့ ဝယ်သူတွေ အဝယ်မှန်အောင်
ဂရုစိုက်သလို နာမ်မည် မပျက်ဖို့လည်း အဓိကဦးစားပေး
ဆောင်ရွက်ရပါတယ်။
လေးစားစွာဖြင့်
ဂျာနတ်အိမ်ခြံမြေအကျိုးဆောင်
နေမင်းထွန်း
09781620225
Related Posts

Unique Boulder-Embedded Land
အရောင်းပိုစ့်မဟုတ်ပါ။Unique Boulder-Embedded Land အိမ်ခြံမြေနဲ့ပက်သက်ပြီး ၈၀ % သော လူတိုင်း သတိမထားမိသေးတဲ့ အချက်လေးတစ်ချက်ကို မျှဝေပါရစေခင်ဗျာ….အကယ်၍ မိတ်ဆွေက သိရှိနားလည်ပြီးသားဆိုရင်တော့ ၂၀ % ထဲပါနေလို့ သိပ်ထူးဆန်းမှု့မရှိနိုင်ပါ။ပမာ...

ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက် အနေဖြင့်....
ကလောမြို့ကိုယ်စား - ကလောသားတစ်ယောက်အနေဖြင့်....❤️ကလောကို ချစ်တဲ့သူ (သို့မဟုတ်) ရေရှည်နေခဲ့တဲ့သူတိုင်း အတွက် သတင်းကောင်း....ယခင်က ရေလည်းပေါ မီးလည်းမှန် ဆိုပြီး နာမည်ကြီးခဲ့လို့ ရပ်ကွက် ၃ သာဆိုရင် ဘယ်နားရရ အကွက်သေးဖြစ်နေပါစေ ပြေးပြီး ဝယ်ထားကြ...

စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာ ရမယ့်အချက်များ
စိတ်ဝင်စားမှု့တွေ တစ်ရှိုန်ထိုးမြင့်တက်နေတဲ့ရွာမြေကို ဝယ်မယ်ဆိုရင် သတိထားလိုက်နာရမယ့်အချက်များ**********************************(1) ရွာမြေ မှန်မမှန်ဆိုတာကို ကျေးရွာ အုတ်ချုပ်ရေးမှုးနှင့်အတူ သက်ဆိုင်ရာလူကြီးတွေနှင့် သေချာစီစစ်ပါ။(2)ရွာအနီးမှာဆို ပုံစံ...